ကမ္ဘာ​ဦး 34:12-21 Common Language Bible (BCL)

12. သင်​တို့​အ​လို​ရှိ​သ​မျှ​မင်္ဂ​လာ​ကြေး​နှင့် လက်​ဖွဲ့​ပစ္စည်း​ကို​အ​မြင့်​ဆုံး​သတ်​မှတ်​တောင်း ဆို​ကြ​ပါ။ ဒိ​န​ကို​လက်​ထပ်​ခွင့်​ပေး​မည်​ဆို လျှင်​သင်​တို့​တောင်း​ဆို​သ​မျှ​ကို​ပေး​ပါ​မည်'' ဟု​ပြော​လေ​၏။

13. ယာ​ကုပ်​၏​သား​တို့​သည်​မိ​မိ​တို့​၏​နှ​မ​ဒိ​န အား ရှေ​ခင်​က​အ​သ​ရေ​ပျက်​အောင်​ပြု​ကျင့်​ခဲ့ သ​ဖြင့် ရှေ​ခင်​နှင့်​သူ​၏​ဖ​ခင်​ကို​ပ​ရိ​ယာယ်​သုံး ၍​ဖြေ​ကြား​လေ​၏။-

14. သူ​တို့​က``ကျွန်ုပ်​တို့​၏​နှ​မ​ကို​အ​ရေ​ဖျား​လှီး ခြင်း​မင်္ဂ​လာ​မ​ခံ​ရ​သူ​နှင့်​ထိမ်း​မြား​ပေး​ခွင့် မ​ရှိ​ပါ။ ထို​သို့​ပြု​လျှင်​ကျွန်ုပ်​တို့​အ​တွက် ရှက်​ဖွယ်​ဖြစ်​ပါ​သည်။-

15. ကျွန်ုပ်​တို့​သ​ဘော​တူ​လက်​ခံ​နိုင်​မည့်​အ​ချက် တစ်​ချက်​တည်း​သာ​ရှိ​ပါ​သည်။ ထို​အ​ချက်​မှာ သင်​တို့​တွင်​ရှိ​သော​ယောကျာ်း​အား​လုံး​ကျွန်ုပ် တို့​ကဲ့​သို့​အ​ရေ​ဖျား​လှီး​ခြင်း​မင်္ဂ​လာ​ကို ခံ​ရ​မည်​ဖြစ်​သည်။-

16. ထို​သို့​ပြု​လျှင်​ကျွန်ုပ်​တို့​သ​မီး​များ​ကို​သင် တို့​နှင့်​ထိမ်း​မြား​၍ သင်​တို့​သ​မီး​များ​ကို​ကျွန်ုပ် တို့​ထိမ်း​မြား​မည်။ သင်​တို့​ထံ​တွင်​နေ​ထိုင်​ကာ လူ​တစ်​မျိုး​တည်း​ဖြစ်​ရန်​သ​ဘော​တူ​ပါ​မည်။-

17. သို့​ရာ​တွင်​သင်​တို့​က​ကျွန်ုပ်​တို့​၏​တောင်း​ဆို ချက်​ကို​ပယ်​၍ အ​ရေ​ဖျား​လှီး​ခြင်း​မင်္ဂ​လာ ကို​မ​ခံ​ကြ​ပါ​မူ​ကျွန်ုပ်​တို့​သည် နှ​မ​ကို​ပြန် သိမ်း​၍​သင်​တို့​ထံ​မှ​ထွက်​ခွာ​သွား​ပါ​မည်'' ဟု​ပြော​ကြ​လေ​၏။

18. ဟာ​မော်​နှင့်​သူ​၏​သား​ရှေ​ခင်​တို့​အ​တွက်​ထို တောင်း​ဆို​ချက်​ကို​လက်​ခံ​နိုင်​ဖွယ်​ရှိ​၏။ ရှေ​ခင် သည်​ယာ​ကုပ်​၏​သမီး​ကို​အ​လွန်​စွဲ​မက်​နေ သ​ဖြင့်၊-

19. ယာ​ကုပ်​၏​သား​များ​ပေး​သော​အ​ကြံ​ကို ချက်​ချင်း​လက်​ခံ​လိုက်​လေ​သည်။ ရှေ​ခင်​သည် ကား​မိ​မိ​၏​အ​မျိုး​သား​ချင်း​တို့​တွင်​အ​ရေး ပါ​အ​ရာ​ရောက်​ဆုံး​သော​ပ္ဂိုလ်​ဖြစ်​၏။

20. ဟာ​မော်​နှင့်​သူ​၏​သား​ရှေ​ခင်​တို့​သည် မြို့ တံ​ခါး​ဝ​ရှိ​စည်း​ဝေး​ရာ​နေ​ရာ​သို့​သွား​၍ မြို့​သား​တို့​အား၊-

21. ``ဤ​သူ​တို့​သည်​ငါ​တို့​ကို​ဖော်​ရွေ​ကြ​ပါ​၏။ သူ​တို့​အား​ငါ​တို့​ပြည်​၌​နေ​၍​လွတ်​လပ်​စွာ သွား​လာ​ခွင့်​ရှိ​ကြ​ပါ​စေ။ ငါ​တို့​ပြည်​သည် သူ​တို့​နေ​သာ​အောင်​ကျယ်​ဝန်း​ပါ​သည်။ ငါ တို့​သည်​သူ​တို့​၏​သ​မီး​များ​ကို​ထိမ်း​မြား ၍​သူ​တို့​က​လည်း​ငါ​တို့​၏​သ​မီး​များ​ကို ထိမ်း​မြား​ပါ​စေ။-

ကမ္ဘာ​ဦး 34