41. ယာကုပ်သည်သန်စွမ်းသောတိရစ္ဆာန်များမိတ် လိုက်ကြသည့်အခါ သစ်ကိုင်းများကိုမြင်၍ မိတ်လိုက်စေရန်ရေသောက်ခွက်များ၌သစ် ကိုင်းများကိုချထားလေ့ရှိ၏။-
42. ချည့်နဲ့သောတိရစ္ဆာန်များရှေ့၌မူသစ်ကိုင်း များကိုမချထားချေ။ မကြာမီလာဗန် ပိုင်သောသိုးဆိတ်များသည်အားအင်ချည့်နဲ့ ၍ယာကုပ်ပိုင်သောသိုးဆိတ်များသည်သန် စွမ်းကြ၏။-
43. ဤနည်းအားဖြင့်ယာကုပ်သည်ပစ္စည်းဥစ္စာ အလွန်ချမ်းသာလာလေ၏။ သူ၌သိုးအုပ်၊ ဆိတ်အုပ်၊ ကျွန်၊ ကုလားအုတ်၊ မြည်းစသည် တို့တိုးပွားများပြားလာလေသည်။