27. ထိုအခါလာဗန်က``ငါလည်းပြောပါရစေ။ ထာဝရဘုရားသည်သင့်ကြောင့်ငါ့အား ကောင်းချီးပေးတော်မူကြောင်းကိုငါသိ မြင်လာရပြီ။-
28. သင်အလိုရှိသောအခကိုပြောပါ။ ထိုအခ ကိုငါပေးမည်'' ဟုဆိုလေ၏။
29. ယာကုပ်က``ကျွန်ုပ်သည်ဦးရီးအတွက်မည်ကဲ့ သို့လုပ်ကိုင်ပေးခဲ့ကြောင်းကိုလည်းကောင်း၊ ကျွန်ုပ် ၏ထိန်းကျောင်းမှုကြောင့်ဦးရီး၏တိရစ္ဆာန်များ မည်မျှတိုးပွားလာကြောင်းကိုလည်းကောင်း ဦးရီးသိမြင်ရပါပြီ။-
30. ကျွန်ုပ်မရောက်မီကဦးရီး၌တိရစ္ဆာန်အနည်း ငယ်မျှသာရှိ၍ ယခုမြောက်မြားစွာတိုးပွား လျက်ရှိပါသည်။ ကျွန်ုပ်ကြောင့်ထာဝရဘုရား သည်ဦးရီးအားကောင်းချီးပေးတော်မူပြီ။ ယခုကျွန်ုပ်သည်ကိုယ့်စီးပွားကိုရှာရမည့် အချိန်ရောက်ပါပြီ'' ဟုဆိုလေ၏။
31. ထိုအခါလာဗန်က``သင့်အတွက်အခမည် မျှပေးရမည်နည်း'' ဟုမေး၏။ယာကုပ်က``အခမယူလိုပါ။ ဦးရီးက ကျွန်ုပ်၏အကြံပေးချက်ကိုလက်ခံလျှင် ကျွန်ုပ်သည်ဦးရီး၏တိရစ္ဆာန်များကိုဆက် လက်ထိန်းကျောင်းပါမည်။-