ကမ္ဘာ​ဦး 34:6-18 Common Language Bible (BCL)

6. ယာ​ကုပ်​၏​သား​များ​စား​ကျက်​ထဲ​မှ​ပြန်​လာ နေ​ခိုက်၊-

7. ရှေ​ခင်​၏​ဖ​ခင်​ဟာ​မော်​သည်​ကြောင်း​လမ်း​ရန် ကိစ္စ​နှင့်​ယာ​ကုပ်​ထံ​သို့​ရောက်​ရှိ​လာ​၏။ ယာ​ကုပ် ၏​သား​တို့​သည်​မိ​မိ​တို့​၏​နှ​မ​အား​ရှေ​ခင် က​မ​တ​ရား​ပြု​ကျင့်​ခြင်း​ဖြင့် ဣ​သ​ရေ​လ တစ်​မျိုး​လုံး​ကို​စော်​ကား​ကြောင်း​ကြား​ရ​သော အ​ခါ မ​ပြု​အပ်​သော​ယုတ်​မာ​မှု​ကို​ပြု​သော ကြောင့်​စိတ်​နာ​၍​အ​လွန်​ဒေါ​သ​အ​မျက်​ထွက် ကြ​လေ​သည်။-

8. ဟာ​မော်​က​သူ​တို့​အား``ငါ့​သား​ရှေ​ခင်​သည် သင်​တို့​၏​သ​မီး​ကို​ချစ်​ကြိုက်​နေ​ပါ​ပြီ။ သင်​တို့​၏​သ​မီး​နှင့်​ထိမ်း​မြား​လက်​ထပ် ခွင့်​ပေး​ကြ​ပါ။-

9. ငါ​တို့​လူ​မျိုး​နှင့်​သင်​တို့​လူ​မျိုး​ထိမ်း​မြား နိုင်​ရန်​သ​ဘော​တူ​ကြ​ပါ​စို့။-

10. သင်​တို့​ဤ​ပြည်​၌​ငါ​တို့​နှင့်​အ​တူ​နေ​ထိုင်​ကြ ပါ။ ကြိုက်​နှစ်​သက်​ရာ​အ​ရပ်​ကို​ရွေး​၍​နေ​ကြ ပါ။ လွတ်​လပ်​စွာ​ရောင်း​ဝယ်​ဖောက်​ကား​ကြ​ပါ။ ပစ္စည်း​ဥစ္စာ​ကို​လည်း​ပိုင်​ဆိုင်​ကြ​ပါ'' ဟု​ဆို လေ​၏။

11. ထို​နောက်​ရှေ​ခင်​က​ဒိ​န​၏​ဖ​ခင်​နှင့်​အစ်​ကို တို့​အား``သင်​တို့​ထံ​မှ​မျက်​နှာ​သာ​ရ​မည်​ဆို လျှင်​သင်​တို့​တောင်း​သ​မျှ​ကို​ပေး​ပါ​မည်။-

12. သင်​တို့​အ​လို​ရှိ​သ​မျှ​မင်္ဂ​လာ​ကြေး​နှင့် လက်​ဖွဲ့​ပစ္စည်း​ကို​အ​မြင့်​ဆုံး​သတ်​မှတ်​တောင်း ဆို​ကြ​ပါ။ ဒိ​န​ကို​လက်​ထပ်​ခွင့်​ပေး​မည်​ဆို လျှင်​သင်​တို့​တောင်း​ဆို​သ​မျှ​ကို​ပေး​ပါ​မည်'' ဟု​ပြော​လေ​၏။

13. ယာ​ကုပ်​၏​သား​တို့​သည်​မိ​မိ​တို့​၏​နှ​မ​ဒိ​န အား ရှေ​ခင်​က​အ​သ​ရေ​ပျက်​အောင်​ပြု​ကျင့်​ခဲ့ သ​ဖြင့် ရှေ​ခင်​နှင့်​သူ​၏​ဖ​ခင်​ကို​ပ​ရိ​ယာယ်​သုံး ၍​ဖြေ​ကြား​လေ​၏။-

14. သူ​တို့​က``ကျွန်ုပ်​တို့​၏​နှ​မ​ကို​အ​ရေ​ဖျား​လှီး ခြင်း​မင်္ဂ​လာ​မ​ခံ​ရ​သူ​နှင့်​ထိမ်း​မြား​ပေး​ခွင့် မ​ရှိ​ပါ။ ထို​သို့​ပြု​လျှင်​ကျွန်ုပ်​တို့​အ​တွက် ရှက်​ဖွယ်​ဖြစ်​ပါ​သည်။-

15. ကျွန်ုပ်​တို့​သ​ဘော​တူ​လက်​ခံ​နိုင်​မည့်​အ​ချက် တစ်​ချက်​တည်း​သာ​ရှိ​ပါ​သည်။ ထို​အ​ချက်​မှာ သင်​တို့​တွင်​ရှိ​သော​ယောကျာ်း​အား​လုံး​ကျွန်ုပ် တို့​ကဲ့​သို့​အ​ရေ​ဖျား​လှီး​ခြင်း​မင်္ဂ​လာ​ကို ခံ​ရ​မည်​ဖြစ်​သည်။-

16. ထို​သို့​ပြု​လျှင်​ကျွန်ုပ်​တို့​သ​မီး​များ​ကို​သင် တို့​နှင့်​ထိမ်း​မြား​၍ သင်​တို့​သ​မီး​များ​ကို​ကျွန်ုပ် တို့​ထိမ်း​မြား​မည်။ သင်​တို့​ထံ​တွင်​နေ​ထိုင်​ကာ လူ​တစ်​မျိုး​တည်း​ဖြစ်​ရန်​သ​ဘော​တူ​ပါ​မည်။-

17. သို့​ရာ​တွင်​သင်​တို့​က​ကျွန်ုပ်​တို့​၏​တောင်း​ဆို ချက်​ကို​ပယ်​၍ အ​ရေ​ဖျား​လှီး​ခြင်း​မင်္ဂ​လာ ကို​မ​ခံ​ကြ​ပါ​မူ​ကျွန်ုပ်​တို့​သည် နှ​မ​ကို​ပြန် သိမ်း​၍​သင်​တို့​ထံ​မှ​ထွက်​ခွာ​သွား​ပါ​မည်'' ဟု​ပြော​ကြ​လေ​၏။

18. ဟာ​မော်​နှင့်​သူ​၏​သား​ရှေ​ခင်​တို့​အ​တွက်​ထို တောင်း​ဆို​ချက်​ကို​လက်​ခံ​နိုင်​ဖွယ်​ရှိ​၏။ ရှေ​ခင် သည်​ယာ​ကုပ်​၏​သမီး​ကို​အ​လွန်​စွဲ​မက်​နေ သ​ဖြင့်၊-

ကမ္ဘာ​ဦး 34