ကမ္ဘာ​ဦး 33:5-9 Common Language Bible (BCL)

5. ဧ​သော​သည်​မော်​ကြည့်​၍​မိန်း​မ​များ​နှင့်​က​လေး များ​ကို​မြင်​လျှင်``သင်​နှင့်​အ​တူ​ပါ​လာ​သော​ဤ သူ​တို့​ကား​မည်​သူ​တို့​နည်း'' ဟု​မေး​လေ​၏။

6. ယာ​ကုပ်​က``ဘု​ရား​သ​ခင်​သည်​ကျွန်​တော်​အား ပေး​သ​နား​တော်​မူ​သော​သား​သ​မီး​များ​ဖြစ် ပါ​သည်'' ဟု​ဖြေ​၏။ ထို့​နောက်​သူ​၏​မ​ယား​ငယ် တို့​သည် မိ​မိ​တို့​၏​သား​သမီး​များ​နှင့်​အ​တူ ဧ​သော​အ​နီး​သို့​ချဉ်း​ကပ်​၍​ဦး​ညွှတ်​ကြ​၏။-

7. လေ​အာ​နှင့်​သူ​၏​သား​သ​မီး​တို့​နှင့်​ယော​သပ် နှင့်​ရာ​ခေ​လ​တို့​သည် ဧ​သော​အ​နီး​သို့​ချဉ်း ကပ်​၍​ဦး​ညွှတ်​ကြ​၏။

8. ဧ​သော​က``လမ်း​တွင်​ငါ​တွေ့​ခဲ့​သော​တိ​ရစ္ဆာန် အုပ်​များ​ကို​မည်​သည့်​အ​တွက်​ကြောင့်​ရှေ့​က သွား​စေ​သ​နည်း'' ဟု​မေးလျှင်၊ယာ​ကုပ်​က``ကိုယ်​တော်​ထံ​မှ​မျက်​နှာ​သာ​ရ စေ​ရန်​ဖြစ်​ပါ​သည်'' ဟု​ပြန်​ဖြေ​လေ​၏။

9. ထို​အ​ခါ​ဧ​သော​က``ငါ့​ညီ၊ ငါ​၌​ဥစ္စာ​အ​လုံ အ​လောက်​ရှိ​၏။ သင့်​ပစ္စည်း​ကို​ပြန်​ယူ​ပါ'' ဟု ဆို​လေ​၏။

ကမ္ဘာ​ဦး 33