ကမ္ဘာ​ဦး 31:17-18-29 Common Language Bible (BCL)

2. ထို့​အ​ပြင်​လာ​ဗန်​သည်​ယ​ခင်​က​ကဲ့​သို့​သူ့ အား​မ​ကြည်​ဖြူ​ကြောင်း​ကို​လည်း​တွေ့​မြင် ရ​သည်။-

3. သို့​ဖြစ်​၍​ထာ​ဝ​ရ​ဘု​ရား​က``သင်​၏​ဘိုး​ဘေး တို့​နှင့်​ဆွေ​မျိုး​သား​ချင်း​တို့​နေ​ထိုင်​ရာ​ပြည် သို့​ပြန်​လော့။ ငါ​သည်​သင်​နှင့်​အ​တူ​ရှိ​မည်'' ဟု ယာ​ကုပ်​အား​မိန့်​တော်​မူ​၏။

4. ထို့​ကြောင့်​ယာကုပ်​သည်​ရာ​ခေ​လ​နှင့်​လေ​အာ တို့​ကို​သူ​၏​သိုး၊ ဆိတ်​အုပ်​များ​ရှိ​ရာ​လယ်​ထဲ သို့​ခေါ်​ပြီး​လျှင်၊-

5. ``သင်​တို့​၏​ဖ​ခင်​သည်​ယ​ခင်​က​ကဲ့​သို့​ငါ့ အား​မ​ကြည်​ဖြူ​ကြောင်း​ငါ​တွေ့​ရ​သည်။ သို့ ရာ​တွင်​ငါ့​အ​ဖ​၏​ဘု​ရား​သ​ခင်​သည်​ငါ နှင့်​အ​တူ​ရှိ​တော်​မူ​၏။-

6. ငါ​သည်​သင်​တို့​၏​ဖခင်​အ​တွက်​အ​စွမ်း​ကုန် အ​လုပ်​လုပ်​ခဲ့​ကြောင်း​သင်​တို့​နှစ်​ဦး​စ​လုံး သိ​ကြ​၏။-

7. သို့​သော်​လည်း​သူ​သည်​ငါ့​ကို​လှည့်​စား​၍​ငါ ရ​ထိုက်​သော​အ​ခ​ကို​ဆယ်​ကြိမ်​မျှ​ပြောင်း​လဲ ခဲ့​လေ​ပြီ။ သို့​ရာ​တွင်​ငါ့​ကို​နစ်​နာ​ဆုံး​ရှုံး​စေ ရန်​ဘု​ရား​သ​ခင်​သည်​သူ့​ကို​အ​ခွင့်​ပေး​တော် မ​မူ။-

8. သင်​တို့​၏​ဖ​ခင်​က​အ​ပြောက်​ပါ​ရှိ​သော​ဆိတ် တို့​သည်​သင်​၏​အ​ခ​ဖြစ်​သည်​ဟု​ဆို​လျှင် ဆိတ် ရှိ​သ​မျှ​တို့​သည်​အ​ပြောက်​ပါ​ရှိ​သော​သား ကောင်​များ​ကို​မွေး​ကြ​၏။ သူ​က`အ​စင်း​ပါ​သော ဆိတ်​တို့​သည်​သင်​၏​အ​ခ​ဖြစ်​သည်' ဟု​ဆို​လျှင် ဆိတ်​ရှိ​သ​မျှ​တို့​သည်​အ​စင်း​ပါ​ရှိ​သော​သား ကောင်​များ​ကို​မွေး​ကြ​၏။-

9. ထို​သို့​အား​ဖြင့်​ဘု​ရား​သ​ခင်​သည်​သင်​၏ ဖ​ခင်​ထံ​မှ​ဆိတ်​အုပ်​တို့​ကို​ယူ​၍​ငါ့​အား ပေး​တော်​မူ​ပြီ။

17-18. သို့​ဖြစ်​၍​ယာ​ကုပ်​သည်​မိ​မိ​၏​ဖ​ခင်​ရှိ​ရာ ခါ​နာန်​ပြည်​သို့​ပြန်​ရန်​ပြင်​ဆင်​လေ​သည်။ သူ ၏​သား​သ​မီး​နှင့်​မ​ယား​တို့​ကို​ကု​လား​အုတ် များ​ပေါ်​တွင်​စီး​စေ​၏။ သူ​သည်​မက်​ဆို​ပို​တေး မီး​ယား​ပြည်​၌​ရ​ရှိ​ခဲ့​သ​မျှ​သော​ဥစ္စာ​ပစ္စည်း များ​ကို​ယူ​ဆောင်​လျက် မိ​မိ​၏​သိုး​အုပ်၊ ဆိတ် အုပ်​များ​ကို​မောင်း​နှင်​လာ​ခဲ့​လေ​သည်။-

