ကမ္ဘာ​ဦး 35:21-29 Common Language Bible (BCL)

21. ထို​နောက်​ယာ​ကုပ်​သည်​ခ​ရီး​ဆက်​ခဲ့​၍​ဧ​ဒါ လင့်​စင်​အ​လွန်​၌​စ​ခန်း​ချ​လေ​သည်။

22. ယာ​ကုပ်​သည်​ထို​အ​ရပ်​တွင်​နေ​ထိုင်​စဉ်​ရု​ဗင် သည် ဖ​ခင်​၏​မ​ယား​ငယ်​ဗိ​လ​ဟာ​နှင့်​ဖောက် ပြန်​မှား​ယွင်း​လေ​၏။ ယာ​ကုပ်​သည်​ထို​အ​ကြောင်း ကို​ကြား​သိ​လေ​သည်။ယာ​ကုပ်​တွင်​သား​တစ်​ဆယ့်​နှစ်​ယောက်​ရှိ​၏။-

23. လေ​အာ​မှ​ဖွား​မြင်​သော​သား​များ​မှာ​ရု​ဗင် (ယာ​ကုပ်​၏​သား​ဦး) ရှိ​မောင်၊ လေ​ဝိ၊ ယု​ဒ၊ ဣ​သ​ခါ​နှင့်​ဇာ​ဗု​လုန်​တို့​ဖြစ်​သည်။

24. ရာ​ခေ​လ​၏​သား​များ​မှာ​ယော​သပ်​နှင့် ဗင်္ယာ​မိန်​တို့​ဖြစ်​သည်။-

25. ရာ​ခေ​လ​၏​ကျွန်​မ​ဗိ​လ​ဟာ​၏​သား​များ မှာ​ဒန်​နှင့်​န​ဿ​လိ​တို့​ဖြစ်​သည်။-

26. လေ​အာ​၏​ကျွန်​မ​ဇိ​လ​ပ​၏​သား​များ​မှာ ဂဒ်​နှင့်​အာ​ရှာ​တို့​ဖြစ်​သည်။ ဤ​သား​တို့​သည် မက်​ဆို​ပို​တေး​မီး​ယား​ပြည်​မြောက်​ပိုင်း​၌ ဖွား​မြင်​ခဲ့​ကြ​သည်။

27. ယာ​ကုပ်​သည်​အာ​ဗြ​ဟံ​နှင့်​ဣ​ဇာက်​တို့​နေ​ထိုင် ခဲ့​သော​ဟေ​ဗြုန်​မြို့​အ​နီး​မံ​ရေ​အ​ရပ်​ရှိ​သူ ၏​ဖ​ခင်​ဣ​ဇာက်​ထံ​သို့​ရောက်​ရှိ​လာ​လေ​၏။-

28. ဣ​ဇာက်​သည်​အ​သက်​တစ်​ရာ့​ရှစ်​ဆယ်​ထိ​အ​သက် ရှင်​၏။ သူ​သည်​အ​ရွယ်​ကြီး​ရင့်​၍​နေ့​ရက်​နှစ် ပေါင်း​များ​စွာ​ပြည့်​ပြီ​ဖြစ်​သော​ကြောင့် နောက် ဆုံး​ထွက်​သက်​ကို​ရှူ​၍​ကွယ်​လွန်​လေ​သည်။ သူ​သည်​မိ​မိ​လူ​မျိုး​စု​နှင့်​စု​ဝေး​ခွင့်​ရ​၏။-

29. သူ​၏​သား​များ​ဖြစ်​ကြ​သော​ဧ​သော​နှင့် ယာ​ကုပ်​တို့​က​သူ့​အား​သင်္ဂြိုဟ်​ကြ​၏။

ကမ္ဘာ​ဦး 35