4. ထို့ကြောင့်သူတို့တွင်ရှိသမျှသောအခြား ဘုရားများကိုလည်းကောင်း၊ သူတို့တွင်ဆင် ယင်ထားသောနားကပ်များကိုလည်းကောင်း ယာကုပ်ထံပေးအပ်ကြ၏။ ယာကုပ်သည်ထို ပစ္စည်းများကိုရှေခင်မြို့အနီးဝက်သစ်ချ ပင်ရင်း၌မြှုပ်ထားလေ၏။
5. ထိုနောက်သူတို့စခန်းသိမ်း၍ထွက်ခွာသွား ကြသောအခါ ပတ်ဝန်းကျင်ရှိမြို့သားတို့ သည်အလွန်ကြောက်ရွံ့ကြသဖြင့် သူတို့ကို လိုက်လံ၍မတိုက်ခိုက်ဝံ့ကြချေ။-
6. ယာကုပ်သည်မိမိ၏လူစုနှင့်အတူ ခါနာန် ပြည်ရှိဗေသလမြို့ဟုခေါ်တွင်သောလုဇ မြို့သို့ရောက်ရှိလာလေ၏။-
7. ထိုအရပ်တွင်ယဇ်ပလ္လင်ကိုတည်၍သူ၏အစ်ကို ထံမှထွက်ပြေးနေရစဉ်က ဘုရားသခင်ကို ထိုအရပ်၌ဖူးတွေ့ခဲ့ရသောကြောင့်ဗေသလ ဟုခေါ်တွင်စေ၏။-
8. ရေဗက္က၏အထိန်းဒေဗောရကွယ်လွန်၍ ဗေသလ တောင်ဘက်ရှိဝက်သစ်ချပင်အောက်၌အလောင်း ကိုမြှုပ်လေသည်။ ထိုကြောင့်ထိုအပင်ကို``မျက်ရည် ယိုဝက်သစ်ချပင်'' ဟုနာမည်မှည့်လေ၏။
9. ယာကုပ်သည်ပါဒနာရံပြည်မှပြန်လည် ရောက်ရှိသောအခါ ဘုရားသခင်ကိုရူပါရုံ တွင်တစ်ဖန်မြင်ရလေ၏။ ဘုရားသခင်သည် သူ့အားကောင်းချီးပေးလျက်၊-
10. ``သင်၏နာမည်သည်ယာကုပ်ဖြစ်၏။ သို့ရာတွင် ယခုမှစ၍သင်၏နာမည်ကိုဣသရေလဟူ၍ ခေါ်ရမည်'' ဟုမိန့်တော်မူ၏။ သို့ဖြစ်၍ဘုရားသခင်သည်ယာကုပ်အားဣသရေလနာမည် ဖြင့်သမုတ်တော်မူ၏။-
11. တစ်ဖန်ဘုရားသခင်ကသူ့အား``ငါသည် အနန္တတန်ခိုးရှင်ဘုရားသခင်ဖြစ်၏။ သား သမီးများစွာမွေးဖွားလော့။ လူအမျိုးမျိုး တို့သည်သင်မှဆင်းသက်ကြလိမ့်မည်။ သင် ၏အမျိုးအနွယ်မှဘုရင်များပေါ်ထွန်း လိမ့်မည်။-
12. ငါသည်အာဗြဟံနှင့်ဣဇာက်တို့အားပေး သောပြည်ကိုသင့်အားလည်းကောင်း၊ သင်၏ အဆက်အနွယ်တို့အားလည်းကောင်းငါ ပေးမည်'' ဟုမိန့်တော်မူ၏။-
13. ထို့နောက်ဘုရားသခင်သည်သူ့ထံမှကြွ သွားတော်မူ၏။-
14. ယာကုပ်သည်ဘုရားသခင်ကသူ့အားမိန့်ကြား တော်မူသောအရပ်တွင်မှတ်တိုင်ကိုစိုက်ထူ၍ ၎င်းအပေါ်တွင်စပျစ်ရည်နှင့်ဆီလောင်းလျက် ဆက်ကပ်လေ၏။-
15. သူသည်ထိုအရပ်ကိုဗေသလဟုနာမည်မှည့် ခေါ်လေသည်။