ကမ္ဘာ​ဦး 31:1-4 Common Language Bible (BCL)

1. လာ​ဗန်​၏​သား​တို့​က``ငါ​တို့​၏​ဖ​ခင်​ပိုင်​သ​မျှ ပစ္စည်း​တို့​ကို​ယာ​ကုပ်​ယူ​သွား​လေ​ပြီ။ ဖ​ခင်​ပိုင် ဆိုင်​သော​ပစ္စည်း​ဖြင့်​သူ​၌​စီး​ပွား​တက်​လာ​ပြီ'' ဟူ​၍​ပြော​ဆို​သံ​ကို​ယာ​ကုပ်​ကြား​သိ​ရ​လေ သည်။-

2. ထို့​အ​ပြင်​လာ​ဗန်​သည်​ယ​ခင်​က​ကဲ့​သို့​သူ့ အား​မ​ကြည်​ဖြူ​ကြောင်း​ကို​လည်း​တွေ့​မြင် ရ​သည်။-

3. သို့​ဖြစ်​၍​ထာ​ဝ​ရ​ဘု​ရား​က``သင်​၏​ဘိုး​ဘေး တို့​နှင့်​ဆွေ​မျိုး​သား​ချင်း​တို့​နေ​ထိုင်​ရာ​ပြည် သို့​ပြန်​လော့။ ငါ​သည်​သင်​နှင့်​အ​တူ​ရှိ​မည်'' ဟု ယာ​ကုပ်​အား​မိန့်​တော်​မူ​၏။

4. ထို့​ကြောင့်​ယာကုပ်​သည်​ရာ​ခေ​လ​နှင့်​လေ​အာ တို့​ကို​သူ​၏​သိုး၊ ဆိတ်​အုပ်​များ​ရှိ​ရာ​လယ်​ထဲ သို့​ခေါ်​ပြီး​လျှင်၊-

17-18. သို့​ဖြစ်​၍​ယာ​ကုပ်​သည်​မိ​မိ​၏​ဖ​ခင်​ရှိ​ရာ ခါ​နာန်​ပြည်​သို့​ပြန်​ရန်​ပြင်​ဆင်​လေ​သည်။ သူ ၏​သား​သ​မီး​နှင့်​မ​ယား​တို့​ကို​ကု​လား​အုတ် များ​ပေါ်​တွင်​စီး​စေ​၏။ သူ​သည်​မက်​ဆို​ပို​တေး မီး​ယား​ပြည်​၌​ရ​ရှိ​ခဲ့​သ​မျှ​သော​ဥစ္စာ​ပစ္စည်း များ​ကို​ယူ​ဆောင်​လျက် မိ​မိ​၏​သိုး​အုပ်၊ ဆိတ် အုပ်​များ​ကို​မောင်း​နှင်​လာ​ခဲ့​လေ​သည်။-

ကမ္ဘာ​ဦး 31