1. ယာကုပ်သည်ခရီးဆက်လက်သွားစဉ် ဘုရားသခင်၏ ကောင်းကင်တမန်တို့နှင့်တွေ့ဆုံလေ သည်။-
2. ကောင်းကင်တမန်တို့ကိုမြင်လျှင်ယာကုပ် က``ဤအရပ်ကားဘုရားသခင်၏တပ်တော် ဖြစ်သည်'' ဟုဆို၍၎င်းကိုမဟာနိမ်ဟုမှည့် ခေါ်လေသည်။
3. ယာကုပ်သည်ဧဒုံပြည်တွင်ရှိသောသူ၏အစ် ကိုဧသောထံသို့ စေတမန်များကိုရှေ့ပြေး အဖြစ်စေလွှတ်လေ၏။-
4. ထိုစေတမန်တို့အား``ကိုယ်တော်၏အစေခံ ယာကုပ်က`ကျွန်ုပ်သည်လာဗန်နှင့်အတူနေ ထိုင်ပြီးယခုမှပြန်ခဲ့ရပါသည်။-
5. ကျွန်ုပ်တွင်နွား၊ မြည်း၊ သိုး၊ ဆိတ်နှင့်ကျွန်များရှိ ပါသည်။ ကိုယ်တော်ထံ၌ကျွန်ုပ်မျက်နှာသာရ နိုင်မည်ဟုမျှော်လင့်လျက် ဤသို့သတင်းပို့ လျှောက်ထားပါသည်' ဟုပြောလော့'' ဟုမှာ ကြားလိုက်လေသည်။
6. စေတမန်တို့သည်ယာကုပ်ထံသို့ပြန်ရောက် လာ၍ ``ကျွန်ုပ်တို့သည်ကိုယ်တော်၏အစ်ကို ဧသောထံသို့ရောက်ခဲ့ပါသည်။ သူသည်လည်း ကိုယ်တော်နှင့်တွေ့ဆုံရန်လာနေပါပြီ။ သူ့ ထံ၌လူအင်အားလေးရာရှိပါသည်'' ဟု ပြန်ကြားကြသည်။-
7. ထိုအခါယာကုပ်သည်အလွန်ကြောက်ရွံ့၍ စိတ်ပူပန်သဖြင့် သူနှင့်အတူရှိသောသူတို့ ကိုလည်းကောင်း၊ သိုး၊ ဆိတ်၊ နွားနှင့်ကုလားအုတ် တို့ကိုလည်းကောင်းနှစ်စုခွဲ၍ထားလိုက်၏။-
8. အဘယ်ကြောင့်ဆိုသော်သူက``ဧသောရောက် လာ၍ပထမအစုကိုတိုက်ခိုက်သည်ရှိသော် ကျန်တစ်စုကားလွတ်မြောက်နိုင်လိမ့်မည်'' ဟု တွေးတောမိသောကြောင့်တည်း။
9. ထိုနောက်ယာကုပ်က``အကျွန်ုပ်၏အဘိုး အာဗြဟံနှင့်အကျွန်ုပ်၏ဖခင်ဣဇာက်တို့ ၏ဘုရားသခင်၊ အကျွန်ုပ်၏ဆုတောင်းသံကို နားညောင်းတော်မူပါ။ ကိုယ်တော်ရှင်က`သင်၏ ပြည်၊ သင်၏ဆွေမျိုးသားချင်းတို့ထံသို့ပြန် လော့။ ငါသည်သင့်ကိုကြီးပွားစေမည်' ဟု မိန့်တော်မူပါ၏။-
10. ကိုယ်တော်အမြဲထားတော်မူသောကရုဏာ တော်နှင့်ကိုယ်တော်၏ကျွန်သည်မထိုက်တန် ပါ။ အကျွန်ုပ်သည်ယော်ဒန်မြစ်ကိုဖြတ်ကူး စဉ်အခါက အကျွန်ုပ်၌လက်ကိုင်တောင်ဝှေး တစ်ချောင်းသာပါသွားသော်လည်း ယခုမှာ မူဤလူစုနှစ်စုပါလျက်ပြန်လာခဲ့ရ ပါသည်။-
