ကမ္ဘာ​ဦး 38:24-27 Common Language Bible (BCL)

24. သုံး​လ​ခန့်​ကြာ​လေ​သော်​တစ်​စုံ​တစ်​ယောက်​က ယု​ဒ​အား``သင်​၏​ချွေး​မ​တာ​မာ​သည်​ယောကျာ်း တစ်​ဦး​ဦး​နှင့်​ဖောက်​ပြန်​သ​ဖြင့် ယ​ခု​ကိုယ်​ဝန် ဆောင်​လျက်​ရှိ​လေ​ပြီ'' ဟု​ပြော​လေ​၏။ယု​ဒ​က``သူ့​ကို​အ​ပြင်​သို့​ထုတ်​၍​မီး​ရှို့ သတ်​စေ'' ဟု​စီ​ရင်​လေ​၏။

25. တာ​မာ​ကို​အ​ပြင်​သို့​ထုတ်​ဆောင်​လာ​ကြ​သော အ​ခါ​တာ​မာ​က``ကျွန်ုပ်​သည်​ဤ​ပစ္စည်း​များ​ကို ပိုင်​ဆိုင်​သူ​နှင့်​ကိုယ်​ဝန်​ရှိ​ပါ​သည်။ ဤ​တံ​ဆိပ် နှင့်​စ​လွယ်​ကြိုး၊ ဤ​တောင်​ဝှေး​တို့​မှာ​မည်​သူ့ ပစ္စည်း​ဖြစ်​သည်​ကို​ကြည့်​ပါ'' ဟူ​၍​ယောက္ခ​မ ထံ​သို့​အ​ကြောင်း​ကြား​လိုက်​လေ​၏။

26. ထို​ပစ္စည်း​များ​သည်​သူ​၏​ပစ္စည်း​ဖြစ်​မှန်း​ယု​ဒ သိ​သ​ဖြင့်​ယု​ဒ​က``ငါ​သည်​သူ့​အား​ငါ့​သား ရှေ​လ​နှင့်​ထိမ်း​မြား​ပေး​ရန်​ဝတ္တ​ရား​ပျက်​ကွက် သော​ကြောင့်​ထို​သို့​သူ​ပြု​မူ​ပုံ​မှာ​နည်း​လမ်း ကျ​ပေ​သည်'' ဟု​ဆို​လေ​၏။ ယု​ဒ​သည်​နောက် တစ်​ဖန်​သူ​နှင့်​မ​အိပ်​တော့​ချေ။

27. တာ​မာ​သည်​သား​ဖွား​ချိန်​စေ့​သော​အ​ခါ​ကိုယ်​ဝန် တွင်​အ​မြွှာ​ရှိ​ကြောင်း​သိ​ရ​လေ​သည်။-

ကမ္ဘာ​ဦး 38