8. အဘယ်ကြောင့်ဆိုသော်သူက``ဧသောရောက် လာ၍ပထမအစုကိုတိုက်ခိုက်သည်ရှိသော် ကျန်တစ်စုကားလွတ်မြောက်နိုင်လိမ့်မည်'' ဟု တွေးတောမိသောကြောင့်တည်း။
9. ထိုနောက်ယာကုပ်က``အကျွန်ုပ်၏အဘိုး အာဗြဟံနှင့်အကျွန်ုပ်၏ဖခင်ဣဇာက်တို့ ၏ဘုရားသခင်၊ အကျွန်ုပ်၏ဆုတောင်းသံကို နားညောင်းတော်မူပါ။ ကိုယ်တော်ရှင်က`သင်၏ ပြည်၊ သင်၏ဆွေမျိုးသားချင်းတို့ထံသို့ပြန် လော့။ ငါသည်သင့်ကိုကြီးပွားစေမည်' ဟု မိန့်တော်မူပါ၏။-
10. ကိုယ်တော်အမြဲထားတော်မူသောကရုဏာ တော်နှင့်ကိုယ်တော်၏ကျွန်သည်မထိုက်တန် ပါ။ အကျွန်ုပ်သည်ယော်ဒန်မြစ်ကိုဖြတ်ကူး စဉ်အခါက အကျွန်ုပ်၌လက်ကိုင်တောင်ဝှေး တစ်ချောင်းသာပါသွားသော်လည်း ယခုမှာ မူဤလူစုနှစ်စုပါလျက်ပြန်လာခဲ့ရ ပါသည်။-
11. အကျွန်ုပ်၏အစ်ကိုဧသော၏လက်မှအကျွန်ုပ် အားကယ်တင်ရန်တောင်းလျှောက်ပါ၏။ သူ သည်မိန်းမနှင့်ကလေးများအပါအဝင် အကျွန်ုပ်တို့အားလုံးအားတိုက်ခိုက်ဖျက် ဆီးမည်ကိုအကျွန်ုပ်စိုးရိမ်ကြောက်ရွံ့ပါ၏။-
12. ကိုယ်တော်က`သင့်ကိုကြီးပွားစေမည်။ သင်၏ အဆက်အနွယ်များကိုပင်လယ်ကမ်းခြေရှိ သဲပွင့်များကဲ့သို့ မရေမတွက်နိုင်အောင်များ ပြားစေမည်' ဟူသောကတိတော်ကိုသတိရ တော်မူပါ'' ဟုတောင်းလျှောက်လေသည်။
16. ထိုတိရစ္ဆာန်များကိုအုပ်လိုက်ခွဲပြီးလျှင် တစ် အုပ်စီကိုအစေခံတစ်ယောက်ကျအုပ်ထိန်း စေ၏။ ထိုနောက်အစေခံတို့အား``သင်တို့သည် တစ်အုပ်နှင့်တစ်အုပ်ရှေ့နောက်ခြား၍ငါ့ရှေ့ မှသွားကြလော့'' ဟုမှာကြားလေသည်။-
17. ရှေ့ဆုံးမှသွားရသောအစေခံအား``ငါ၏ အစ်ကိုဧသောကသင့်ကိုတွေ့၍`သင်၏သခင် ကားမည်သူနည်း၊ မည်သည့်အရပ်သို့သွား မည်နည်း။ သင့်ရှေ့၌ရှိသောတိရစ္ဆာန်တို့ကို မည်သူပိုင်သနည်း' ဟုမေးလျှင်၊-
18. `ကိုယ်တော်၏အစေခံယာကုပ်ပိုင်ပါသည်။ သခင်ဧသောအားဆက်သလိုက်သောလက် ဆောင်များဖြစ်ပါသည်။ ယာကုပ်ကိုယ်တိုင် အကျွန်ုပ်တို့နောက်မှလိုက်ပါလာပါသည်' ဟူ၍ညွှန်ကြားလေသည်။-
19. ထိုနည်းတူဒုတိယအစေခံ၊ တတိယ အစေခံမှစ၍ တိရစ္ဆာန်အုပ်တို့ကိုအုပ် ထိန်းရသူအပေါင်းတို့အား၊-