3. သို့ရာတွင်သူသည်ဒိန၏ရုပ်ရည်ကိုစွဲမက် သဖြင့် မေတ္တာသက်ဝင်လာသောကြောင့်သူ့အား မေတ္တာတုံ့ပြန်ရန်ဖျောင်းဖျလေသည်။-
4. ထို့ကြောင့်ရှေခင်သည်သူ၏ဖခင်အား ဒိနကို လက်ထပ်ယူနိုင်ရန်ကြောင်းလမ်းပေးပါဟု တောင်းပန်လေ၏။
5. ယာကုပ်သည်သူ၏သမီးဒိနမတရားပြု ကျင့်ခံရကြောင်းကိုကြားသိရသော်လည်း သူ ၏သားတို့သည်တိရစ္ဆာန်များကိုစားကျက်၌ ထိန်းကျောင်းရာမှပြန်မရောက်ကြသေးသဖြင့် မည်သို့မျှမပြောဘဲဆိတ်ဆိတ်နေလေ၏။-
6. ယာကုပ်၏သားများစားကျက်ထဲမှပြန်လာ နေခိုက်၊-
7. ရှေခင်၏ဖခင်ဟာမော်သည်ကြောင်းလမ်းရန် ကိစ္စနှင့်ယာကုပ်ထံသို့ရောက်ရှိလာ၏။ ယာကုပ် ၏သားတို့သည်မိမိတို့၏နှမအားရှေခင် ကမတရားပြုကျင့်ခြင်းဖြင့် ဣသရေလ တစ်မျိုးလုံးကိုစော်ကားကြောင်းကြားရသော အခါ မပြုအပ်သောယုတ်မာမှုကိုပြုသော ကြောင့်စိတ်နာ၍အလွန်ဒေါသအမျက်ထွက် ကြလေသည်။-
8. ဟာမော်ကသူတို့အား``ငါ့သားရှေခင်သည် သင်တို့၏သမီးကိုချစ်ကြိုက်နေပါပြီ။ သင်တို့၏သမီးနှင့်ထိမ်းမြားလက်ထပ် ခွင့်ပေးကြပါ။-
9. ငါတို့လူမျိုးနှင့်သင်တို့လူမျိုးထိမ်းမြား နိုင်ရန်သဘောတူကြပါစို့။-
10. သင်တို့ဤပြည်၌ငါတို့နှင့်အတူနေထိုင်ကြ ပါ။ ကြိုက်နှစ်သက်ရာအရပ်ကိုရွေး၍နေကြ ပါ။ လွတ်လပ်စွာရောင်းဝယ်ဖောက်ကားကြပါ။ ပစ္စည်းဥစ္စာကိုလည်းပိုင်ဆိုင်ကြပါ'' ဟုဆို လေ၏။
11. ထိုနောက်ရှေခင်ကဒိန၏ဖခင်နှင့်အစ်ကို တို့အား``သင်တို့ထံမှမျက်နှာသာရမည်ဆို လျှင်သင်တို့တောင်းသမျှကိုပေးပါမည်။-
12. သင်တို့အလိုရှိသမျှမင်္ဂလာကြေးနှင့် လက်ဖွဲ့ပစ္စည်းကိုအမြင့်ဆုံးသတ်မှတ်တောင်း ဆိုကြပါ။ ဒိနကိုလက်ထပ်ခွင့်ပေးမည်ဆို လျှင်သင်တို့တောင်းဆိုသမျှကိုပေးပါမည်'' ဟုပြောလေ၏။
13. ယာကုပ်၏သားတို့သည်မိမိတို့၏နှမဒိန အား ရှေခင်ကအသရေပျက်အောင်ပြုကျင့်ခဲ့ သဖြင့် ရှေခင်နှင့်သူ၏ဖခင်ကိုပရိယာယ်သုံး ၍ဖြေကြားလေ၏။-
14. သူတို့က``ကျွန်ုပ်တို့၏နှမကိုအရေဖျားလှီး ခြင်းမင်္ဂလာမခံရသူနှင့်ထိမ်းမြားပေးခွင့် မရှိပါ။ ထိုသို့ပြုလျှင်ကျွန်ုပ်တို့အတွက် ရှက်ဖွယ်ဖြစ်ပါသည်။-
15. ကျွန်ုပ်တို့သဘောတူလက်ခံနိုင်မည့်အချက် တစ်ချက်တည်းသာရှိပါသည်။ ထိုအချက်မှာ သင်တို့တွင်ရှိသောယောကျာ်းအားလုံးကျွန်ုပ် တို့ကဲ့သို့အရေဖျားလှီးခြင်းမင်္ဂလာကို ခံရမည်ဖြစ်သည်။-
16. ထိုသို့ပြုလျှင်ကျွန်ုပ်တို့သမီးများကိုသင် တို့နှင့်ထိမ်းမြား၍ သင်တို့သမီးများကိုကျွန်ုပ် တို့ထိမ်းမြားမည်။ သင်တို့ထံတွင်နေထိုင်ကာ လူတစ်မျိုးတည်းဖြစ်ရန်သဘောတူပါမည်။-
17. သို့ရာတွင်သင်တို့ကကျွန်ုပ်တို့၏တောင်းဆို ချက်ကိုပယ်၍ အရေဖျားလှီးခြင်းမင်္ဂလာ ကိုမခံကြပါမူကျွန်ုပ်တို့သည် နှမကိုပြန် သိမ်း၍သင်တို့ထံမှထွက်ခွာသွားပါမည်'' ဟုပြောကြလေ၏။
18. ဟာမော်နှင့်သူ၏သားရှေခင်တို့အတွက်ထို တောင်းဆိုချက်ကိုလက်ခံနိုင်ဖွယ်ရှိ၏။ ရှေခင် သည်ယာကုပ်၏သမီးကိုအလွန်စွဲမက်နေ သဖြင့်၊-