7. တစ်ဖန်ဗိလဟာသည်ယာကုပ်နှင့်ဒုတိယသား ကိုရလေသည်။-
8. ထိုအခါရာခေလက``ငါသည်ငါ၏အစ်မ နှင့်အပြင်းအထန်ဆိုင်ပြိုင်ခဲ့ရာအနိုင်ရလေ ပြီ'' ဟုဆိုလျက်ထိုသားကိုနဿလိဟူ၍ နာမည်မှည့်လေ၏။
9. လေအာသည်လည်းမိမိ၌သားဖွားခြင်းရပ်ဆိုင်း သွားကြောင်းသိမြင်ရသောအခါ သူ၏ကျွန်မ ဇိလပကိုယာကုပ်အားမယားအဖြစ်ပေး အပ်လေသည်။-
10. သို့ဖြစ်၍ဇိလပသည်ယာကုပ်နှင့်သားတစ် ယောက်ကိုရလေ၏။-
11. ထိုနောက်လေအာက``ငါ၌ကောင်းကျိုးဆိုက် ရောက်လာပြီ'' ဟုဆိုလျက်ထိုသားကိုဂဒ် နာမည်ဖြင့်မှည့်လေ၏။-
12. တစ်ဖန်ဇိလပသည်ယာကုပ်နှင့်သား တစ်ယောက်ရပြန်သော်၊-
13. လေအာက``ငါ၌မင်္ဂလာရှိ၏။ အခြားသော မိန်းမတို့ကငါ့အားမင်္ဂလာရှိသူဟုခေါ်ကြ လိမ့်မည်'' ဟုဆိုလျက်ထိုသားကိုအာရှာ နာမည်ဖြင့်မှည့်လေသည်။
14. ဂျုံစပါးရိတ်သိမ်းချိန်၌ရုဗင်သည်လယ်ထဲသို့ သွားရာ၌ အနုဆေးသီးကိုတွေ့သဖြင့်မိခင် လေအာထံသို့ယူခဲ့သည်။ ရာခေလကလေအာ အား``သင့်သားယူခဲ့သောအနုဆေးသီးအချို့ ကိုပေးပါ'' ဟုတောင်းလေ၏။
15. လေအာက``သင်သည်ငါ၏လင်ယောကျာ်းကိုယူရုံ ဖြင့်အားမရဘဲ ယခုငါ့သား၏အနုဆေးသီး ကိုယူချင်ပြန်ပြီလော'' ဟုဆိုလေ၏။ရာခေလက``သင့်သား၏အနုဆေးပင်များကို ပေးလျှင် သင်သည်ယနေ့ညယာကုပ်နှင့်အတူ အိပ်နိုင်သည်'' ဟုပြန်ပြောလေ၏။
16. ညနေခင်း၌ယာကုပ်လယ်ထဲမှပြန်လာသော အခါ လေအာသည်ဆီးကြို၍``ကျွန်မ၏သားရ ခဲ့သောအနုဆေးသီးကိုရာခေလအားပေး သဖြင့် ရှင်ကျွန်မနှင့်အတူယနေ့ညအိပ်ရမည်'' ဟုပြောရာထိုည၌ယာကုပ်သည်လေအာနှင့် အိပ်လေ၏။
17. ဘုရားသခင်သည်လေအာ၏ဆုတောင်းပတ္ထနာ ကိုနားညောင်းတော်မူသဖြင့် သူသည်ကိုယ်ဝန်ဆောင် ၍ပဉ္စမသားကိုဖွားမြင်လေသည်။-