2. ထို့အပြင်လာဗန်သည်ယခင်ကကဲ့သို့သူ့ အားမကြည်ဖြူကြောင်းကိုလည်းတွေ့မြင် ရသည်။-
3. သို့ဖြစ်၍ထာဝရဘုရားက``သင်၏ဘိုးဘေး တို့နှင့်ဆွေမျိုးသားချင်းတို့နေထိုင်ရာပြည် သို့ပြန်လော့။ ငါသည်သင်နှင့်အတူရှိမည်'' ဟု ယာကုပ်အားမိန့်တော်မူ၏။
4. ထို့ကြောင့်ယာကုပ်သည်ရာခေလနှင့်လေအာ တို့ကိုသူ၏သိုး၊ ဆိတ်အုပ်များရှိရာလယ်ထဲ သို့ခေါ်ပြီးလျှင်၊-
5. ``သင်တို့၏ဖခင်သည်ယခင်ကကဲ့သို့ငါ့ အားမကြည်ဖြူကြောင်းငါတွေ့ရသည်။ သို့ ရာတွင်ငါ့အဖ၏ဘုရားသခင်သည်ငါ နှင့်အတူရှိတော်မူ၏။-
6. ငါသည်သင်တို့၏ဖခင်အတွက်အစွမ်းကုန် အလုပ်လုပ်ခဲ့ကြောင်းသင်တို့နှစ်ဦးစလုံး သိကြ၏။-
7. သို့သော်လည်းသူသည်ငါ့ကိုလှည့်စား၍ငါ ရထိုက်သောအခကိုဆယ်ကြိမ်မျှပြောင်းလဲ ခဲ့လေပြီ။ သို့ရာတွင်ငါ့ကိုနစ်နာဆုံးရှုံးစေ ရန်ဘုရားသခင်သည်သူ့ကိုအခွင့်ပေးတော် မမူ။-
8. သင်တို့၏ဖခင်ကအပြောက်ပါရှိသောဆိတ် တို့သည်သင်၏အခဖြစ်သည်ဟုဆိုလျှင် ဆိတ် ရှိသမျှတို့သည်အပြောက်ပါရှိသောသား ကောင်များကိုမွေးကြ၏။ သူက`အစင်းပါသော ဆိတ်တို့သည်သင်၏အခဖြစ်သည်' ဟုဆိုလျှင် ဆိတ်ရှိသမျှတို့သည်အစင်းပါရှိသောသား ကောင်များကိုမွေးကြ၏။-
9. ထိုသို့အားဖြင့်ဘုရားသခင်သည်သင်၏ ဖခင်ထံမှဆိတ်အုပ်တို့ကိုယူ၍ငါ့အား ပေးတော်မူပြီ။
10. ``တိရစ္ဆာန်များမိတ်လိုက်ချိန်၌ငါသည်အိပ်မက် မြင်မက်ရာအိပ်မက်ထဲတွင်မိတ်လိုက်နေသော တိရစ္ဆာန်အထီးတို့သည် အကွက်၊ အပြောက်၊ အကျားများပါရှိသည်ကိုငါမြင်ရ၏။-
11. အိပ်မက်ထဲတွင်ဘုရားသခင်၏ကောင်းကင် တမန်က`ယာကုပ်' ဟုခေါ်လျှင်ငါက`ရှိပါ သည်အရှင်' ဟုထူးသော်၊-
12. ကောင်းကင်တမန်က`သင့်အားလာဗန်ပြုမူ သမျှတို့ကိုငါမြင်ရသဖြင့် မိတ်လိုက်နေ သောဆိတ်အထီးအားလုံးတို့သည် အကွက်၊ အပြောက်အကျားများပါရှိစေရန်ငါ စီရင်ပြီ။-
13. ငါသည်ကားဗေသလအရပ်၌သင်ကျောက် တုံးကိုမှတ်တိုင်အဖြစ်တည်၍ သံလွင်ဆီ လောင်းလျက်ဆက်ကပ်ပြီးလျှင်ငါ့အားသစ္စာ ပြုသောအခါ သင်ရူပါရုံတွင်မြင်ရသော ဘုရားဖြစ်တော်မူ၏။ သင်သည်ဤပြည်မှ ထွက်၍သင်၏နေရင်းပြည်သို့ပြန်ရန်ယခု ပြင်ဆင်လော့' ဟုငါ့အားမိန့်တော်မူလေ သည်'' ဟုဆို၏။
14. ရာခေလနှင့်လေအာတို့က``ကျွန်မတို့သည် ဖခင်ထံမှအမွေရစရာမရှိတော့ပါ။-