1. တစ်နေ့သ၌ယာကုပ်နှင့်လေအာတို့၏သမီး ဒိနသည် ခါနာန်အမျိုးသမီးတို့ထံအလည် အပတ်သွား၏။-
2. ထိုဒေသကိုအစိုးရသောဟိဝိအမျိုးသား ဟာမော်မင်း၏သားရှေခင်သည် ဒိနကိုမြင် လျှင်အဋ္ဌမ္မသိမ်းပိုက်၍မတရားပြုကျင့် လေ၏။-
3. သို့ရာတွင်သူသည်ဒိန၏ရုပ်ရည်ကိုစွဲမက် သဖြင့် မေတ္တာသက်ဝင်လာသောကြောင့်သူ့အား မေတ္တာတုံ့ပြန်ရန်ဖျောင်းဖျလေသည်။-
4. ထို့ကြောင့်ရှေခင်သည်သူ၏ဖခင်အား ဒိနကို လက်ထပ်ယူနိုင်ရန်ကြောင်းလမ်းပေးပါဟု တောင်းပန်လေ၏။
5. ယာကုပ်သည်သူ၏သမီးဒိနမတရားပြု ကျင့်ခံရကြောင်းကိုကြားသိရသော်လည်း သူ ၏သားတို့သည်တိရစ္ဆာန်များကိုစားကျက်၌ ထိန်းကျောင်းရာမှပြန်မရောက်ကြသေးသဖြင့် မည်သို့မျှမပြောဘဲဆိတ်ဆိတ်နေလေ၏။-
6. ယာကုပ်၏သားများစားကျက်ထဲမှပြန်လာ နေခိုက်၊-
7. ရှေခင်၏ဖခင်ဟာမော်သည်ကြောင်းလမ်းရန် ကိစ္စနှင့်ယာကုပ်ထံသို့ရောက်ရှိလာ၏။ ယာကုပ် ၏သားတို့သည်မိမိတို့၏နှမအားရှေခင် ကမတရားပြုကျင့်ခြင်းဖြင့် ဣသရေလ တစ်မျိုးလုံးကိုစော်ကားကြောင်းကြားရသော အခါ မပြုအပ်သောယုတ်မာမှုကိုပြုသော ကြောင့်စိတ်နာ၍အလွန်ဒေါသအမျက်ထွက် ကြလေသည်။-
8. ဟာမော်ကသူတို့အား``ငါ့သားရှေခင်သည် သင်တို့၏သမီးကိုချစ်ကြိုက်နေပါပြီ။ သင်တို့၏သမီးနှင့်ထိမ်းမြားလက်ထပ် ခွင့်ပေးကြပါ။-
9. ငါတို့လူမျိုးနှင့်သင်တို့လူမျိုးထိမ်းမြား နိုင်ရန်သဘောတူကြပါစို့။-
10. သင်တို့ဤပြည်၌ငါတို့နှင့်အတူနေထိုင်ကြ ပါ။ ကြိုက်နှစ်သက်ရာအရပ်ကိုရွေး၍နေကြ ပါ။ လွတ်လပ်စွာရောင်းဝယ်ဖောက်ကားကြပါ။ ပစ္စည်းဥစ္စာကိုလည်းပိုင်ဆိုင်ကြပါ'' ဟုဆို လေ၏။