ကမ္ဘာ​ဦး 38:13-29 Common Language Bible (BCL)

13. တစ်​စုံ​တစ်​ယောက်​က​တာ​မာ​အား``သင်​၏​ယောက္ခမ သည်​တိ​မ​နတ်​မြို့​သို့​သိုး​မွေး​ညှပ်​ရန်​သွား​လေ ပြီ'' ဟု​သ​တင်း​ပေး​လေ​၏။-

14. ထို​အ​ခါ​သူ​သည်​မု​ဆိုး​မ​အ​ဝတ်​တို့​ကို​ချွတ်​၍ မျက်​နှာ​ကို​ပု​ဝါ​ဖြင့်​ဖုံး​လျက် တိ​မ​နတ်​သို့​သွား ရာ​လမ်း​တွင်​တည်​ရှိ​သော​ဧ​နိမ်​မြို့​အ​ဝင်​ဝ​၌ ထိုင်​နေ​လေ​၏။ သူ​သည်​ယု​ဒ​၏​အ​ငယ်​ဆုံး​သား ရှေ​လ​အ​ရွယ်​ရောက်​ပြီ​ဖြစ်​သော်​လည်း​သူ​နှင့် ထိမ်း​မြား​ပေး​ခြင်း​မ​ပြု​ဘဲ​ထား​သော​ကြောင့် ဤ​သို့​ပြု​မူ​ရ​ခြင်း​ဖြစ်​သည်။

15. ယု​ဒ​သည်​တာ​မာ​ကို​မြင်​လျှင်​မျက်​နှာ​ကို​ပုဝါ နှင့်​ဖုံး​ထား​သော​ကြောင့် ပြည့်​တန်​ဆာ​မ​တစ်​ယောက် ဟု​ထင်​မှတ်​လေ​၏။-

16. သူ​သည်​လမ်း​ဘေး​၌​ထိုင်​နေ​သော​တာမာ​ထံ​သို့ သွား​ပြီး​လျှင်``ငါ​သင်​နှင့်​အိပ်​လို​သည်'' ဟု​ဆို လေ​၏။ (ထို​မိန်း​မ​သည်​သူ​၏​ချွေးမ​ဖြစ်​မှန်း မ​သိ​ချေ။) မိန်း​မ​က​သူ့​အား``ကျွန်​မ​နှင့်​အိပ် လို​လျှင်​မည်​သည့်​အ​ခ​ကို​ပေး​မည်​နည်း'' ဟု မေး​လေ​၏။

17. သူ​က``ငါ​၏​တိရစ္ဆာန်​ထဲ​မှ​ဆိတ်​ငယ်​တစ်​ကောင် ကို​ပို့​လိုက်​မည်'' ဟု​ပြန်​ဖြေ​၏။မိန်း​မ​က``ဆိတ်​ငယ်​ကို​မ​ပို့​သေး​မီ​အာ​မ​ခံ​ပေး လျှင် သ​ဘော​တူ​ပါ​မည်''ဟု​ဆို​၏။

18. သူ​က``မည်​သည့်​အာ​မ​ခံ​ကို​ပေး​ရ​မည်​နည်း'' ဟု မေး​၏။မိန်း​မ​က``သင်​၏​တံ​ဆိပ်​ပါ​သော​စ​လွယ်​ကြိုး​နှင့် လက်​စွဲ​တောင်​ဝှေး​တို့​ကို​အာ​မ​ခံ​အ​ဖြစ်​ပေး​ပါ'' ဟု​တောင်း​လေ​၏။ သူ​သည်​ထို​ပစ္စည်း​များ​ကို​ထို မိန်းမ​အား​ပေး​၍​အ​တူ​တူ​အိပ်​သ​ဖြင့်​ပ​ဋိ သန္ဓေ​စွဲ​လေ​၏။-

19. တာ​မာ​သည်​အိမ်​သို့​ပြန်​၍​ပုဝါ​ကို​ချွတ်​ပြီး လျှင် မု​ဆိုး​မ​အ​ဝတ်​ကို​ပြန်​လည်​ဝတ်​ဆင် လေ​၏။

20. ယု​ဒ​သည်​မိန်း​မ​ထံ​မှ​အာ​မ​ခံ​ပစ္စည်း​များ​ကို ပြန်​ယူ​ရန် သူ​၏​မိတ်​ဆွေ​ဟိရ​ကို​ဆိတ်​ငယ်​နှင့် အ​တူ​စေ​လွှတ်​လေ​၏။ ဟိ​ရ​သည်​မိန်း​မ​ကို ရှာ​မ​တွေ့​လျှင်၊-

21. ဧ​နိမ်​မြို့​သား​တို့​အား``လမ်း​ဘေး​၌​ထိုင်​လေ့ ရှိ​သော​ပြည့်​တန်​ဆာ​မ​အ​ဘယ်​မှာ​ရှိ​သ​နည်း'' ဟု​မေး​လေ​၏။သူ​တို့​က``ဤ​အ​ရပ်​တွင်​ပြည့်​တန်​ဆာ​မ​ဟူ​၍ မ​ရှိ​ပါ'' ဟု​ပြန်​ဖြေ​ကြ​၏။