11. အကျွန်ုပ်၏အစ်ကိုဧသော၏လက်မှအကျွန်ုပ် အားကယ်တင်ရန်တောင်းလျှောက်ပါ၏။ သူ သည်မိန်းမနှင့်ကလေးများအပါအဝင် အကျွန်ုပ်တို့အားလုံးအားတိုက်ခိုက်ဖျက် ဆီးမည်ကိုအကျွန်ုပ်စိုးရိမ်ကြောက်ရွံ့ပါ၏။-
12. ကိုယ်တော်က`သင့်ကိုကြီးပွားစေမည်။ သင်၏ အဆက်အနွယ်များကိုပင်လယ်ကမ်းခြေရှိ သဲပွင့်များကဲ့သို့ မရေမတွက်နိုင်အောင်များ ပြားစေမည်' ဟူသောကတိတော်ကိုသတိရ တော်မူပါ'' ဟုတောင်းလျှောက်လေသည်။
13-15. ယာကုပ်သည်ထိုအရပ်တွင်တစ်ညတည်းခို ပြီးနောက် အစ်ကိုဧသောအားလက်ဆောင်ပေး ရန် မိမိ၏တိရစ္ဆာန်အုပ်ထဲမှဆိတ်မနှစ်ရာ နှင့်ဆိတ်ထီးနှစ်ဆယ်၊ သိုးမနှစ်ရာနှင့်သိုး ထီးနှစ်ဆယ်၊ နို့စားကုလားအုတ်မသုံးဆယ် နှင့်သားကောင်ငယ်များ၊ နွားမလေးဆယ်နှင့် နွားထီးဆယ်ကောင်၊ မြည်းမနှစ်ဆယ်နှင့် မြည်းထီးဆယ်ကောင်တို့ကိုရွေးယူလေ၏။-
16. ထိုတိရစ္ဆာန်များကိုအုပ်လိုက်ခွဲပြီးလျှင် တစ် အုပ်စီကိုအစေခံတစ်ယောက်ကျအုပ်ထိန်း စေ၏။ ထိုနောက်အစေခံတို့အား``သင်တို့သည် တစ်အုပ်နှင့်တစ်အုပ်ရှေ့နောက်ခြား၍ငါ့ရှေ့ မှသွားကြလော့'' ဟုမှာကြားလေသည်။-
17. ရှေ့ဆုံးမှသွားရသောအစေခံအား``ငါ၏ အစ်ကိုဧသောကသင့်ကိုတွေ့၍`သင်၏သခင် ကားမည်သူနည်း၊ မည်သည့်အရပ်သို့သွား မည်နည်း။ သင့်ရှေ့၌ရှိသောတိရစ္ဆာန်တို့ကို မည်သူပိုင်သနည်း' ဟုမေးလျှင်၊-
18. `ကိုယ်တော်၏အစေခံယာကုပ်ပိုင်ပါသည်။ သခင်ဧသောအားဆက်သလိုက်သောလက် ဆောင်များဖြစ်ပါသည်။ ယာကုပ်ကိုယ်တိုင် အကျွန်ုပ်တို့နောက်မှလိုက်ပါလာပါသည်' ဟူ၍ညွှန်ကြားလေသည်။-
19. ထိုနည်းတူဒုတိယအစေခံ၊ တတိယ အစေခံမှစ၍ တိရစ္ဆာန်အုပ်တို့ကိုအုပ် ထိန်းရသူအပေါင်းတို့အား၊-
20. သင်တို့သည်ဧသောနှင့်တွေ့သောအခါ`ကိုယ်တော် ၏အစေခံယာကုပ်သည်ကျွန်ုပ်တို့နောက်မှလိုက် ပါလာပါသည်' ဟုပြောရမည်'' ဟူ၍မှာကြား ၏။ ယာကုပ်က``ယခုပေးလိုက်သောလက်ဆောင် များအားဖြင့် အစ်ကို၏စိတ်ကိုပြေစေ၍သူ နှင့်တွေ့ဆုံရသောအခါ ငါ့အပြစ်ကိုခွင့် လွှတ်ကောင်းခွင့်လွှတ်ပေလိမ့်မည်'' ဟု စိတ်ကူးမိလေ၏။-
21. သူသည်လက်ဆောင်များကိုကြိုတင်ပို့ပြီး နောက်ထိုညတွင်စခန်း၌အိပ်လေ၏။