ကမ္ဘာ​ဦး 31:12-31 Common Language Bible (BCL)

12. ကောင်း​ကင်​တ​မန်​က`သင့်​အား​လာဗန်​ပြု​မူ သ​မျှ​တို့​ကို​ငါ​မြင်​ရ​သ​ဖြင့် မိတ်​လိုက်​နေ သော​ဆိတ်​အ​ထီး​အား​လုံး​တို့​သည် အ​ကွက်၊ အ​ပြောက်​အ​ကျား​များ​ပါ​ရှိ​စေ​ရန်​ငါ စီ​ရင်​ပြီ။-

13. ငါ​သည်​ကား​ဗေ​သ​လ​အ​ရပ်​၌​သင်​ကျောက် တုံး​ကို​မှတ်​တိုင်​အ​ဖြစ်​တည်​၍ သံ​လွင်​ဆီ လောင်း​လျက်​ဆက်​ကပ်​ပြီး​လျှင်​ငါ့​အား​သစ္စာ ပြု​သော​အ​ခါ သင်​ရူ​ပါ​ရုံ​တွင်​မြင်​ရ​သော ဘု​ရား​ဖြစ်​တော်​မူ​၏။ သင်​သည်​ဤ​ပြည်​မှ ထွက်​၍​သင်​၏​နေ​ရင်း​ပြည်​သို့​ပြန်​ရန်​ယ​ခု ပြင်​ဆင်​လော့' ဟု​ငါ့​အား​မိန့်​တော်​မူ​လေ သည်'' ဟု​ဆို​၏။

14. ရာ​ခေ​လ​နှင့်​လေ​အာ​တို့​က``ကျွန်​မ​တို့​သည် ဖ​ခင်​ထံ​မှ​အ​မွေ​ရ​စ​ရာ​မ​ရှိ​တော့​ပါ။-

15. ဖ​ခင်​သည်​ကျွန်​မ​တို့​အား​သူ​စိမ်း​များ​ကဲ့​သို့ ဆက်​ဆံ​ပါ​သည်။ ကျွန်​မ​တို့​ကို​ရောင်း​စား​၍​ရ သ​မျှ​ငွေ​ကို​သုံး​စွဲ​ခဲ့​လေ​ပြီ။-

16. ကျွန်​မ​တို့​၏​ဖ​ခင်​ထံ​မှ​ဘု​ရား​သ​ခင်​သိမ်း​ယူ တော်​မူ​သော​ဥစ္စာ​ပစ္စည်း​ရှိ​သ​မျှ​တို့​ကို ကျွန်​မ တို့​၏​သား​သ​မီး​များ​ပိုင်​ပါ​သည်။ ဘု​ရား​သ​ခင် မိန့်​မှာ​တော်​မူ​သည့်​အ​တိုင်း​ဆောင်​ရွက်​ပါ​လော့'' ဟု​ယာ​ကုပ်​အား​ပြော​ကြ​၏။

17-18. သို့​ဖြစ်​၍​ယာ​ကုပ်​သည်​မိ​မိ​၏​ဖ​ခင်​ရှိ​ရာ ခါ​နာန်​ပြည်​သို့​ပြန်​ရန်​ပြင်​ဆင်​လေ​သည်။ သူ ၏​သား​သ​မီး​နှင့်​မ​ယား​တို့​ကို​ကု​လား​အုတ် များ​ပေါ်​တွင်​စီး​စေ​၏။ သူ​သည်​မက်​ဆို​ပို​တေး မီး​ယား​ပြည်​၌​ရ​ရှိ​ခဲ့​သ​မျှ​သော​ဥစ္စာ​ပစ္စည်း များ​ကို​ယူ​ဆောင်​လျက် မိ​မိ​၏​သိုး​အုပ်၊ ဆိတ် အုပ်​များ​ကို​မောင်း​နှင်​လာ​ခဲ့​လေ​သည်။-

19. လာ​ဗန်​သည်​သူ​၏​သိုး​များ​ကို​အ​မွေး​ညှပ် ရန်​သွား​နေ​ချိန်​ဖြစ်​ရာ အိမ်​တွင်​သူ​မ​ရှိ​ခိုက် ရာ​ခေ​လ​သည်​ဖ​ခင်​၏​ဘု​ရား​ရုပ်​တု​များ ကို​ခိုး​ယူ​ခဲ့​လေ​သည်။-

20. ယာ​ကုပ်​သည်​လာ​ဗန်​အား​အ​သိ​မ​ပေး​ဘဲ ထွက်​ခဲ့​လေ​သည်။-

21. ဤ​သို့​အား​ဖြင့်​သူ​ပိုင်​ဆိုင်​သ​မျှ​ဥစ္စာ​ပစ္စည်း​တို့ ကို​ယူ​၍ အ​ဆော​တ​လျင်​ခ​ရီး​ထွက်​ခဲ့​ရာ သူ သည်​ဥ​ဖ​ရတ်​မြစ်​ကို​ဖြတ်​ကျော်​ပြီး​နောက် ဂိ​လဒ်​တောင်​သို့​ရှေ့​ရှု​ခ​ရီး​ဆက်​ခဲ့​လေ​၏။

