ကမ္ဘာ​ဦး 39:1-11 Common Language Bible (BCL)

1. ဣ​ရှ​မေ​လ​အ​မျိုး​သား​တို့​သည်​ယော​သပ်​အား အီ​ဂျစ်​ပြည်​သို့​ခေါ်​ဆောင်​သွား​၍ ပြည့်​ရှင်​ဖာ​ရော ဘု​ရင်​၏​ကိုယ်​ရံ​တော်​တပ်​မှူး​ပေါ​တိ​ဖာ​ထံ​၌ ရောင်း​ကြ​၏။-

2. ထာ​ဝ​ရ​ဘု​ရား​သည်​ယော​သပ်​နှင့်​အ​တူ​ရှိ သ​ဖြင့်​သူ​သည်​ကြံ​စည်​လုပ်​ကိုင်​တိုင်း​အောင် မြင်​၏။ သူ​သည်​သူ​၏​သ​ခင်​အီ​ဂျစ်​အ​မျိုး သား​၏​အိမ်​တွင်​နေ​ထိုင်​လေ​သည်။-

3. ထာ​ဝ​ရ​ဘု​ရား​သည်​သူ​နှင့်​အ​တူ​ရှိ​၍​သူ​ပြု လေ​သ​မျှ​တို့​တွင် အောင်​မြင်​ကြောင်း​သူ​၏​သ​ခင် တွေ့​မြင်​ရ​သည်။-

4. ပေါ​တိ​ဖာ​သည်​ယော​သပ်​အား​ကျေ​နပ်​နှစ်​သက် သ​ဖြင့် သူ​၏​ကိုယ်​ရေး​ကိုယ်​တာ​မှူး​အ​ဖြစ်​ခန့် ထား​လျက် သူ​ပိုင်​ဆိုင်​သ​မျှ​ဥစ္စာ​ပစ္စည်း​နှင့်​အိမ် မှု​ကိစ္စ​တို့​ကို​အုပ်​ထိန်း​စေ​လေ​သည်။-

5. ထို​အ​ချိန်​မှ​အ​စ​ပြု​၍​ထာ​ဝ​ရ​ဘု​ရား​သည် ယော​သပ်​ကြောင့် ထို​အီ​ဂျစ်​အ​မျိုး​သား​၏​အိမ် ထောင်​ကို​လည်း​ကောင်း၊ သူ​၏​အိမ်​စီး​ပွား​နှင့်​လယ် ယာ​စီး​ပွား​တို့​ကို​လည်း​ကောင်း၊ ကောင်း​ချီး​ပေး တော်​မူ​၏။-

6. ပေါ​တိ​ဖာ​သည်​မိ​မိ​ပိုင်​သ​မျှ​ပစ္စည်း​အား​လုံး တို့​ကို​ယော​သပ်​လက်​သို့​လွှဲ​အပ်​ထား​၏။ သူ​စား သော​အ​စာ​မှ​လွဲ​၍​မည်​သည့်​အ​ရာ​၌​မျှ​ဝင် ရောက်​စွက်​ဖက်​ခြင်း​မ​ပြု​ချေ။

7. ယော​သပ်​သည်​ကိုယ်​လုံး​ကိုယ်​ပေါက်​ကောင်း​၍ လူ ချော​လူ​လှ​တစ်​ယောက်​ဖြစ်​ရ​ကား​ကာ​လ​အ​တန် ကြာ​သော​အ​ခါ သူ့​သ​ခင်​မ​သည်​ယော​သပ်​အား စွဲ​လန်း​လာ​သ​ဖြင့်​သူ​နှင့်​အ​တူ​အိပ်​ရန်​ဖြား ယောင်း​လေ​၏။-

8. သို့​ရာ​တွင်​ယော​သပ်​က​ငြင်း​ဆန်​လျက်``သ​ခင်​သည် ကျွန်​တော်​အား​အ​ရာ​ရာ​ကို​မျက်​နှာ​လွှဲ​အပ်​ထား ပါ​သည်။ သ​ခင်​ပိုင်​သ​မျှ​ဥစ္စာ​ပစ္စည်း​ကို​ထိန်း​သိမ်း ရန်​ကျွန်​တော်​အား​တာ​ဝန်​ပေး​အပ်​ထား​ပါ​သည်။-

9. ဤ​အိမ်​တွင်​သ​ခင်​၏​သြ​ဇာ​ညောင်း​ရ​သ​ကဲ့​သို့ ကျွန်​တော်​၏​သြ​ဇာ​လည်း​ညောင်း​ရ​ပါ​သည်။ သ​ခင်​သည်​သ​ခင်​မ​မှ​လွဲ​လျှင်​ကျွန်​တော်​၏ လက်​သို့​မ​အပ်​သော​အ​ရာ​ဟူ​၍​မ​ရှိ​ပါ။ သို့ ဖြစ်​၍​ကျွန်​တော်​သည်​အ​ဘယ်​သို့​လျှင် ဤ​မျှ ဆိုး​ယုတ်​သော​အ​မှု​ကို​ပြု​၍​ဘု​ရား​သ​ခင် ကို​ပြစ်​မှား​နိုင်​ပါ​မည်​နည်း'' ဟု​ပြော​လေ​၏။-

10. သ​ခင်​မ​သည်​ယော​သပ်​အား​နေ့​စဉ်​သွေး​ဆောင် သော်​လည်း​သူ​သည်​အ​မြဲ​ငြင်း​ဆန်​လေ​၏။

11. တစ်​နေ့​သ​၌​အ​ခြား​သော​အ​စေ​ခံ​တစ်​ယောက် မျှ​အိမ်​ထဲ​၌​မ​ရှိ​ခိုက် ယော​သပ်​သည်​မိ​မိ​အ​လုပ် တာ​ဝန်​ကို​ဆောင်​ရွက်​ရန်​အိမ်​ထဲ​သို့​ဝင်​ရောက် လာ​ရာ၊-

ကမ္ဘာ​ဦး 39