ကမ္ဘာ​ဦး 33:3-15 Common Language Bible (BCL)

3. ယာ​ကုပ်​သည်​ထို​သူ​တို့​ရှေ့​က​သွား​၍​အစ်​ကို ၏​အ​နီး​သို့​ချဉ်း​ကပ်​မိ​လျှင် ခု​နစ်​ကြိမ်​ဦး​ညွှတ် ၍​အ​ရို​အ​သေ​ပြု​လေ​သည်။-

4. ထို​အ​ခါ​ဧ​သော​သည်​ပြေး​၍​ယာ​ကုပ်​ကို​ဖက် ယမ်း​နမ်း​ရှုပ်​လေ​သည်။ သူ​တို့​နှစ်​ဦး​ငို​ကြွေး​ကြ ၏။-

5. ဧ​သော​သည်​မော်​ကြည့်​၍​မိန်း​မ​များ​နှင့်​က​လေး များ​ကို​မြင်​လျှင်``သင်​နှင့်​အ​တူ​ပါ​လာ​သော​ဤ သူ​တို့​ကား​မည်​သူ​တို့​နည်း'' ဟု​မေး​လေ​၏။

6. ယာ​ကုပ်​က``ဘု​ရား​သ​ခင်​သည်​ကျွန်​တော်​အား ပေး​သ​နား​တော်​မူ​သော​သား​သ​မီး​များ​ဖြစ် ပါ​သည်'' ဟု​ဖြေ​၏။ ထို့​နောက်​သူ​၏​မ​ယား​ငယ် တို့​သည် မိ​မိ​တို့​၏​သား​သမီး​များ​နှင့်​အ​တူ ဧ​သော​အ​နီး​သို့​ချဉ်း​ကပ်​၍​ဦး​ညွှတ်​ကြ​၏။-

7. လေ​အာ​နှင့်​သူ​၏​သား​သ​မီး​တို့​နှင့်​ယော​သပ် နှင့်​ရာ​ခေ​လ​တို့​သည် ဧ​သော​အ​နီး​သို့​ချဉ်း ကပ်​၍​ဦး​ညွှတ်​ကြ​၏။

8. ဧ​သော​က``လမ်း​တွင်​ငါ​တွေ့​ခဲ့​သော​တိ​ရစ္ဆာန် အုပ်​များ​ကို​မည်​သည့်​အ​တွက်​ကြောင့်​ရှေ့​က သွား​စေ​သ​နည်း'' ဟု​မေးလျှင်၊ယာ​ကုပ်​က``ကိုယ်​တော်​ထံ​မှ​မျက်​နှာ​သာ​ရ စေ​ရန်​ဖြစ်​ပါ​သည်'' ဟု​ပြန်​ဖြေ​လေ​၏။

9. ထို​အ​ခါ​ဧ​သော​က``ငါ့​ညီ၊ ငါ​၌​ဥစ္စာ​အ​လုံ အ​လောက်​ရှိ​၏။ သင့်​ပစ္စည်း​ကို​ပြန်​ယူ​ပါ'' ဟု ဆို​လေ​၏။

10. ယာ​ကုပ်​က``ကိုယ်​တော်​၏​ထံ​မှ​မျက်​နှာ​သာ​ရ သည်​မှန်​လျှင် ကျွန်​တော်​ဆက်​သ​သော​လက်​ဆောင် များ​ကို​လက်​ခံ​တော်​မူ​ပါ။ ကိုယ်​တော်​သည်​ကျွန် တော်​ကို​ကြည်​ဖြူ​စွာ​ကြို​ဆို​ပါ​ပြီ။ ကိုယ်​တော် ၏​မျက်​နှာ​ကို​မြင်​ရ​သည်​မှာ​ဘု​ရား​သ​ခင်​၏ မျက်​နှာ​တော်​ကို​ဖူး​မြင်​ရ​သ​ကဲ့​သို့​ပင်​ဖြစ် ပါ​သည်။-

11. ကိုယ်​တော်​ထံ​သို့​ယ​ခု​ကျွန်​တော်​ယူ​ဆောင်​လာ သော​လက်​ဆောင်​များ​ကို​လက်​ခံ​ပါ။ ဘု​ရား​သ​ခင်​သည်​ကျွန်​တော်​လို​သ​မျှ​ကို​ပေး​သ​နား တော်​မူ​ပါ​ပြီ'' ဟု​မ​နေ​မ​နား​တိုက်​တွန်း သ​ဖြင့်​ဧ​သော​သည်​လက်​ဆောင်​များ​ကို လက်​ခံ​လိုက်​လေ​သည်။

12. ထို​နောက်​ဧသော​က``သွား​ကြ​စို့။ သင့်​အ​ရှေ့​မှာ ငါ​သွား​မည်'' ဟု​ပြော​၏။

13. ယာ​ကုပ်​က``ကိုယ်​တော်​သိ​သည်​အ​တိုင်း​ကျွန် တော်​၏​က​လေး​များ​သည်​နု​နယ်​ကြ​ပါ​၏။ နို့​စို့​သား​ငယ်​များ​ပါ​သော​သိုး၊ ဆိတ်၊ နွား​တို့ ကို​လည်း​ညှာ​ရ​ပါ​မည်။ တိ​ရစ္ဆာန်​တို့​ကို​တစ်​နေ့ မျှ​ခ​ရီး​ပြင်း​နှင်​လျှင်​တစ်​အုပ်​လုံး​သေ​ဆုံး ကုန်​ပါ​လိမ့်​မည်။-

14. ကိုယ်​တော်​သွား​နှင့်​ပါ။ ကျွန်​တော်​တိ​ရစ္ဆာန်​များ၊ က​လေး​များ​နှင့်​ခ​ရီး​တွင်​နိုင်​သ​မျှ​ဖြင့်​အစ် ကို​ရှိ​ရာ​ဧ​ဒုံ​ပြည်​သို့​ရောက်​အောင်​တ​ဖြည်း ဖြည်း​လိုက်​ခဲ့​ပါ​မည်'' ဟု​ဆို​၏။

15. ထို​အ​ခါ​ဧသော​က``ထို​သို့​ဆို​လျှင်​ကာ​ကွယ် စောင့်​ရှောက်​ရန်​ငါ့​လူ​အ​ချို့​ကို​သင့်​ထံ​၌ ထား​ခဲ့​မည်'' ဟု​ပြော​၏။ယာ​ကုပ်​က``ကျွန်​တော်​အ​တွက်​အ​စောင့်​အ​ရှောက် မ​လို​ပါ။ ကိုယ်​တော်​၏​ထံ​မှ​မျက်​နှာ​သာ​ရ​ရှိ နိုင်​ရန်​သာ​တောင်း​လျှောက်​လို​ပါ​သည်'' ဟု​ဖြေ လေ​၏။-

ကမ္ဘာ​ဦး 33