22. သုံး​ရက်​ကြာ​သော​အ​ခါ လာ​ဗန်​သည်​ယာ​ကုပ် ထွက်​ပြေး​ကြောင်း​ကို​ကြား​သိ​ရ​လေ​သည်။-

23. ထို​အ​ခါ​သူ​သည်​မိ​မိ​၏​သား​ချင်း​တို့​ကို ခေါ်​၍ ယာ​ကုပ်​နောက်​သို့​ခုနစ်​ရက်​ကြာ​မျှ လိုက်​ခဲ့​ရာ​ဂိ​လဒ်​တောင်​ဒေ​သ​သို့​အ​ရောက် တွင်​မီ​လေ​၏။-

24. ထို​နေ့​ည​၌​အိပ်​မက်​ထဲ​တွင်​ဘု​ရား​သ​ခင် သည်​လာ​ဗန်​ထံ​သို့​ကြွ​လာ​တော်​မူ​၍``သင် သည်​ယာ​ကုပ်​အား​မည်​သို့​မျှ​ခြိမ်း​ခြောက်​ခြင်း မ​ပြု​မိ​ရန်​သ​တိ​ပြု​လော့'' ဟု​မိန့်​တော်​မူ​၏။-

25. ယာ​ကုပ်​သည်​တောင်​ပေါ်​၌​လည်း​ကောင်း၊ လာ​ဗန် နှင့်​သား​ချင်း​တို့​သည်​ဂိ​လဒ်​တောင်​ဒေ​သ​၌ လည်း​ကောင်း​စ​ခန်း​ချ​ကြ​လေ​သည်။

26. လာ​ဗန်​က``သင်​သည်​အ​ဘယ်​ကြောင့်​ငါ့​ကို လှည့်​စား​၍ ငါ​၏​သ​မီး​များ​ကို​စစ်​သုံ့​ပန်း များ​ကဲ့​သို့​ခေါ်​ဆောင်​သွား​ရ​ပါ​သ​နည်း။-

27. အ​ဘယ်​ကြောင့်​တိတ်​ဆိတ်​စွာ​ထွက်​ပြေး​သ​နည်း။ ငါ့​အား​အ​သိ​ပေး​ခဲ့​လျှင်​ငါ​သည်​ပတ်​သာ စောင်း​ငြင်း​တီး​လျက် မြူး​တူး​ပျော်​ရွှင်​စွာ သင်​တို့​ကို​စေ​လွှတ်​လိုက်​မည်​သာ​ဖြစ်​၏။-

28. သင်​သည်​ငါ့​မြေး​နှင့်​သ​မီး​များ​တို့​ကို​ပင် နမ်း​ရှုပ်​နှုတ်​ဆက်​ခွင့်​ကို​မ​ပေး။ မိုက်​လှ​သည် တ​ကား။-

29. ငါ​သည်​သင့်​အား​ဘေး​ဒုက္ခ​ရောက်​စေ​နိုင်​၏။ သို့​ရာ​တွင်​ယ​မန်​နေ့​ည​၌ သင့်​အ​ဖ​၏​ဘု​ရား က​သင့်​အား​မည်​သို့​မျှ​မ​ခြိမ်း​ခြောက်​ရ​ဟု ငါ့​ကို​သ​တိ​ပေး​မိန့်​မှာ​တော်​မူ​ခဲ့​၏။-

30. သင်​သည်​သင့်​မိ​ဘ​တို့​နေ​ရပ်​သို့​ပြန်​ရောက် လို​သည့်​စိတ်​ဇော​ကြောင့်​ထွက်​ခွာ​ခဲ့​ကြောင်း​ကို ငါ​သိ​၏။ သို့​ရာ​တွင်​ငါ​၏​ဘု​ရား​ရုပ်​တု​များ ကို​အ​ဘယ်​ကြောင့်​ခိုး​ယူ​သွား​ရ​သ​နည်း'' ဟု ယာကုပ်​အား​မေး​လေ​၏။

31. ထို​အ​ခါ​ယာ​ကုပ်​က``သင်​သည်​သ​မီး​များ တို့​ကို​အ​နိုင်​အ​ထက်​သိမ်း​ယူ​ထား​မည်​ဟု စိုး​ရိမ်​သော​ကြောင့်​ထွက်​ပြေး​ခဲ့​ရ​ပါ​သည်။-

ကမ္ဘာ​ဦး 31