ကမ္ဘာ​ဦး 31:23-30 Common Language Bible (BCL)

23. ထို​အ​ခါ​သူ​သည်​မိ​မိ​၏​သား​ချင်း​တို့​ကို ခေါ်​၍ ယာ​ကုပ်​နောက်​သို့​ခုနစ်​ရက်​ကြာ​မျှ လိုက်​ခဲ့​ရာ​ဂိ​လဒ်​တောင်​ဒေ​သ​သို့​အ​ရောက် တွင်​မီ​လေ​၏။-

24. ထို​နေ့​ည​၌​အိပ်​မက်​ထဲ​တွင်​ဘု​ရား​သ​ခင် သည်​လာ​ဗန်​ထံ​သို့​ကြွ​လာ​တော်​မူ​၍``သင် သည်​ယာ​ကုပ်​အား​မည်​သို့​မျှ​ခြိမ်း​ခြောက်​ခြင်း မ​ပြု​မိ​ရန်​သ​တိ​ပြု​လော့'' ဟု​မိန့်​တော်​မူ​၏။-

25. ယာ​ကုပ်​သည်​တောင်​ပေါ်​၌​လည်း​ကောင်း၊ လာ​ဗန် နှင့်​သား​ချင်း​တို့​သည်​ဂိ​လဒ်​တောင်​ဒေ​သ​၌ လည်း​ကောင်း​စ​ခန်း​ချ​ကြ​လေ​သည်။

26. လာ​ဗန်​က``သင်​သည်​အ​ဘယ်​ကြောင့်​ငါ့​ကို လှည့်​စား​၍ ငါ​၏​သ​မီး​များ​ကို​စစ်​သုံ့​ပန်း များ​ကဲ့​သို့​ခေါ်​ဆောင်​သွား​ရ​ပါ​သ​နည်း။-

27. အ​ဘယ်​ကြောင့်​တိတ်​ဆိတ်​စွာ​ထွက်​ပြေး​သ​နည်း။ ငါ့​အား​အ​သိ​ပေး​ခဲ့​လျှင်​ငါ​သည်​ပတ်​သာ စောင်း​ငြင်း​တီး​လျက် မြူး​တူး​ပျော်​ရွှင်​စွာ သင်​တို့​ကို​စေ​လွှတ်​လိုက်​မည်​သာ​ဖြစ်​၏။-

28. သင်​သည်​ငါ့​မြေး​နှင့်​သ​မီး​များ​တို့​ကို​ပင် နမ်း​ရှုပ်​နှုတ်​ဆက်​ခွင့်​ကို​မ​ပေး။ မိုက်​လှ​သည် တ​ကား။-

29. ငါ​သည်​သင့်​အား​ဘေး​ဒုက္ခ​ရောက်​စေ​နိုင်​၏။ သို့​ရာ​တွင်​ယ​မန်​နေ့​ည​၌ သင့်​အ​ဖ​၏​ဘု​ရား က​သင့်​အား​မည်​သို့​မျှ​မ​ခြိမ်း​ခြောက်​ရ​ဟု ငါ့​ကို​သ​တိ​ပေး​မိန့်​မှာ​တော်​မူ​ခဲ့​၏။-

30. သင်​သည်​သင့်​မိ​ဘ​တို့​နေ​ရပ်​သို့​ပြန်​ရောက် လို​သည့်​စိတ်​ဇော​ကြောင့်​ထွက်​ခွာ​ခဲ့​ကြောင်း​ကို ငါ​သိ​၏။ သို့​ရာ​တွင်​ငါ​၏​ဘု​ရား​ရုပ်​တု​များ ကို​အ​ဘယ်​ကြောင့်​ခိုး​ယူ​သွား​ရ​သ​နည်း'' ဟု ယာကုပ်​အား​မေး​လေ​၏။

ကမ္ဘာ​ဦး 31