ကမ္ဘာ​ဦး 34:12-27 Common Language Bible (BCL)

12. သင်​တို့​အ​လို​ရှိ​သ​မျှ​မင်္ဂ​လာ​ကြေး​နှင့် လက်​ဖွဲ့​ပစ္စည်း​ကို​အ​မြင့်​ဆုံး​သတ်​မှတ်​တောင်း ဆို​ကြ​ပါ။ ဒိ​န​ကို​လက်​ထပ်​ခွင့်​ပေး​မည်​ဆို လျှင်​သင်​တို့​တောင်း​ဆို​သ​မျှ​ကို​ပေး​ပါ​မည်'' ဟု​ပြော​လေ​၏။

13. ယာ​ကုပ်​၏​သား​တို့​သည်​မိ​မိ​တို့​၏​နှ​မ​ဒိ​န အား ရှေ​ခင်​က​အ​သ​ရေ​ပျက်​အောင်​ပြု​ကျင့်​ခဲ့ သ​ဖြင့် ရှေ​ခင်​နှင့်​သူ​၏​ဖ​ခင်​ကို​ပ​ရိ​ယာယ်​သုံး ၍​ဖြေ​ကြား​လေ​၏။-

14. သူ​တို့​က``ကျွန်ုပ်​တို့​၏​နှ​မ​ကို​အ​ရေ​ဖျား​လှီး ခြင်း​မင်္ဂ​လာ​မ​ခံ​ရ​သူ​နှင့်​ထိမ်း​မြား​ပေး​ခွင့် မ​ရှိ​ပါ။ ထို​သို့​ပြု​လျှင်​ကျွန်ုပ်​တို့​အ​တွက် ရှက်​ဖွယ်​ဖြစ်​ပါ​သည်။-

15. ကျွန်ုပ်​တို့​သ​ဘော​တူ​လက်​ခံ​နိုင်​မည့်​အ​ချက် တစ်​ချက်​တည်း​သာ​ရှိ​ပါ​သည်။ ထို​အ​ချက်​မှာ သင်​တို့​တွင်​ရှိ​သော​ယောကျာ်း​အား​လုံး​ကျွန်ုပ် တို့​ကဲ့​သို့​အ​ရေ​ဖျား​လှီး​ခြင်း​မင်္ဂ​လာ​ကို ခံ​ရ​မည်​ဖြစ်​သည်။-

16. ထို​သို့​ပြု​လျှင်​ကျွန်ုပ်​တို့​သ​မီး​များ​ကို​သင် တို့​နှင့်​ထိမ်း​မြား​၍ သင်​တို့​သ​မီး​များ​ကို​ကျွန်ုပ် တို့​ထိမ်း​မြား​မည်။ သင်​တို့​ထံ​တွင်​နေ​ထိုင်​ကာ လူ​တစ်​မျိုး​တည်း​ဖြစ်​ရန်​သ​ဘော​တူ​ပါ​မည်။-

17. သို့​ရာ​တွင်​သင်​တို့​က​ကျွန်ုပ်​တို့​၏​တောင်း​ဆို ချက်​ကို​ပယ်​၍ အ​ရေ​ဖျား​လှီး​ခြင်း​မင်္ဂ​လာ ကို​မ​ခံ​ကြ​ပါ​မူ​ကျွန်ုပ်​တို့​သည် နှ​မ​ကို​ပြန် သိမ်း​၍​သင်​တို့​ထံ​မှ​ထွက်​ခွာ​သွား​ပါ​မည်'' ဟု​ပြော​ကြ​လေ​၏။

18. ဟာ​မော်​နှင့်​သူ​၏​သား​ရှေ​ခင်​တို့​အ​တွက်​ထို တောင်း​ဆို​ချက်​ကို​လက်​ခံ​နိုင်​ဖွယ်​ရှိ​၏။ ရှေ​ခင် သည်​ယာ​ကုပ်​၏​သမီး​ကို​အ​လွန်​စွဲ​မက်​နေ သ​ဖြင့်၊-

19. ယာ​ကုပ်​၏​သား​များ​ပေး​သော​အ​ကြံ​ကို ချက်​ချင်း​လက်​ခံ​လိုက်​လေ​သည်။ ရှေ​ခင်​သည် ကား​မိ​မိ​၏​အ​မျိုး​သား​ချင်း​တို့​တွင်​အ​ရေး ပါ​အ​ရာ​ရောက်​ဆုံး​သော​ပ္ဂိုလ်​ဖြစ်​၏။

