13. ထို့နောက်ဘုရားသခင်သည်သူ့ထံမှကြွ သွားတော်မူ၏။-
14. ယာကုပ်သည်ဘုရားသခင်ကသူ့အားမိန့်ကြား တော်မူသောအရပ်တွင်မှတ်တိုင်ကိုစိုက်ထူ၍ ၎င်းအပေါ်တွင်စပျစ်ရည်နှင့်ဆီလောင်းလျက် ဆက်ကပ်လေ၏။-
15. သူသည်ထိုအရပ်ကိုဗေသလဟုနာမည်မှည့် ခေါ်လေသည်။
16. ယာကုပ်နှင့်သူ၏မိသားစုတို့သည်ဗေသလ အရပ်မှခရီးထွက်ခဲ့ကြရာ ဧဖရတ်မြို့သို့ မရောက်မီခရီးအတန်ကွာနေရာသို့ရောက် သော်ရာခေလသည်မီးဖွားရန်အချိန်စေ့၍ ဝေဒနာပြင်းပြစွာခံရလေ၏။-
17. သူသည်သားကိုဖွားချိန်၌ဝေဒနာအပြင်း ဆုံးခံရ၏။ ထိုအခါဝမ်းဆွဲကသူ့ကို``ရာခေလ၊ မစိုးရိမ်နှင့်။ သားတစ်ယောက်ထပ်၍ရပြီ'' ဟု ပြောလေ၏။-
18. သို့ရာတွင်သူသည်သေအံ့ဆဲဆဲအချိန်တွင် ထိုသားကိုဗေနောနိဟူ၍နာမည်မှည့်လေ သည်။ ဖခင်ကမူထိုသားကိုဗင်္ယာမိန်ဟုနာ မည်မှည့်လေ၏။
19. ရာခေလကွယ်လွန်သော်ဗက်လင်မြို့ဟုခေါ် တွင်သော ဧဖရတ်မြို့သို့သွားရာလမ်းအနီး တွင်သူ့အလောင်းကိုသင်္ဂြိုဟ်ကြလေ၏။-
20. ယာကုပ်သည်သင်္ချိုင်းပေါ်တွင်မှတ်တိုင်ကိုစိုက် ထူခဲ့ရာ ယနေ့ထက်တိုင်ထိုမှတ်တိုင်ကိုရာ ခေလ၏သင်္ချိုင်းမှတ်တိုင်ဟုခေါ်တွင်လေသည်။-
21. ထိုနောက်ယာကုပ်သည်ခရီးဆက်ခဲ့၍ဧဒါ လင့်စင်အလွန်၌စခန်းချလေသည်။
22. ယာကုပ်သည်ထိုအရပ်တွင်နေထိုင်စဉ်ရုဗင် သည် ဖခင်၏မယားငယ်ဗိလဟာနှင့်ဖောက် ပြန်မှားယွင်းလေ၏။ ယာကုပ်သည်ထိုအကြောင်း ကိုကြားသိလေသည်။ယာကုပ်တွင်သားတစ်ဆယ့်နှစ်ယောက်ရှိ၏။-
23. လေအာမှဖွားမြင်သောသားများမှာရုဗင် (ယာကုပ်၏သားဦး) ရှိမောင်၊ လေဝိ၊ ယုဒ၊ ဣသခါနှင့်ဇာဗုလုန်တို့ဖြစ်သည်။
24. ရာခေလ၏သားများမှာယောသပ်နှင့် ဗင်္ယာမိန်တို့ဖြစ်သည်။-