25. ယာကုပ်သည်တောင်ပေါ်၌လည်းကောင်း၊ လာဗန် နှင့်သားချင်းတို့သည်ဂိလဒ်တောင်ဒေသ၌ လည်းကောင်းစခန်းချကြလေသည်။
26. လာဗန်က``သင်သည်အဘယ်ကြောင့်ငါ့ကို လှည့်စား၍ ငါ၏သမီးများကိုစစ်သုံ့ပန်း များကဲ့သို့ခေါ်ဆောင်သွားရပါသနည်း။-
27. အဘယ်ကြောင့်တိတ်ဆိတ်စွာထွက်ပြေးသနည်း။ ငါ့အားအသိပေးခဲ့လျှင်ငါသည်ပတ်သာ စောင်းငြင်းတီးလျက် မြူးတူးပျော်ရွှင်စွာ သင်တို့ကိုစေလွှတ်လိုက်မည်သာဖြစ်၏။-
28. သင်သည်ငါ့မြေးနှင့်သမီးများတို့ကိုပင် နမ်းရှုပ်နှုတ်ဆက်ခွင့်ကိုမပေး။ မိုက်လှသည် တကား။-
29. ငါသည်သင့်အားဘေးဒုက္ခရောက်စေနိုင်၏။ သို့ရာတွင်ယမန်နေ့ည၌ သင့်အဖ၏ဘုရား ကသင့်အားမည်သို့မျှမခြိမ်းခြောက်ရဟု ငါ့ကိုသတိပေးမိန့်မှာတော်မူခဲ့၏။-