ကမ္ဘာ​ဦး 36:8-20-21 Common Language Bible (BCL)

14. ဇိ​ဘောင်​၏​သား​အာ​န​၏​သ​မီး​ဖြစ်​သော​ဧ​သော ၏​မ​ယား အ​ဟော​လိ​ဗာ​မ​တွင်​ယု​ရှ၊ ယာ​လံ၊ ကော​ရ​ဟူ​၍​သား​သုံး​ယောက်​ရှိ​၏။

15. ဧ​သော​မှ​ဆင်း​သက်​သော​အ​နွယ်​တို့​ကို​ဖော်​ပြ ပေ​အံ့။ ဧ​သော​၏​သား​ဦး​ဧ​လိ​ဖတ်​သည်​အ​နွယ် များ​ဖြစ်​ကြ​သော​တေ​မန်၊ သြ​မ​ရ၊ ဇေ​ဖော၊ ကေ​နတ်၊-

16. ကော​ရ၊ ဂါ​တံ၊ အာ​မ​လက်​တို့​၏​ဘိုး​ဘေး​ဖြစ် ၏။ ဤ​သူ​တို့​သည်​ဧ​သော​၏​မ​ယား​အာ​ဒ​၏ အ​ဆက်​အ​နွယ်​များ​ဖြစ်​ကြ​၏။

17. ဧ​သော​၏​သား​ရွေ​လ​သည်​အ​နွယ်​အ​ကြီး​အ​ကဲ ဖြစ်​ကြ​သော နာ​ဟတ်၊ ဇေ​ရ၊ ရှမ္မ​နှင့်​မိဇ္ဇ​တို့​၏​ဘိုး​ဘေး ဖြစ်​၏။ ဤ​သူ​တို့​သည်​ဧ​သော​၏​မ​ယား​ဗာ​ရှ​မတ် ၏​အ​ဆက်​အ​နွယ်​များ​ဖြစ်​ကြ​၏။

18. ဧ​သော​၏​မ​ယား​အာ​န​၏​သ​မီး​ဖြစ်​သူ အ​ဟော လိ​ဗာ​မ​မှ​ဆင်း​သက်​သော​အ​နွယ်​သည်​ကား ယု​ရှ၊ ယာ​လံ​နှင့်​ကော​ရ​တို့​ဖြစ်​ကြ​သည်။-

19. ဤ​အ​နွယ်​အား​လုံး​တို့​သည်​ဧ​သော​မှ​ဆင်း​သက် လာ​ကြ​၏။

ကမ္ဘာ​ဦး 36