ကမ္ဘာ​ဦး 33:13-20 Common Language Bible (BCL)

13. ယာ​ကုပ်​က``ကိုယ်​တော်​သိ​သည်​အ​တိုင်း​ကျွန် တော်​၏​က​လေး​များ​သည်​နု​နယ်​ကြ​ပါ​၏။ နို့​စို့​သား​ငယ်​များ​ပါ​သော​သိုး၊ ဆိတ်၊ နွား​တို့ ကို​လည်း​ညှာ​ရ​ပါ​မည်။ တိ​ရစ္ဆာန်​တို့​ကို​တစ်​နေ့ မျှ​ခ​ရီး​ပြင်း​နှင်​လျှင်​တစ်​အုပ်​လုံး​သေ​ဆုံး ကုန်​ပါ​လိမ့်​မည်။-

14. ကိုယ်​တော်​သွား​နှင့်​ပါ။ ကျွန်​တော်​တိ​ရစ္ဆာန်​များ၊ က​လေး​များ​နှင့်​ခ​ရီး​တွင်​နိုင်​သ​မျှ​ဖြင့်​အစ် ကို​ရှိ​ရာ​ဧ​ဒုံ​ပြည်​သို့​ရောက်​အောင်​တ​ဖြည်း ဖြည်း​လိုက်​ခဲ့​ပါ​မည်'' ဟု​ဆို​၏။

15. ထို​အ​ခါ​ဧသော​က``ထို​သို့​ဆို​လျှင်​ကာ​ကွယ် စောင့်​ရှောက်​ရန်​ငါ့​လူ​အ​ချို့​ကို​သင့်​ထံ​၌ ထား​ခဲ့​မည်'' ဟု​ပြော​၏။ယာ​ကုပ်​က``ကျွန်​တော်​အ​တွက်​အ​စောင့်​အ​ရှောက် မ​လို​ပါ။ ကိုယ်​တော်​၏​ထံ​မှ​မျက်​နှာ​သာ​ရ​ရှိ နိုင်​ရန်​သာ​တောင်း​လျှောက်​လို​ပါ​သည်'' ဟု​ဖြေ လေ​၏။-

16. ထို​နေ့​၌​ဧ​သော​သည်​ဧ​ဒုံ​ပြည်​သို့​ပြန်​သွား လေ​သည်။-

17. ယာ​ကုပ်​က​မူ​သု​ကုတ်​အ​ရပ်​သို့​သွား​၍ ထို အ​ရပ်​တွင်​သူ​နေ​ထိုင်​ရန်​အိမ်​နှင့်​တိ​ရစ္ဆာန် များ​အ​တွက် တင်း​ကုပ်​များ​ကို​တည်​ဆောက် လေ​၏။ ထို​ကြောင့်​ထို​အ​ရပ်​ကို​သု​ကုတ်​ဟု ခေါ်​တွင်​လေ​သည်။

18. ယာ​ကုပ်​သည်​ပါ​ဒ​နာ​ရံ​ပြည်​မြောက်​ပိုင်း​မှ ပြန်​လာ​ရာ ခါ​နာန်​ပြည်​ရှိ​ရှေ​ခင်​မြို့​သို့​လုံ ခြုံ​စွာ​ရောက်​ရှိ​လာ​၍​မြို့​နား​ရှိ​မြေ​ကွက် တွင်​စ​ခန်း​ချ​လေ​၏။-

19. သူ​သည်​ထို​မြေ​ကွက်​ကို​ရှေ​ခင်​၏​အ​ဖ ဟာ​မော်​၏​သား​ချင်း​တို့​ထံ​မှ​ငွေ​သား တစ်​ရာ​ပေး​၍​ဝယ်​ယူ​လေ​သည်။-

20. ထို​အ​ရပ်​တွင်​ယဇ်​ပလ္လင်​ကို​တည်​၍ ပလ္လင်​ကို ဣ​သ​ရေ​လ​၏​ဘု​ရား​တည်း​ဟူ​သော​ဧ​လေ လော​ဟု​သ​မုတ်​လေ​၏။

ကမ္ဘာ​ဦး 33