13. ယာကုပ်၏သားတို့သည်မိမိတို့၏နှမဒိန အား ရှေခင်ကအသရေပျက်အောင်ပြုကျင့်ခဲ့ သဖြင့် ရှေခင်နှင့်သူ၏ဖခင်ကိုပရိယာယ်သုံး ၍ဖြေကြားလေ၏။-
14. သူတို့က``ကျွန်ုပ်တို့၏နှမကိုအရေဖျားလှီး ခြင်းမင်္ဂလာမခံရသူနှင့်ထိမ်းမြားပေးခွင့် မရှိပါ။ ထိုသို့ပြုလျှင်ကျွန်ုပ်တို့အတွက် ရှက်ဖွယ်ဖြစ်ပါသည်။-
15. ကျွန်ုပ်တို့သဘောတူလက်ခံနိုင်မည့်အချက် တစ်ချက်တည်းသာရှိပါသည်။ ထိုအချက်မှာ သင်တို့တွင်ရှိသောယောကျာ်းအားလုံးကျွန်ုပ် တို့ကဲ့သို့အရေဖျားလှီးခြင်းမင်္ဂလာကို ခံရမည်ဖြစ်သည်။-
16. ထိုသို့ပြုလျှင်ကျွန်ုပ်တို့သမီးများကိုသင် တို့နှင့်ထိမ်းမြား၍ သင်တို့သမီးများကိုကျွန်ုပ် တို့ထိမ်းမြားမည်။ သင်တို့ထံတွင်နေထိုင်ကာ လူတစ်မျိုးတည်းဖြစ်ရန်သဘောတူပါမည်။-
17. သို့ရာတွင်သင်တို့ကကျွန်ုပ်တို့၏တောင်းဆို ချက်ကိုပယ်၍ အရေဖျားလှီးခြင်းမင်္ဂလာ ကိုမခံကြပါမူကျွန်ုပ်တို့သည် နှမကိုပြန် သိမ်း၍သင်တို့ထံမှထွက်ခွာသွားပါမည်'' ဟုပြောကြလေ၏။
18. ဟာမော်နှင့်သူ၏သားရှေခင်တို့အတွက်ထို တောင်းဆိုချက်ကိုလက်ခံနိုင်ဖွယ်ရှိ၏။ ရှေခင် သည်ယာကုပ်၏သမီးကိုအလွန်စွဲမက်နေ သဖြင့်၊-
19. ယာကုပ်၏သားများပေးသောအကြံကို ချက်ချင်းလက်ခံလိုက်လေသည်။ ရှေခင်သည် ကားမိမိ၏အမျိုးသားချင်းတို့တွင်အရေး ပါအရာရောက်ဆုံးသောပ္ဂိုလ်ဖြစ်၏။
20. ဟာမော်နှင့်သူ၏သားရှေခင်တို့သည် မြို့ တံခါးဝရှိစည်းဝေးရာနေရာသို့သွား၍ မြို့သားတို့အား၊-
21. ``ဤသူတို့သည်ငါတို့ကိုဖော်ရွေကြပါ၏။ သူတို့အားငါတို့ပြည်၌နေ၍လွတ်လပ်စွာ သွားလာခွင့်ရှိကြပါစေ။ ငါတို့ပြည်သည် သူတို့နေသာအောင်ကျယ်ဝန်းပါသည်။ ငါ တို့သည်သူတို့၏သမီးများကိုထိမ်းမြား ၍သူတို့ကလည်းငါတို့၏သမီးများကို ထိမ်းမြားပါစေ။-
22. သို့ရာတွင်ငါတို့ယောကျာ်းအားလုံးကသူ တို့နည်းတူ အရေဖျားလှီးခြင်းမင်္ဂလာကို ခံကြပါမှ သူတို့သည်ငါတို့နှင့်အတူနေ ထိုင်၍ ငါတို့နှင့်လူတစ်မျိုးတည်းဖြစ်နိုင်မည် ဟုဆိုပါသည်။-
23. သူတို့အားငါတို့နှင့်အတူနေထိုင်စေရန်သ ဘောတူကြမည်ဆိုလျှင် သူတို့၏သိုး၊ ဆိတ်မှ စ၍တိရစ္ဆာန်များနှင့်ဥစ္စာပစ္စည်းများကိုလည်း ငါတို့ပိုင်ဆိုင်လာမည်မဟုတ်ပါလော'' ဟု ပြောလေ၏။-
24. မြို့သားတို့သည်လည်းဟာမော်နှင့်သူ၏သား ရှေခင်တို့၏အကြံပေးချက်ကိုသဘောတူ လက်ခံ၍ ယောကျာ်းမှန်သမျှအရေဖျားလှီး ခြင်းမင်္ဂလာကိုခံကြ၏။
25. ထိုနောက်သုံးရက်မြောက်သောနေ့၌မြို့သား တို့သည် အရေဖျားလှီးခြင်းကြောင့်ဝေဒနာ ခံနေရစဉ် ယာကုပ်၏သားများဖြစ်ကြသော ဒိန၏အစ်ကိုရှိမောင်နှင့်လေဝိတို့သည်ဋ္ဌား ကိုစွဲကိုင်လျက် မြို့တွင်းသို့အမှတ်မထင်ဝင် ရောက်ပြီးလျှင်ယောကျာ်းရှိသမျှတို့ကိုသတ် လေ၏။-
26. သူတို့သည်ဟာမော်နှင့်သူ၏သားရှေခင်ကို လည်းခုတ်သတ်၍ ရှေခင်၏အိမ်မှဒိနကိုကယ် ယူခဲ့ပြီးလျှင်အိမ်သို့ပြန်လာခဲ့ကြလေ၏။-
27. ယာကုပ်၏အခြားသောသားတို့ကလည်းသူ တို့၏နှမအသရေဖျက်ခံရခြင်းကိုလက်စား ချေရန် မိမိတို့သတ်ခဲ့သောသူတို့ထံသွား၍မြို့ ကိုလုယက်ဖျက်ဆီးကြလေသည်။-
28. သူတို့သည် သိုးအုပ်၊ ဆိတ်အုပ်၊ နွားအုပ်၊ မြည်း အုပ်နှင့်မြို့တွင်းမြို့ပြင်၌ရှိသမျှသော ပစ္စည်းများကိုလုယူခဲ့ကြသည်။-
29. မြို့သားတို့၏အဖိုးတန်ပစ္စည်းရှိသမျှနှင့်၊ သားမယားနှင့်ကလေးသူငယ်အားလုံး၊ အိမ်တွင်း၌တွေ့သမျှသောပစ္စည်းများကို သိမ်းယူခဲ့ကြသည်။
30. ထိုအခါယာကုပ်ကရှိမောင်နှင့်လေဝိတို့ အား``သင်တို့သည်ငါ့ကိုဒုက္ခရောက်စေပြီ။ ဤ ပြည်မှခါနာန်အမျိုးသားနှင့်ဖေရဇိအမျိုး သားတို့သည်ငါ့ကိုမုန်းကြလိမ့်မည်။ ငါ့ထံ၌ လူအင်အားအနည်းငယ်သာရှိသည်။ အကယ်၍ သူတို့စည်းရုံးကြပြီးလျှင်ငါ့ကိုတိုက်ခိုက် ပါက ငါတို့မိသားစုအားလုံးသေကြေ ပျက်စီးရကြလိမ့်မည်'' ဟုပြောလေ၏။