35. သူ၏သားသမီးအားလုံးတို့ကသူ့အားနှစ် သိမ့်ကြသော်လည်းပူဆွေးခြင်းမပြေနိုင်ချေ။ သူက``ငါသည်သေသည်အထိငါ့သားအတွက် ဝမ်းနည်းပူဆွေးရတော့မည်'' ဟုဆိုလေ၏။ ထို့ ကြောင့်သူသည်သားယောသပ်အတွက်ဆက် လက်၍ငိုကြွေးမြည်တမ်းလျက်ရှိနေလေ၏။-
36. ထိုအချိန်အတောအတွင်းအီဂျစ်၌မိဒျန် အမျိုးသားတို့သည် ဖာရောဘုရင်၏အရာရှိ တစ်ဦးဖြစ်သူကိုယ်ရံတော်တပ်မှူးပေါတိဖာ ထံ၌ယောသပ်အားရောင်းကြလေသည်။