17. ဧသော၏သားရွေလသည်အနွယ်အကြီးအကဲ ဖြစ်ကြသော နာဟတ်၊ ဇေရ၊ ရှမ္မနှင့်မိဇ္ဇတို့၏ဘိုးဘေး ဖြစ်၏။ ဤသူတို့သည်ဧသော၏မယားဗာရှမတ် ၏အဆက်အနွယ်များဖြစ်ကြ၏။
18. ဧသော၏မယားအာန၏သမီးဖြစ်သူ အဟော လိဗာမမှဆင်းသက်သောအနွယ်သည်ကား ယုရှ၊ ယာလံနှင့်ကောရတို့ဖြစ်ကြသည်။-
19. ဤအနွယ်အားလုံးတို့သည်ဧသောမှဆင်းသက် လာကြ၏။
20-21. ဧဒုံအရပ်တွင်မူလနေထိုင်သူတို့သည်ဟောရိ အမျိုးသားစိရ၏သားတို့မှဆင်းသက်လာ သောအဆက်အနွယ်များဖြစ်ကြသည်။ ထိုသား တို့မှာလောတန်၊ ရှောဗလ၊ ဇိဘောင်၊ အာန၊ ဒိရှုန်၊ ဧဇာနှင့်ဒိရှန်တို့ဖြစ်ကြသည်။
22. လောတန်သည်ဟောရိနှင့်ဟေမံမိသားစုတို့ ၏ဘိုးဘေးဖြစ်သည်။ (လောတန်၏နှမမှာတိမန ဖြစ်သည်။)
23. ရှောဗလသည်အာလဝန်၊ မနာဟတ်၊ ဧဗလ၊ ရှေဖောနှင့်သြနံမိသားစုတို့၏ဘိုးဘေးဖြစ် သည်။
24. ဇိဘောင်တွင်အာယနှင့်အာနဟူ၍သားနှစ် ယောက်ရှိ၏။ (အာနသည်ဖခင်ဇိဘောင်၏မြည်း များကိုကျောင်းနေစဉ်တောကန္တာရထဲ၌ရေ ပူစမ်းများကိုရှာတွေ့သူဖြစ်သည်။-)
25. အာနတွင်သားဒိရှုန်နှင့်သမီးအဟောလိ ဗာမတို့ရှိ၏။
26. ဒိရှုန်သည်ဟင်္ဒန်၊ ဧရှဗန်၊ ဣသရန်နှင့်ခေရန် မိသားစုတို့၏ဘိုးဘေးဖြစ်သည်။
27. ဧဇာသည်ဗိလဟန်၊ ဇာဝန်နှင့်အာကန်မိသား စုတို့၏ဘိုးဘေးဖြစ်သည်။
28. ဒိရှန်သည်ဥဇနှင့်အာရန်မိသားစုတို့၏ ဘိုးဘေးဖြစ်သည်။