ကမ္ဘာ​ဦး 31:4-8 Common Language Bible (BCL)

4. ထို့​ကြောင့်​ယာကုပ်​သည်​ရာ​ခေ​လ​နှင့်​လေ​အာ တို့​ကို​သူ​၏​သိုး၊ ဆိတ်​အုပ်​များ​ရှိ​ရာ​လယ်​ထဲ သို့​ခေါ်​ပြီး​လျှင်၊-

5. ``သင်​တို့​၏​ဖ​ခင်​သည်​ယ​ခင်​က​ကဲ့​သို့​ငါ့ အား​မ​ကြည်​ဖြူ​ကြောင်း​ငါ​တွေ့​ရ​သည်။ သို့ ရာ​တွင်​ငါ့​အ​ဖ​၏​ဘု​ရား​သ​ခင်​သည်​ငါ နှင့်​အ​တူ​ရှိ​တော်​မူ​၏။-

6. ငါ​သည်​သင်​တို့​၏​ဖခင်​အ​တွက်​အ​စွမ်း​ကုန် အ​လုပ်​လုပ်​ခဲ့​ကြောင်း​သင်​တို့​နှစ်​ဦး​စ​လုံး သိ​ကြ​၏။-

7. သို့​သော်​လည်း​သူ​သည်​ငါ့​ကို​လှည့်​စား​၍​ငါ ရ​ထိုက်​သော​အ​ခ​ကို​ဆယ်​ကြိမ်​မျှ​ပြောင်း​လဲ ခဲ့​လေ​ပြီ။ သို့​ရာ​တွင်​ငါ့​ကို​နစ်​နာ​ဆုံး​ရှုံး​စေ ရန်​ဘု​ရား​သ​ခင်​သည်​သူ့​ကို​အ​ခွင့်​ပေး​တော် မ​မူ။-

8. သင်​တို့​၏​ဖ​ခင်​က​အ​ပြောက်​ပါ​ရှိ​သော​ဆိတ် တို့​သည်​သင်​၏​အ​ခ​ဖြစ်​သည်​ဟု​ဆို​လျှင် ဆိတ် ရှိ​သ​မျှ​တို့​သည်​အ​ပြောက်​ပါ​ရှိ​သော​သား ကောင်​များ​ကို​မွေး​ကြ​၏။ သူ​က`အ​စင်း​ပါ​သော ဆိတ်​တို့​သည်​သင်​၏​အ​ခ​ဖြစ်​သည်' ဟု​ဆို​လျှင် ဆိတ်​ရှိ​သ​မျှ​တို့​သည်​အ​စင်း​ပါ​ရှိ​သော​သား ကောင်​များ​ကို​မွေး​ကြ​၏။-

ကမ္ဘာ​ဦး 31