ကမ္ဘာ​ဦး 32:1-11 Common Language Bible (BCL)

1. ယာ​ကုပ်​သည်​ခ​ရီး​ဆက်​လက်​သွား​စဉ် ဘု​ရား​သ​ခင်​၏ ကောင်း​ကင်​တ​မန်​တို့​နှင့်​တွေ့​ဆုံ​လေ သည်။-

2. ကောင်း​ကင်​တ​မန်​တို့​ကို​မြင်​လျှင်​ယာ​ကုပ် က``ဤ​အ​ရပ်​ကား​ဘု​ရား​သ​ခင်​၏​တပ်​တော် ဖြစ်​သည်'' ဟု​ဆို​၍​၎င်း​ကို​မ​ဟာ​နိမ်​ဟု​မှည့် ခေါ်​လေ​သည်။

3. ယာ​ကုပ်​သည်​ဧ​ဒုံ​ပြည်​တွင်​ရှိ​သော​သူ​၏​အစ် ကို​ဧ​သော​ထံ​သို့ စေ​တ​မန်​များ​ကို​ရှေ့​ပြေး အ​ဖြစ်​စေ​လွှတ်​လေ​၏။-

4. ထို​စေ​တ​မန်​တို့​အား``ကိုယ်​တော်​၏​အ​စေ​ခံ ယာ​ကုပ်​က`ကျွန်ုပ်​သည်​လာ​ဗန်​နှင့်​အ​တူ​နေ ထိုင်​ပြီး​ယ​ခု​မှ​ပြန်​ခဲ့​ရ​ပါ​သည်။-

5. ကျွန်ုပ်​တွင်​နွား၊ မြည်း၊ သိုး၊ ဆိတ်​နှင့်​ကျွန်​များ​ရှိ ပါ​သည်။ ကိုယ်​တော်​ထံ​၌​ကျွန်ုပ်​မျက်​နှာ​သာ​ရ နိုင်​မည်​ဟု​မျှော်​လင့်​လျက် ဤ​သို့​သ​တင်း​ပို့ လျှောက်​ထား​ပါ​သည်' ဟု​ပြော​လော့'' ဟု​မှာ ကြား​လိုက်​လေ​သည်။

6. စေ​တ​မန်​တို့​သည်​ယာ​ကုပ်​ထံ​သို့​ပြန်​ရောက် လာ​၍ ``ကျွန်ုပ်​တို့​သည်​ကိုယ်​တော်​၏​အစ်​ကို ဧ​သော​ထံ​သို့​ရောက်​ခဲ့​ပါ​သည်။ သူ​သည်​လည်း ကိုယ်​တော်​နှင့်​တွေ့​ဆုံ​ရန်​လာ​နေ​ပါ​ပြီ။ သူ့ ထံ​၌​လူ​အင်​အား​လေး​ရာ​ရှိ​ပါ​သည်'' ဟု ပြန်​ကြား​ကြ​သည်။-

7. ထို​အ​ခါ​ယာ​ကုပ်​သည်​အ​လွန်​ကြောက်​ရွံ့​၍ စိတ်​ပူ​ပန်​သ​ဖြင့် သူ​နှင့်​အ​တူ​ရှိ​သော​သူ​တို့ ကို​လည်း​ကောင်း၊ သိုး၊ ဆိတ်၊ နွား​နှင့်​ကု​လား​အုတ် တို့​ကို​လည်း​ကောင်း​နှစ်​စု​ခွဲ​၍​ထား​လိုက်​၏။-

8. အ​ဘယ်​ကြောင့်​ဆို​သော်​သူ​က``ဧ​သော​ရောက် လာ​၍​ပ​ထ​မ​အ​စု​ကို​တိုက်​ခိုက်​သည်​ရှိ​သော် ကျန်​တစ်​စု​ကား​လွတ်​မြောက်​နိုင်​လိမ့်​မည်'' ဟု တွေး​တော​မိ​သော​ကြောင့်​တည်း။

9. ထို​နောက်​ယာ​ကုပ်​က``အ​ကျွန်ုပ်​၏​အ​ဘိုး အာ​ဗြ​ဟံ​နှင့်​အ​ကျွန်ုပ်​၏​ဖ​ခင်​ဣ​ဇာက်​တို့ ၏​ဘု​ရား​သ​ခင်၊ အ​ကျွန်ုပ်​၏​ဆု​တောင်း​သံ​ကို နား​ညောင်း​တော်​မူ​ပါ။ ကိုယ်​တော်​ရှင်​က`သင်​၏ ပြည်၊ သင်​၏​ဆွေ​မျိုး​သား​ချင်း​တို့​ထံ​သို့​ပြန် လော့။ ငါ​သည်​သင့်​ကို​ကြီး​ပွား​စေ​မည်' ဟု မိန့်​တော်​မူ​ပါ​၏။-

10. ကိုယ်​တော်​အ​မြဲ​ထား​တော်​မူ​သော​က​ရု​ဏာ တော်​နှင့်​ကိုယ်​တော်​၏​ကျွန်​သည်​မ​ထိုက်​တန် ပါ။ အ​ကျွန်ုပ်​သည်​ယော်​ဒန်​မြစ်​ကို​ဖြတ်​ကူး စဉ်​အ​ခါ​က အ​ကျွန်ုပ်​၌​လက်​ကိုင်​တောင်​ဝှေး တစ်​ချောင်း​သာ​ပါ​သွား​သော်​လည်း ယ​ခု​မှာ မူ​ဤ​လူ​စု​နှစ်​စု​ပါ​လျက်​ပြန်​လာ​ခဲ့​ရ ပါ​သည်။-

11. အ​ကျွန်ုပ်​၏​အစ်​ကို​ဧသော​၏​လက်​မှ​အ​ကျွန်ုပ် အား​ကယ်​တင်​ရန်​တောင်း​လျှောက်​ပါ​၏။ သူ သည်​မိန်း​မ​နှင့်​က​လေး​များ​အ​ပါ​အ​ဝင် အ​ကျွန်ုပ်​တို့​အား​လုံး​အား​တိုက်​ခိုက်​ဖျက် ဆီး​မည်​ကို​အ​ကျွန်ုပ်​စိုး​ရိမ်​ကြောက်​ရွံ့​ပါ​၏။-

ကမ္ဘာ​ဦး 32