ကမ္ဘာ​ဦး 32:1-5 Common Language Bible (BCL)

1. ယာ​ကုပ်​သည်​ခ​ရီး​ဆက်​လက်​သွား​စဉ် ဘု​ရား​သ​ခင်​၏ ကောင်း​ကင်​တ​မန်​တို့​နှင့်​တွေ့​ဆုံ​လေ သည်။-

2. ကောင်း​ကင်​တ​မန်​တို့​ကို​မြင်​လျှင်​ယာ​ကုပ် က``ဤ​အ​ရပ်​ကား​ဘု​ရား​သ​ခင်​၏​တပ်​တော် ဖြစ်​သည်'' ဟု​ဆို​၍​၎င်း​ကို​မ​ဟာ​နိမ်​ဟု​မှည့် ခေါ်​လေ​သည်။

3. ယာ​ကုပ်​သည်​ဧ​ဒုံ​ပြည်​တွင်​ရှိ​သော​သူ​၏​အစ် ကို​ဧ​သော​ထံ​သို့ စေ​တ​မန်​များ​ကို​ရှေ့​ပြေး အ​ဖြစ်​စေ​လွှတ်​လေ​၏။-

4. ထို​စေ​တ​မန်​တို့​အား``ကိုယ်​တော်​၏​အ​စေ​ခံ ယာ​ကုပ်​က`ကျွန်ုပ်​သည်​လာ​ဗန်​နှင့်​အ​တူ​နေ ထိုင်​ပြီး​ယ​ခု​မှ​ပြန်​ခဲ့​ရ​ပါ​သည်။-

5. ကျွန်ုပ်​တွင်​နွား၊ မြည်း၊ သိုး၊ ဆိတ်​နှင့်​ကျွန်​များ​ရှိ ပါ​သည်။ ကိုယ်​တော်​ထံ​၌​ကျွန်ုပ်​မျက်​နှာ​သာ​ရ နိုင်​မည်​ဟု​မျှော်​လင့်​လျက် ဤ​သို့​သ​တင်း​ပို့ လျှောက်​ထား​ပါ​သည်' ဟု​ပြော​လော့'' ဟု​မှာ ကြား​လိုက်​လေ​သည်။

13-15. ယာ​ကုပ်​သည်​ထို​အ​ရပ်​တွင်​တစ်​ည​တည်း​ခို ပြီး​နောက် အစ်​ကို​ဧ​သော​အား​လက်​ဆောင်​ပေး ရန် မိ​မိ​၏​တိ​ရစ္ဆာန်​အုပ်​ထဲ​မှ​ဆိတ်​မ​နှစ်​ရာ နှင့်​ဆိတ်​ထီး​နှစ်​ဆယ်၊ သိုး​မ​နှစ်​ရာ​နှင့်​သိုး ထီး​နှစ်​ဆယ်၊ နို့​စား​ကု​လား​အုတ်​မ​သုံး​ဆယ် နှင့်​သား​ကောင်​ငယ်​များ၊ နွား​မ​လေး​ဆယ်​နှင့် နွား​ထီး​ဆယ်​ကောင်၊ မြည်း​မ​နှစ်​ဆယ်​နှင့် မြည်း​ထီး​ဆယ်​ကောင်​တို့​ကို​ရွေး​ယူ​လေ​၏။-

ကမ္ဘာ​ဦး 32