ကမ္ဘာ​ဦး 30:27-42 Common Language Bible (BCL)

27. ထို​အ​ခါ​လာ​ဗန်​က``ငါ​လည်း​ပြော​ပါ​ရ​စေ။ ထာ​ဝ​ရ​ဘု​ရား​သည်​သင့်​ကြောင့်​ငါ့​အား ကောင်း​ချီး​ပေး​တော်​မူ​ကြောင်း​ကို​ငါ​သိ မြင်​လာ​ရ​ပြီ။-

28. သင်​အ​လို​ရှိ​သော​အ​ခ​ကို​ပြော​ပါ။ ထို​အ​ခ ကို​ငါ​ပေး​မည်'' ဟု​ဆို​လေ​၏။

29. ယာ​ကုပ်​က``ကျွန်ုပ်​သည်​ဦး​ရီး​အ​တွက်​မည်​ကဲ့ သို့​လုပ်​ကိုင်​ပေး​ခဲ့​ကြောင်း​ကို​လည်း​ကောင်း၊ ကျွန်ုပ် ၏​ထိန်း​ကျောင်း​မှု​ကြောင့်​ဦး​ရီး​၏​တိ​ရစ္ဆာန်​များ မည်​မျှ​တိုး​ပွား​လာ​ကြောင်း​ကို​လည်း​ကောင်း ဦး​ရီး​သိ​မြင်​ရ​ပါ​ပြီ။-

30. ကျွန်ုပ်​မ​ရောက်​မီ​က​ဦး​ရီး​၌​တိ​ရစ္ဆာန်​အ​နည်း ငယ်​မျှ​သာ​ရှိ​၍ ယ​ခု​မြောက်​မြား​စွာ​တိုး​ပွား လျက်​ရှိ​ပါ​သည်။ ကျွန်ုပ်​ကြောင့်​ထာ​ဝ​ရ​ဘု​ရား သည်​ဦး​ရီး​အား​ကောင်း​ချီး​ပေး​တော်​မူ​ပြီ။ ယ​ခု​ကျွန်ုပ်​သည်​ကိုယ့်​စီး​ပွား​ကို​ရှာ​ရ​မည့် အ​ချိန်​ရောက်​ပါ​ပြီ'' ဟု​ဆို​လေ​၏။

31. ထို​အ​ခါ​လာ​ဗန်​က``သင့်​အ​တွက်​အ​ခ​မည် မျှ​ပေး​ရ​မည်​နည်း'' ဟု​မေး​၏။ယာ​ကုပ်​က``အ​ခ​မ​ယူ​လို​ပါ။ ဦး​ရီး​က ကျွန်ုပ်​၏​အ​ကြံ​ပေး​ချက်​ကို​လက်​ခံ​လျှင် ကျွန်ုပ်​သည်​ဦး​ရီး​၏​တိရစ္ဆာန်​များ​ကို​ဆက် လက်​ထိန်း​ကျောင်း​ပါ​မည်။-

32. ယ​နေ့​ကျွန်ုပ်​သည်​တိ​ရစ္ဆာန်​အုပ်​တို့​ကို​လှည့်​လည် ၍​ကြည့်​ရှု​ပါ​မည်။ ၎င်း​တို့​အ​ထဲ​တွင်​တွေ့​ရှိ​ရ သော​သိုး​အ​နက်​နှင့်​အ​ပြောက်​အ​ကျား​ဆိတ် များ​ကို​ကျွန်ုပ်​ယူ​ပါ​မည်။ ထို​တိ​ရစ္ဆာန်​တို့​သည် ကျွန်ုပ်​အ​တွက်​အ​ခ​ဖြစ်​ပါ​စေ။-

33. နောင်​အ​ခါ​ကျွန်ုပ်​၌​ရိုး​သား​မှု​ရှိ​မ​ရှိ​ကို​ဦး ရီး​လွယ်​ကူ​စွာ​သိ​ရှိ​နိုင်​ပါ​မည်။ ဦး​ရီး​က ကျွန်ုပ်​အား​အ​ခ​အ​ဖြစ်​နှင့်​ပေး​သော​သိုး​ဆိတ် များ​ကို​စစ်​ဆေး​ကြည့်​ရှု​သော​အ​ခါ​၌ အ​ကွက် အ​ပြောက်​ပါ​သော​ဆိတ်​နှင့်​မည်း​နက်​သော​သိုး များ​က​လွဲ​၍ အ​ခြား​သိုး​ဆိတ်​များ​ကို​တွေ့ ရှိ​ပါ​က​၎င်း​တို့​ကို​ခိုး​ယူ​ကြောင်း​သိ​နိုင် ပါ​လိမ့်​မည်'' ဟု​ဆို​လေ​၏။

