ကမ္ဘာ​ဦး 36:4-9 Common Language Bible (BCL)

4. အာ​ဒ​သည်​သား​ဧ​လိ​ဖတ်​ကို​လည်း​ကောင်း၊ ဗာ​ရှ​မတ်​သည်​သား​ရွေ​လ​ကို​လည်း​ကောင်း၊-

5. အ​ဟော​လိ​ဗာ​မ​သည်​သား​ယု​ရှ၊ ယာ​လံ​နှင့် ကော​ရ​တို့​ကို​လည်း​ကောင်း​ဖွား​မြင်​လေ​သည်။ ဤ​သား​တို့​သည်​ခါ​နာန်​ပြည်​တွင်​ဖွား​မြင် သော​ဧ​သော​၏​သား​များ​ဖြစ်​ကြ​သည်။

6. ဧ​သော​သည်​သူ​၏​မ​ယား​များ၊ သား​သ​မီး များ၊ အိမ်​သူ​အိမ်​သား​များ​နှင့်​တ​ကွ​သိုး၊ ဆိတ်​စ​သော​တိ​ရစ္ဆာန်​များ၊ ခါ​နာန်​ပြည်​တွင် စု​ဆောင်း​မိ​သ​မျှ​သော​ပစ္စည်း​ဥစ္စာ​များ​ကို ယူ​ဆောင်​လျက်​ညီ​ယာ​ကုပ်​ထံ​မှ​အ​ခြား ပြည်​သို့​ထွက်​ခွာ​သွား​လေ​သည်။-

7. သူ​နှင့်​ယာ​ကုပ်​တို့​တွင်​သိုး၊ ဆိတ်​စ​သော တိ​ရစ္ဆာန်​အ​လွန်​များ​ပြား​လာ​သ​ဖြင့် စား​နပ် ရိက္ခာ​မ​လောက်​မ​င​ဖြစ်​၍​တစ်​ရပ်​တည်း​၌ အ​တူ​မ​နေ​နိုင်​ကြ​ချေ။-

8. သို့​ဖြစ်​၍​ဧ​သော​သည်​ဧ​ဒုံ​တောင်​တန်း​ဒေ​သ သို့​ပြောင်း​ရွှေ့​နေ​ထိုင်​လေ​သည်။

9. ဧ​ဒုံ​တောင်​တန်း​ဒေ​သ​တွင်​နေ​ထိုင်​သော ဧ​ဒုံ အ​မျိုး​သား​တို့​၏​ဖ​ခင်​ဧ​သော​၏ အ​ဆက် အ​နွယ်​တို့​ကို​ဖော်​ပြ​ပေ​အံ့။-

40-43. ဧ​သော​မှ​ဆင်း​သက်​သော​ဧ​ဒုံ​အ​နွယ်​များ​မှာ တိ​မ​နာ၊ အာ​လ​ဝ၊ ယေ​သက်၊ အ​ဟော​လိ​ဗာ​မ၊ ဧ​လာ၊ ပိ​နုန်၊ ကေ​နတ်၊ တေ​မန်၊ မိ​ဗ​ဇာ၊ မာ​ဂ ဒျေ​လ​နှင့်​ဣ​ရံ​တို့​ဖြစ်​ကြ​သည်။ ဤ​ဧ​ဒုံ အ​နွယ်​တို့​သည်​သူ​တို့​၏​နာ​မည်​ဖြင့်​ခေါ် တွင်​သော​ဒေ​သ​အ​သီး​သီး​တို့​တွင်​နေ ထိုင်​ကြ​လေ​သည်။

ကမ္ဘာ​ဦး 36