ကမ္ဘာ​ဦး 37:14-27 Common Language Bible (BCL)

14. သူ​၏​ဖ​ခင်​က``အစ်​ကို​များ​နှင့်​သိုး​ဆိတ်​များ ဘေး​ကင်း​လုံ​ခြုံ​စွာ​ရှိ​သည်​မ​ရှိ​သည်​ကို သင် သွား​၍​စုံ​စမ်း​ပြီး​လျှင်​ငါ့​အား​ပြန်​ပြော​ပါ လော့'' ဟု​စေ​ခိုင်း​လေ​၏။ ထို​နောက်​ယော​သပ် သည်​ဖ​ခင်​လမ်း​ညွှန်​သည့်​အ​တိုင်း ဟေ​ဗြုန် ချိုင့်​ဝှမ်း​လမ်း​မှ​သွား​၍​ရှေ​ခင်​မြို့​သို့​ရောက် ရှိ​လာ​၏။

15. သူ​သည်​မြို့​ပြင်​၌​လှည့်​လည်​ရှာ​ဖွေ​နေ​စဉ် လူ တစ်​ယောက်​က​သူ့​ကို​မြင်​၍``သင်​ဘာ​ကို​ရှာ နေ​သ​နည်း'' ဟု​မေး​၏။

16. ``သိုး​ဆိတ်​များ​ကို​ထိန်း​ကျောင်း​နေ​သော​အစ် ကို​များ​ကို​ရှာ​နေ​ပါ​သည်။ သူ​တို့​အ​ဘယ်​မှာ ရှိ​သည်​ကို​ပြော​နိုင်​ပါ​သ​လော'' ဟု​ဆို​၏။

17. ထို​သူ​က``သူ​တို့​ဤ​အ​ရပ်​မှ​ထွက်​ခွာ​သွား ကြ​ပြီ။ ဒေါ​သန်​မြို့​ဘက်​သို့​သွား​ကြ​မည် ဟု​ပြော​သံ​ကြား​လိုက်​ရ​သည်'' ဟု​ဖြေ​၏။ ထို့ ကြောင့်​ယော​သပ်​သည်​အစ်​ကို​များ​နောက်​သို့ လိုက်​သွား​ရာ​သူ​တို့​ကို​ဒေါ​သန်​မြို့​၌​တွေ့ လေ​၏။

18. ယော​သပ်​အ​ဝေး​၌​ရှိ​စဉ်​ပင်​အစ်​ကို​တို့​သည် သူ့​ကို​မြင်​လျှင် သူ့​အား​သတ်​ပစ်​ရန်​တိုင်​ပင် ကြ​၏။-

19. သူ​တို့​က``အိပ်​မက်​ဆ​ရာ​လာ​နေ​ပြီ။-

20. လာ​ကြ၊ သူ့​ကို​သတ်​၍​တွင်း​တစ်​တွင်း​ထဲ​သို့ သူ့​အ​လောင်း​ကို​ပစ်​လိုက်​ကြ​စို့။ သူ့​ကို​သား​ရဲ တိ​ရစ္ဆာန်​တစ်​ကောင်​က​ကိုက်​သတ်​ပြီ​ဟု​ဖ​ခင် အား​ပြော​ကြ​မည်။ ထို​အ​ခါ​ကျ​မှ​သူ​၏ အိပ်​မက်​အ​တိုင်း​တ​ကယ်​ဖြစ်​မ​ဖြစ်​ကို​သိ ရ​မည်'' ဟု​အ​ချင်း​ချင်း​ပြော​ဆို​ကြ​၏။

21. ရု​ဗင်​သည်​သူ​တို့​၏​အ​ကြံ​ကို​ကြား​ရ​လျှင် ယော​သပ်​ကို​ကယ်​ရန်​ကြိုး​စား​လေ​၏။ သူ​က``သူ့ ကို​မ​သတ်​ပစ်​ကြ​နှင့်။-

22. သူ့​ကို​ဤ​တော​ကန္တာ​ရ​တွင်​ရှိ​သော​တွင်း​ထဲ​သို့ ပစ်​ချ​ကြ​စို့။ သူ့​အား​အ​နာ​တ​ရ​မ​ဖြစ်​စေ ကြ​နှင့်'' ဟု​ဆို​လေ​၏။ ထို​ကဲ့​သို့​အ​ကြံ​ပေး​ရ ခြင်း​မှာ​သူ​သည်​ယော​သပ်​အား​ညီ​အစ်​ကို​တို့ လက်​မှ​ကယ်​၍​ဖ​ခင်​ထံ​သို့​ပြန်​အပ်​ရန်​အ​ကြံ ရှိ​ခြင်း​ကြောင့်​ဖြစ်​သည်။-

23. အစ်​ကို​များ​ထံ​သို့​ယော​သပ်​ရောက်​လာ​သော အ​ခါ သူ​တို့​က​သူ​၏​လက်​ရှည်​ဝတ်​ရုံ​ကို ချွတ်​ပစ်​ကြ​၏။-

24. ထို​နောက်​သူ့​အား​ချုပ်​ကိုင်​၍​ရေ​ခန်း​ခြောက် သော​တွင်း​ထဲ​သို့​ချ​လိုက်​ကြ​၏။

25. ထို​နောက်​သူ​တို့​သည်​ထိုင်​၍​အ​စာ​စား​နေ​စဉ် ဂိ​လဒ်​ပြည်​မှ အီ​ဂျစ်​ပြည်​သို့​သွား​မည့်​ဣ​ရှ မေ​လ​အ​မျိုး​သား​တစ်​စု​ကို​မြင်​ရ​ကြ​၏။ သူ​တို့​၏​ကု​လား​အုတ်​များ​ပေါ်​တွင်​နံ့​သာ​မျိုး၊ ဗာ​လ​စံ​စေး​နှင့်​မု​ရန်​စေး​များ​ကို​တင်​ဆောင် လာ​ကြ​၏။-

26. ယု​ဒ​က​သူ​၏​ညီ​အစ်​ကို​တို့​အား``ငါ​တို့​၏ ညီ​ကို​သတ်​၍​အ​ဖြစ်​မှန်​ကို​ထိမ်​ဝှက်​ထား ခြင်း​ဖြင့် ငါ​တို့​၌​မည်​သို့​အ​ကျိုး​ကျေး​ဇူး ရှိ​နိုင်​ပါ​မည်​နည်း။-

27. ငါ​တို့​သည်​သူ့​အား​အ​နာ​တ​ရ​ဖြစ်​စေ​မည့် အ​စား​ဣ​ရှ​မေ​လ​အ​မျိုး​သား​တို့​ထံ​၌​သူ့ ကို​ရောင်း​လိုက်​ကြ​ပါ​စို့။ သူ​သည်​ငါ​တို့​၏​ညီ၊ ငါ​တို့​၏​သွေး​သား​ပင်​ဖြစ်​သည်​မ​ဟုတ်​လော'' ဟု​ဆို​လေ​၏။ သူ​၏​ညီ​အစ်​ကို​တို့​က​လည်း သ​ဘော​တူ​ကြ​၏။-

ကမ္ဘာ​ဦး 37