25. ထိုနောက်သူတို့သည်ထိုင်၍အစာစားနေစဉ် ဂိလဒ်ပြည်မှ အီဂျစ်ပြည်သို့သွားမည့်ဣရှ မေလအမျိုးသားတစ်စုကိုမြင်ရကြ၏။ သူတို့၏ကုလားအုတ်များပေါ်တွင်နံ့သာမျိုး၊ ဗာလစံစေးနှင့်မုရန်စေးများကိုတင်ဆောင် လာကြ၏။-
26. ယုဒကသူ၏ညီအစ်ကိုတို့အား``ငါတို့၏ ညီကိုသတ်၍အဖြစ်မှန်ကိုထိမ်ဝှက်ထား ခြင်းဖြင့် ငါတို့၌မည်သို့အကျိုးကျေးဇူး ရှိနိုင်ပါမည်နည်း။-
27. ငါတို့သည်သူ့အားအနာတရဖြစ်စေမည့် အစားဣရှမေလအမျိုးသားတို့ထံ၌သူ့ ကိုရောင်းလိုက်ကြပါစို့။ သူသည်ငါတို့၏ညီ၊ ငါတို့၏သွေးသားပင်ဖြစ်သည်မဟုတ်လော'' ဟုဆိုလေ၏။ သူ၏ညီအစ်ကိုတို့ကလည်း သဘောတူကြ၏။-
28. ထိုအတောအတွင်းမိဒျန်အမျိုးသားကုန် သည်အချို့တို့ဖြတ်သန်းရောက်ရှိလာ၏။ သူ တို့သည်ယောသပ်အားတွင်းထဲမှဆွဲတင်၍ ဣရှမေလအမျိုးသားတို့ထံ၌ငွေသား ကျပ်နှစ်ဆယ်ဖြင့်ရောင်းလိုက်ကြသည်။ ထို ကုန်သည်တို့ကယောသပ်အားအီဂျစ်သို့ ခေါ်ဆောင်သွားလေသည်။
29. ရုဗင်သည်တွင်းသို့ပြန်လာပြီးလျှင်ယောသပ် ကိုရှာ၍မတွေ့ရသောအခါ အလွန်စိတ်မချမ်း မသာဖြစ်သဖြင့်မိမိအဝတ်များကိုဆုတ် ဖြဲလေ၏။-
30. ထိုနောက်သူ၏ညီများရှိရာသို့ပြန်လာ၍``တွင်း ထဲမှာသူငယ်မရှိတော့ပြီ။ ငါအဘယ်သို့ပြု လုပ်ရပါမည်နည်း'' ဟုဆိုလေ၏။
31. သူတို့သည်ဆိတ်တစ်ကောင်ကိုသတ်၍ယောသပ် ၏ဝတ်ရုံကိုဆိတ်သွေးထဲ၌နှစ်လေ၏။-
32. ထိုနောက်ထူးဆန်းစွာတန်ဆာဆင်ထားသော ဝတ်ရုံကိုဖခင်ထံသို့ယူခဲ့ပြီးလျှင်``ကျွန်တော် တို့ဤအင်္ကျီကိုတွေ့ရပါသည်။ ဖခင်သား၏ အင်္ကျီဖြစ်ပါသလော'' ဟုမေးကြ၏။
33. ယာကုပ်သည်ထိုအင်္ကျီကိုမှတ်မိသဖြင့်``ငါ့ သား၏အင်္ကျီပင်ဖြစ်သည်။ သားရဲတစ်ကောင် ကောင်ကသူ့ကိုကိုက်သတ်လေပြီ။ ငါ့သားကို အပိုင်းပိုင်းကိုက်ဖြတ်ပါပြီတကား'' ဟုဆို လေ၏။-
34. ယာကုပ်သည်ဝမ်းနည်းကြေကွဲသဖြင့် မိမိ၏ အဝတ်အင်္ကျီကိုဆုတ်ဖြဲ၍လျှော်တေအဝတ်ကို ဝတ်လေ၏။ သူသည်သားအတွက်ကာလအတန် ကြာမျှပူဆွေးတမ်းတလျက်နေလေ၏။-
35. သူ၏သားသမီးအားလုံးတို့ကသူ့အားနှစ် သိမ့်ကြသော်လည်းပူဆွေးခြင်းမပြေနိုင်ချေ။ သူက``ငါသည်သေသည်အထိငါ့သားအတွက် ဝမ်းနည်းပူဆွေးရတော့မည်'' ဟုဆိုလေ၏။ ထို့ ကြောင့်သူသည်သားယောသပ်အတွက်ဆက် လက်၍ငိုကြွေးမြည်တမ်းလျက်ရှိနေလေ၏။-