22. ထို​အ​ခါ​သူ​သည်​ယုဒ​ထံ​သို့​ပြန်​လာ​၍``ကျွန်ုပ် သည်​ထို​မိန်းမ​ကို​ရှာ​၍​မ​တွေ့​ပါ။ အ​ရပ်​သား​တို့ က​လည်း​ထို​နေ​ရာ​တွင်​ပြည့်​တန်​ဆာ​မ​ဟူ​၍ မ​ရှိ​ကြောင်း​ပြော​ပါ​သည်'' ဟု​ဆို​လေ​၏။

23. ယု​ဒ​က``ထို​ပစ္စည်း​များ​ကို​သူ​ယူ​ထား​ပါ​စေ။ ကျွန်ုပ်​တို့​ကဲ့​ရဲ့​ခြင်း​ကို​မ​ခံ​လို​ပါ။ ကျွန်ုပ်​သည် သူ့​အား​အ​ခ​ပေး​ရန်​ကြိုး​စား​သော်​လည်း သင် သည်​သူ့​ကို​ရှာ​မ​တွေ့​ခဲ့​ပါ'' ဟု​ဆို​လေ​၏။

24. သုံး​လ​ခန့်​ကြာ​လေ​သော်​တစ်​စုံ​တစ်​ယောက်​က ယု​ဒ​အား``သင်​၏​ချွေး​မ​တာ​မာ​သည်​ယောကျာ်း တစ်​ဦး​ဦး​နှင့်​ဖောက်​ပြန်​သ​ဖြင့် ယ​ခု​ကိုယ်​ဝန် ဆောင်​လျက်​ရှိ​လေ​ပြီ'' ဟု​ပြော​လေ​၏။ယု​ဒ​က``သူ့​ကို​အ​ပြင်​သို့​ထုတ်​၍​မီး​ရှို့ သတ်​စေ'' ဟု​စီ​ရင်​လေ​၏။

25. တာ​မာ​ကို​အ​ပြင်​သို့​ထုတ်​ဆောင်​လာ​ကြ​သော အ​ခါ​တာ​မာ​က``ကျွန်ုပ်​သည်​ဤ​ပစ္စည်း​များ​ကို ပိုင်​ဆိုင်​သူ​နှင့်​ကိုယ်​ဝန်​ရှိ​ပါ​သည်။ ဤ​တံ​ဆိပ် နှင့်​စ​လွယ်​ကြိုး၊ ဤ​တောင်​ဝှေး​တို့​မှာ​မည်​သူ့ ပစ္စည်း​ဖြစ်​သည်​ကို​ကြည့်​ပါ'' ဟူ​၍​ယောက္ခ​မ ထံ​သို့​အ​ကြောင်း​ကြား​လိုက်​လေ​၏။

26. ထို​ပစ္စည်း​များ​သည်​သူ​၏​ပစ္စည်း​ဖြစ်​မှန်း​ယု​ဒ သိ​သ​ဖြင့်​ယု​ဒ​က``ငါ​သည်​သူ့​အား​ငါ့​သား ရှေ​လ​နှင့်​ထိမ်း​မြား​ပေး​ရန်​ဝတ္တ​ရား​ပျက်​ကွက် သော​ကြောင့်​ထို​သို့​သူ​ပြု​မူ​ပုံ​မှာ​နည်း​လမ်း ကျ​ပေ​သည်'' ဟု​ဆို​လေ​၏။ ယု​ဒ​သည်​နောက် တစ်​ဖန်​သူ​နှင့်​မ​အိပ်​တော့​ချေ။

27. တာ​မာ​သည်​သား​ဖွား​ချိန်​စေ့​သော​အ​ခါ​ကိုယ်​ဝန် တွင်​အ​မြွှာ​ရှိ​ကြောင်း​သိ​ရ​လေ​သည်။-

28. မီး​ဖွား​နေ​စဉ်​က​လေး​တစ်​ယောက်​က​လက်​ကို​အ​ပြင် သို့​ဆန့်​ထုတ်​လေ​၏။ ဝမ်း​ဆွဲ​က​ထို​လက်​ကို​ဖမ်း​ကိုင် ၍​ကြိုး​နီ​စ​ချည်​လျက်``ဤ​က​လေး​သည်​သား​ဦး ဖြစ်​သည်'' ဟု​ဆို​၏။-

29. သို့​ရာ​တွင်​ကလေး​သည်​လက်​ကို​ပြန်​ရုပ်​ရာ​အ​ခြား အ​မြွှာ​သား​က​ဦး​စွာ​ဖွား​မြင်​လာ​လေ​သည်။ ထို အ​ခါ​ဝမ်း​ဆွဲ​က``သင်​သည်​နိုင်​လို​မင်း​ထက်​ပြု​၍ ထွက်​လာ​သည်'' ဟု​ဆို​၏။ ထို​ကြောင့်​ထို​က​လေး အား​ဖာ​ရက်​ဟု​နာ​မည်​မှည့်​ကြ​၏။-

ကမ္ဘာ​ဦး 38