ကမ္ဘာ​ဦး 32:16-30 Common Language Bible (BCL)

16. ထို​တိ​ရစ္ဆာန်​များ​ကို​အုပ်​လိုက်​ခွဲ​ပြီး​လျှင် တစ် အုပ်​စီ​ကို​အ​စေ​ခံ​တစ်​ယောက်​ကျ​အုပ်​ထိန်း စေ​၏။ ထို​နောက်​အ​စေ​ခံ​တို့​အား``သင်​တို့​သည် တစ်​အုပ်​နှင့်​တစ်​အုပ်​ရှေ့​နောက်​ခြား​၍​ငါ့​ရှေ့ မှ​သွား​ကြ​လော့'' ဟု​မှာ​ကြား​လေ​သည်။-

17. ရှေ့​ဆုံး​မှ​သွား​ရ​သော​အ​စေ​ခံ​အား``ငါ​၏ အစ်​ကို​ဧသော​က​သင့်​ကို​တွေ့​၍`သင်​၏​သ​ခင် ကား​မည်​သူ​နည်း၊ မည်​သည့်​အ​ရပ်​သို့​သွား မည်​နည်း။ သင့်​ရှေ့​၌​ရှိ​သော​တိရစ္ဆာန်​တို့​ကို မည်​သူ​ပိုင်​သ​နည်း' ဟု​မေး​လျှင်၊-

18. `ကိုယ်​တော်​၏​အ​စေ​ခံ​ယာ​ကုပ်​ပိုင်​ပါ​သည်။ သ​ခင်​ဧ​သော​အား​ဆက်​သ​လိုက်​သော​လက် ဆောင်​များ​ဖြစ်​ပါ​သည်။ ယာ​ကုပ်​ကိုယ်​တိုင် အ​ကျွန်ုပ်​တို့​နောက်​မှ​လိုက်​ပါ​လာ​ပါ​သည်' ဟူ​၍​ညွှန်​ကြား​လေ​သည်။-

19. ထို​နည်း​တူ​ဒု​တိ​ယ​အ​စေ​ခံ၊ တ​တိ​ယ အ​စေ​ခံ​မှ​စ​၍ တိ​ရစ္ဆာန်​အုပ်​တို့​ကို​အုပ် ထိန်း​ရ​သူ​အ​ပေါင်း​တို့​အား၊-

20. သင်​တို့​သည်​ဧ​သော​နှင့်​တွေ့​သော​အ​ခါ`ကိုယ်​တော် ၏​အ​စေ​ခံ​ယာ​ကုပ်​သည်​ကျွန်ုပ်​တို့​နောက်​မှ​လိုက် ပါ​လာ​ပါ​သည်' ဟု​ပြော​ရ​မည်'' ဟူ​၍​မှာ​ကြား ၏။ ယာ​ကုပ်​က``ယ​ခု​ပေး​လိုက်​သော​လက်​ဆောင် များ​အား​ဖြင့် အစ်​ကို​၏​စိတ်​ကို​ပြေ​စေ​၍​သူ နှင့်​တွေ့​ဆုံ​ရ​သော​အ​ခါ ငါ့​အ​ပြစ်​ကို​ခွင့် လွှတ်​ကောင်း​ခွင့်​လွှတ်​ပေ​လိမ့်​မည်'' ဟု စိတ်​ကူး​မိ​လေ​၏။-

21. သူ​သည်​လက်​ဆောင်​များ​ကို​ကြို​တင်​ပို့​ပြီး နောက်​ထို​ည​တွင်​စ​ခန်း​၌​အိပ်​လေ​၏။

22. ထို​ည​ချင်း​တွင်း​ယာကုပ်​သည်​ထ​၍​မ​ယား​နှစ် ယောက်၊ မ​ယား​ငယ်​နှစ်​ယောက်၊ သား​သ​မီး​တစ် ဆယ့်​တစ်​ယောက်​တို့​ကို​ခေါ်​ဆောင်​လျက်​ယဗ္ဗုတ် မြစ်​ကို​ဖြတ်​ကူး​စေ​၏။-

23. သား​မ​ယား​တို့​နှင့်​အ​တူ​ပိုင်​သ​မျှ​ဥစ္စာ​ပစ္စည်း တို့​ကို​တစ်​ဖက်​ကမ်း​သို့​ပို့​လေ​၏။-

24. ယာ​ကုပ်​က​မူ​တစ်​ယောက်​တည်း​နေ​ရစ်​ခဲ့​လေ သည်။ထို​အ​ခါ​လူ​တစ်​ယောက်​သည်​မိုး​လင်း​အံ့​ဆဲ ဆဲ​တိုင်​အောင်​သူ​နှင့်​န​ပန်း​လုံး​လေ​၏။-

25. ထို​သူ​သည်​မ​နိုင်​မှန်း​သိ​သော​အ​ခါ​ယာ​ကုပ် ၏​တင်​ပါး​ကို​ထိုး​သ​ဖြင့်​အ​ဆစ်​ပြုတ်​လေ​၏။-

26. ထို​သူ​က``ငါ့​ကို​လွှတ်​ပါ။ မိုး​လင်း​လု​ပြီ'' ဟု​ဆို​လေ​၏။ယာ​ကုပ်​က``အ​ကျွန်ုပ်​ကို​ကောင်း​ချီး​ပေး​မှ​လွှတ် မည်'' ဟု​ပြော​၏။

27. ထို​သူ​က​လည်း``သင်​၏​နာ​မည်​ကား​အ​ဘယ် နည်း'' ဟု​မေး​၏။``ယာ​ကုပ်'' ဟု​ပြန်​ဖြေ​၏။

28. ထို​သူ​က``နောင်​တွင်​သင်​၏​နာမည်​ကို`ယာ​ကုပ်' ဟူ ၍​မ​ခေါ်​စေ​ရ။ သင်​သည်​ဘု​ရား​နှင့်​သော်​လည်း ကောင်း၊ လူ​နှင့်​သော်​လည်း​ကောင်း​ဆိုင်​ပြိုင်​၍​အ​နိုင် ရ​ခဲ့​သော​ကြောင့်​သင်​၏​နာ​မည်​မှာ`ဣ​သ​ရေ​လ' ဟူ​၍​ဖြစ်​ရ​မည်'' ဟု​ဆို​လေ​၏။

29. ယာ​ကုပ်​က``ကိုယ်​တော်​၏​နာမ​ကို​သိ​ပါ​ရ​စေ'' ဟု​လျှောက်​လေ​၏။ထို​သူ​က``သင်​သည်​ငါ​၏​နာ​မ​ကို​အ​ဘယ် ကြောင့်​သိ​လို​သ​နည်း'' ဟု​မေး​၏။ ထို​နောက် ယာ​ကုပ်​ကို​ကောင်း​ချီး​ပေး​လေ​၏။

30. ယာ​ကုပ်​က``ငါ​သည်​ဘု​ရား​သ​ခင်​ကို​မျက်​နှာ ချင်း​ဆိုင်​ဖူး​တွေ့​ရ​သော်​လည်း အ​သက်​ချမ်း သာ​ရ​လျက်​ရှိ​သေး​၏'' ဟု​ဆို​၍​ထို​အ​ရပ် ကို​ပေ​နွေ​လ​ဟု​သ​မုတ်​လေ​၏။-

ကမ္ဘာ​ဦး 32