19. လာ​ဗန်​သည်​သူ​၏​သိုး​များ​ကို​အ​မွေး​ညှပ် ရန်​သွား​နေ​ချိန်​ဖြစ်​ရာ အိမ်​တွင်​သူ​မ​ရှိ​ခိုက် ရာ​ခေ​လ​သည်​ဖ​ခင်​၏​ဘု​ရား​ရုပ်​တု​များ ကို​ခိုး​ယူ​ခဲ့​လေ​သည်။-

20. ယာ​ကုပ်​သည်​လာ​ဗန်​အား​အ​သိ​မ​ပေး​ဘဲ ထွက်​ခဲ့​လေ​သည်။-

21. ဤ​သို့​အား​ဖြင့်​သူ​ပိုင်​ဆိုင်​သ​မျှ​ဥစ္စာ​ပစ္စည်း​တို့ ကို​ယူ​၍ အ​ဆော​တ​လျင်​ခ​ရီး​ထွက်​ခဲ့​ရာ သူ သည်​ဥ​ဖ​ရတ်​မြစ်​ကို​ဖြတ်​ကျော်​ပြီး​နောက် ဂိ​လဒ်​တောင်​သို့​ရှေ့​ရှု​ခ​ရီး​ဆက်​ခဲ့​လေ​၏။

22. သုံး​ရက်​ကြာ​သော​အ​ခါ လာ​ဗန်​သည်​ယာ​ကုပ် ထွက်​ပြေး​ကြောင်း​ကို​ကြား​သိ​ရ​လေ​သည်။-

23. ထို​အ​ခါ​သူ​သည်​မိ​မိ​၏​သား​ချင်း​တို့​ကို ခေါ်​၍ ယာ​ကုပ်​နောက်​သို့​ခုနစ်​ရက်​ကြာ​မျှ လိုက်​ခဲ့​ရာ​ဂိ​လဒ်​တောင်​ဒေ​သ​သို့​အ​ရောက် တွင်​မီ​လေ​၏။-

24. ထို​နေ့​ည​၌​အိပ်​မက်​ထဲ​တွင်​ဘု​ရား​သ​ခင် သည်​လာ​ဗန်​ထံ​သို့​ကြွ​လာ​တော်​မူ​၍``သင် သည်​ယာ​ကုပ်​အား​မည်​သို့​မျှ​ခြိမ်း​ခြောက်​ခြင်း မ​ပြု​မိ​ရန်​သ​တိ​ပြု​လော့'' ဟု​မိန့်​တော်​မူ​၏။-

25. ယာ​ကုပ်​သည်​တောင်​ပေါ်​၌​လည်း​ကောင်း၊ လာ​ဗန် နှင့်​သား​ချင်း​တို့​သည်​ဂိ​လဒ်​တောင်​ဒေ​သ​၌ လည်း​ကောင်း​စ​ခန်း​ချ​ကြ​လေ​သည်။

26. လာ​ဗန်​က``သင်​သည်​အ​ဘယ်​ကြောင့်​ငါ့​ကို လှည့်​စား​၍ ငါ​၏​သ​မီး​များ​ကို​စစ်​သုံ့​ပန်း များ​ကဲ့​သို့​ခေါ်​ဆောင်​သွား​ရ​ပါ​သ​နည်း။-

27. အ​ဘယ်​ကြောင့်​တိတ်​ဆိတ်​စွာ​ထွက်​ပြေး​သ​နည်း။ ငါ့​အား​အ​သိ​ပေး​ခဲ့​လျှင်​ငါ​သည်​ပတ်​သာ စောင်း​ငြင်း​တီး​လျက် မြူး​တူး​ပျော်​ရွှင်​စွာ သင်​တို့​ကို​စေ​လွှတ်​လိုက်​မည်​သာ​ဖြစ်​၏။-

28. သင်​သည်​ငါ့​မြေး​နှင့်​သ​မီး​များ​တို့​ကို​ပင် နမ်း​ရှုပ်​နှုတ်​ဆက်​ခွင့်​ကို​မ​ပေး။ မိုက်​လှ​သည် တ​ကား။-

29. ငါ​သည်​သင့်​အား​ဘေး​ဒုက္ခ​ရောက်​စေ​နိုင်​၏။ သို့​ရာ​တွင်​ယ​မန်​နေ့​ည​၌ သင့်​အ​ဖ​၏​ဘု​ရား က​သင့်​အား​မည်​သို့​မျှ​မ​ခြိမ်း​ခြောက်​ရ​ဟု ငါ့​ကို​သ​တိ​ပေး​မိန့်​မှာ​တော်​မူ​ခဲ့​၏။-

ကမ္ဘာ​ဦး 31