ကမ္ဘာ​ဦး 36:1-20-21 Common Language Bible (BCL)

1. ဧ​ဒုံ​ဟူ​၍​လည်း​နာ​မည်​တွင်​သော​ဧ​သော ၏​အ​ဆက်​အ​နွယ်​တို့​ကို​ဖော်​ပြ​ပေ​အံ့။-

2. ဧ​သော​သည်​ခါ​နာန်​ပြည်​အ​မျိုး​သ​မီး​များ နှင့်​အိမ်​ထောင်​ကျ​သည်။ သူ​၏​မယား​များ​မှာ ဟိတ္တိ​အ​မျိုး​သား​ဧ​လုန်​၏​သ​မီး​အာ​ဒ၊ ဟိ​ဝိ အ​မျိုး​သား​ဇိ​ဘောင်​၏​သား​ဖြစ်​သူ​အာ​န​၏ သ​မီး​အ​ဟော​လိ​ဗာ​မ၊ ဣ​ရှ​မေ​လ​၏​သ​မီး တည်း​ဟူ​သော၊-

10-13. ဧ​သော​၏​မ​ယား​အာ​ဒ​နှင့်​ရ​သော​သား​မှာ ဧ​လိ​ဖတ်​ဖြစ်​၏။ ဧ​လိ​ဖတ်​တွင်​တေ​မန်၊ သြ​မ​ရ၊ ဇေ​ဖော၊ ဂါ​တံ၊ ကေ​နတ်​ဟူ​၍​သား​ငါး​ယောက် ရှိ​၏။ ဧ​လိ​ဖတ်​တွင်​မ​ယား​ငယ်​တိ​မ​န​နှင့်​အာ မ​လက်​နာ​မည်​ရှိ​သော​သား​တစ်​ယောက်​ရ​သေး​၏။ဧ​သော​၏​မ​ယား​ဗာ​ရှ​မတ်​နှင့်​ရ​သော​သား မှာ​ရွေ​လ​ဖြစ်​၏။ ရွေ​လ​တွင်​နာ​ဟတ်၊ ဇေ​ရ၊ ရှမ္မ၊ မိဇ္ဇ​ဟူ​၍​သား​လေး​ယောက်​ရှိ​၏။

14. ဇိ​ဘောင်​၏​သား​အာ​န​၏​သ​မီး​ဖြစ်​သော​ဧ​သော ၏​မ​ယား အ​ဟော​လိ​ဗာ​မ​တွင်​ယု​ရှ၊ ယာ​လံ၊ ကော​ရ​ဟူ​၍​သား​သုံး​ယောက်​ရှိ​၏။

15. ဧ​သော​မှ​ဆင်း​သက်​သော​အ​နွယ်​တို့​ကို​ဖော်​ပြ ပေ​အံ့။ ဧ​သော​၏​သား​ဦး​ဧ​လိ​ဖတ်​သည်​အ​နွယ် များ​ဖြစ်​ကြ​သော​တေ​မန်၊ သြ​မ​ရ၊ ဇေ​ဖော၊ ကေ​နတ်၊-

16. ကော​ရ၊ ဂါ​တံ၊ အာ​မ​လက်​တို့​၏​ဘိုး​ဘေး​ဖြစ် ၏။ ဤ​သူ​တို့​သည်​ဧ​သော​၏​မ​ယား​အာ​ဒ​၏ အ​ဆက်​အ​နွယ်​များ​ဖြစ်​ကြ​၏။

17. ဧ​သော​၏​သား​ရွေ​လ​သည်​အ​နွယ်​အ​ကြီး​အ​ကဲ ဖြစ်​ကြ​သော နာ​ဟတ်၊ ဇေ​ရ၊ ရှမ္မ​နှင့်​မိဇ္ဇ​တို့​၏​ဘိုး​ဘေး ဖြစ်​၏။ ဤ​သူ​တို့​သည်​ဧ​သော​၏​မ​ယား​ဗာ​ရှ​မတ် ၏​အ​ဆက်​အ​နွယ်​များ​ဖြစ်​ကြ​၏။

18. ဧ​သော​၏​မ​ယား​အာ​န​၏​သ​မီး​ဖြစ်​သူ အ​ဟော လိ​ဗာ​မ​မှ​ဆင်း​သက်​သော​အ​နွယ်​သည်​ကား ယု​ရှ၊ ယာ​လံ​နှင့်​ကော​ရ​တို့​ဖြစ်​ကြ​သည်။-

19. ဤ​အ​နွယ်​အား​လုံး​တို့​သည်​ဧ​သော​မှ​ဆင်း​သက် လာ​ကြ​၏။

20-21. ဧ​ဒုံ​အ​ရပ်​တွင်​မူ​လ​နေ​ထိုင်​သူ​တို့​သည်​ဟော​ရိ အ​မျိုး​သား​စိ​ရ​၏​သား​တို့​မှ​ဆင်း​သက်​လာ သော​အ​ဆက်​အ​နွယ်​များ​ဖြစ်​ကြ​သည်။ ထို​သား တို့​မှာ​လော​တန်၊ ရှော​ဗ​လ၊ ဇိ​ဘောင်၊ အာ​န၊ ဒိ​ရှုန်၊ ဧ​ဇာ​နှင့်​ဒိ​ရှန်​တို့​ဖြစ်​ကြ​သည်။

ကမ္ဘာ​ဦး 36