20. ဟာ​မော်​နှင့်​သူ​၏​သား​ရှေ​ခင်​တို့​သည် မြို့ တံ​ခါး​ဝ​ရှိ​စည်း​ဝေး​ရာ​နေ​ရာ​သို့​သွား​၍ မြို့​သား​တို့​အား၊-

21. ``ဤ​သူ​တို့​သည်​ငါ​တို့​ကို​ဖော်​ရွေ​ကြ​ပါ​၏။ သူ​တို့​အား​ငါ​တို့​ပြည်​၌​နေ​၍​လွတ်​လပ်​စွာ သွား​လာ​ခွင့်​ရှိ​ကြ​ပါ​စေ။ ငါ​တို့​ပြည်​သည် သူ​တို့​နေ​သာ​အောင်​ကျယ်​ဝန်း​ပါ​သည်။ ငါ တို့​သည်​သူ​တို့​၏​သ​မီး​များ​ကို​ထိမ်း​မြား ၍​သူ​တို့​က​လည်း​ငါ​တို့​၏​သ​မီး​များ​ကို ထိမ်း​မြား​ပါ​စေ။-

22. သို့​ရာ​တွင်​ငါ​တို့​ယောကျာ်း​အား​လုံး​က​သူ တို့​နည်း​တူ အ​ရေ​ဖျား​လှီး​ခြင်း​မင်္ဂ​လာ​ကို ခံ​ကြ​ပါ​မှ သူ​တို့​သည်​ငါ​တို့​နှင့်​အ​တူ​နေ ထိုင်​၍ ငါ​တို့​နှင့်​လူ​တစ်​မျိုး​တည်း​ဖြစ်​နိုင်​မည် ဟု​ဆို​ပါ​သည်။-

23. သူ​တို့​အား​ငါ​တို့​နှင့်​အ​တူ​နေ​ထိုင်​စေ​ရန်​သ ဘော​တူ​ကြ​မည်​ဆို​လျှင် သူ​တို့​၏​သိုး၊ ဆိတ်​မှ စ​၍​တိ​ရစ္ဆာန်​များ​နှင့်​ဥစ္စာ​ပစ္စည်း​များ​ကို​လည်း ငါ​တို့​ပိုင်​ဆိုင်​လာ​မည်​မ​ဟုတ်​ပါ​လော'' ဟု ပြော​လေ​၏။-

24. မြို့​သား​တို့​သည်​လည်း​ဟာ​မော်​နှင့်​သူ​၏​သား ရှေ​ခင်​တို့​၏​အ​ကြံ​ပေး​ချက်​ကို​သ​ဘော​တူ လက်​ခံ​၍ ယောကျာ်း​မှန်​သ​မျှ​အ​ရေ​ဖျား​လှီး ခြင်း​မင်္ဂ​လာ​ကို​ခံ​ကြ​၏။

25. ထို​နောက်​သုံး​ရက်​မြောက်​သော​နေ့​၌​မြို့​သား တို့​သည် အ​ရေ​ဖျား​လှီး​ခြင်း​ကြောင့်​ဝေ​ဒ​နာ ခံ​နေ​ရ​စဉ် ယာ​ကုပ်​၏​သား​များ​ဖြစ်​ကြ​သော ဒိ​န​၏​အစ်​ကို​ရှိ​မောင်​နှင့်​လေ​ဝိ​တို့​သည်​ဋ္ဌား ကို​စွဲ​ကိုင်​လျက် မြို့​တွင်း​သို့​အ​မှတ်​မ​ထင်​ဝင် ရောက်​ပြီး​လျှင်​ယောကျာ်း​ရှိ​သ​မျှ​တို့​ကို​သတ် လေ​၏။-

26. သူ​တို့​သည်​ဟာ​မော်​နှင့်​သူ​၏​သား​ရှေ​ခင်​ကို လည်း​ခုတ်​သတ်​၍ ရှေ​ခင်​၏​အိမ်​မှ​ဒိ​န​ကို​ကယ် ယူ​ခဲ့​ပြီး​လျှင်​အိမ်​သို့​ပြန်​လာ​ခဲ့​ကြ​လေ​၏။-

27. ယာ​ကုပ်​၏​အ​ခြား​သော​သား​တို့​က​လည်း​သူ တို့​၏​နှ​မ​အ​သ​ရေ​ဖျက်​ခံ​ရ​ခြင်း​ကို​လက်​စား ချေ​ရန် မိ​မိ​တို့​သတ်​ခဲ့​သော​သူ​တို့​ထံ​သွား​၍​မြို့ ကို​လု​ယက်​ဖျက်​ဆီး​ကြ​လေ​သည်။-

ကမ္ဘာ​ဦး 34