34. လာ​ဗန်​က``သ​ဘော​တူ​ပါ​သည်။ သင်​၏​အ​ကြံ ပေး​ချက်​အ​တိုင်း​လိုက်​နာ​ကြ​စို့'' ဟု​ပြော​လေ​၏။-

35. ထို​နေ့​၌​ပင်​လာ​ဗန်​သည်​အ​ပြောက်​အ​ကျား ဆိတ်​ထီး၊ အ​ကွက်​အ​ပြောက်​သို့​မ​ဟုတ်​အ​ဖြူ ပြောက်​ပါ​ရှိ​သော​ဆိတ်​မ​ရှိ​သ​မျှ​တို့​ကို​လည်း ကောင်း၊ သိုး​အ​နက်​အား​လုံး​တို့​ကို​လည်း​ကောင်း ရွေး​ထုတ်​ပြီး​လျှင်​မိ​မိ​၏​သား​တို့​လက်​သို့ ပေး​အပ်​လေ​၏။-

36. ထို​နောက်​ထို​သိုး​ဆိတ်​များ​ကို ယာ​ကုပ်​နှင့်​သုံး ရက်​ခ​ရီး​အ​ကွာ​အ​ရပ်​သို့​ပို့​ဆောင်​ထား​စေ​၏။ ယာ​ကုပ်​က​မူ​လာ​ဗန်​၌​ကျန်​ရှိ​သော​အ​ခြား သိုး​ဆိတ်​တို့​ကို​ထိန်း​ကျောင်း​လျက်​နေ​လေ​သည်။

37. ယာ​ကုပ်​သည်​ထင်း​ရှူး​ပင်၊ ဗာ​ဒံ​ပင်၊ ပိုး​ဇာ​ပင် တို့​၏​သစ်​စိမ်း​ကိုင်း​များ​ကို​ယူ​၍ အ​ဖြူ​တန်း များ​ပေါ်​အောင်​အ​ခွံ​ကို​ခွာ​ပစ်​ပြီး​နောက်၊-

38. သိုး​ဆိတ်​များ​၏​ရေ​သောက်​ခွက်​များ​ရှေ့​တွင် ထို​သစ်​ကိုင်း​များ​ကို​ချ​ထား​လေ​သည်။ တိ​ရစ္ဆာန် တို့​သည်​ရေ​သောက်​လာ​သော​အ​ခါ မိတ်​လိုက် တတ်​သော​ကြောင့်​ထို​သို့​ချ​ထား​ခြင်း​ဖြစ်​သည်။-

39. သိုး​ဆိတ်​တို့​သည်​သစ်​ကိုင်း​များ​ရှေ့​တွင်​မိတ် လိုက်​ကြ​သ​ဖြင့် အ​ကွက်​အ​ပြောက်​အ​ကျား သား​ကောင်​များ​ပေါက်​ပွား​လာ​ကြ​သည်။

40. ယာ​ကုပ်​သည်​သိုး​အုပ်​နှင့်​ဆိတ်​အုပ်​တို့​ကို​ခွဲ ခြား​ထား​ပြီး​လျှင် လာ​ဗန်​၏​တိရစ္ဆာန်​အုပ်​ထဲ​မှ အ​ပြောက်​အ​ကျား​နှင့်​မည်း​နက်​သော​အ​ကောင် တို့​ကို​မျက်​နှာ​မူ​စေ​သည်။ ထို​နည်း​အား​ဖြင့် သူ​ပိုင်​သော​သိုး​ဆိတ်​များ​ပွား​များ​လာ​၍ လာ​ဗန်​၏​သိုး​ဆိတ်​အုပ်​နှင့်​သီး​ခြား​ထား ရှိ​လေ​သည်။

41. ယာ​ကုပ်​သည်​သန်​စွမ်း​သော​တိရစ္ဆာန်​များ​မိတ် လိုက်​ကြ​သည့်​အ​ခါ သစ်​ကိုင်း​များ​ကို​မြင်​၍ မိတ်​လိုက်​စေ​ရန်​ရေ​သောက်​ခွက်​များ​၌​သစ် ကိုင်း​များ​ကို​ချ​ထား​လေ့​ရှိ​၏။-

42. ချည့်​နဲ့​သော​တိ​ရစ္ဆာန်​များ​ရှေ့​၌​မူ​သစ်​ကိုင်း များ​ကို​မ​ချ​ထား​ချေ။ မ​ကြာ​မီ​လာ​ဗန် ပိုင်​သော​သိုး​ဆိတ်​များ​သည်​အား​အင်​ချည့်​နဲ့ ၍​ယာ​ကုပ်​ပိုင်​သော​သိုး​ဆိတ်​များ​သည်​သန် စွမ်း​ကြ​၏။-

ကမ္ဘာ​ဦး 30