ကမ္ဘာ​ဦး 30:21-35 Common Language Bible (BCL)

21. ထို​နောက်​သူ​သည်​သ​မီး​တစ်​ယောက်​ကို​ဖွား​မြင် သ​ဖြင့်​ဒိ​န​ဟူ​၍​နာ​မည်​မှည့်​လေ​သည်။

22. ဘု​ရား​သ​ခင်​သည်​ရာ​ခေ​လ​ကို​သ​တိ​ရ​၍ သူ ၏​ဆု​တောင်း​ပတ္ထ​နာ​ကို​နား​ညောင်း​တော်​မူ​သ​ဖြင့် သား​သ​မီး​ဖွား​ခွင့်​ကို​ပေး​တော်​မူ​၏။-

23. သူ​သည်​ကိုယ်​ဝန်​ဆောင်​၍​သား​တစ်​ယောက်​ကို​ဖွား မြင်​လေ​၏။ ထို​အ​ခါ​သူ​က``ဘု​ရား​သ​ခင်​သည် ငါ့​အား​သား​ကို​ပေး​သ​နား​တော်​မူ​ခြင်း​ဖြင့် ငါ​ကဲ့​ရဲ့​ခံ​ရ​ခြင်း​ကို​ဖယ်​ရှား​တော်​မူ​ပြီ။-

24. ထာ​ဝ​ရ​ဘု​ရား​သည်​ငါ့​အား​သား​ကို​ထပ် ၍​ပေး​တော်​မူ​ပါ​စေ​သော'' ဟု​ဆို​လျက်​ထို သား​ကို​ယော​သပ်​ဟူ​၍​နာ​မည်​မှည့်​လေ​သည်။

25. ယော​သပ်​ကို​ဖွား​မြင်​ပြီး​နောက်​ယာ​ကုပ်​က လာ​ဗန်​အား``ကျွန်ုပ်​ကို​နေ​ရင်း​ပြည်​သို့​ပြန် ခွင့်​ပေး​ပါ။-

26. ကျွန်ုပ်​သည်​ဦး​ရီး​ထံ​၌​အ​လုပ်​လုပ်​၍​ရ​သော မ​ယား​များ​နှင့်​တ​ကွ သား​သ​မီး​တို့​ကို​ခေါ် ဆောင်​လျက်​ထွက်​ခွာ​သွား​ပါ​ရ​စေ။ ကျွန်ုပ်​သည် ဦး​ရီး​အ​တွက်​မည်​မျှ​ကြိုး​စား​လုပ်​ကိုင်​ပေး ခဲ့​ကြောင်း​ဦး​ရီး​သိ​ပါ​၏'' ဟု​ပြော​လေ​၏။

27. ထို​အ​ခါ​လာ​ဗန်​က``ငါ​လည်း​ပြော​ပါ​ရ​စေ။ ထာ​ဝ​ရ​ဘု​ရား​သည်​သင့်​ကြောင့်​ငါ့​အား ကောင်း​ချီး​ပေး​တော်​မူ​ကြောင်း​ကို​ငါ​သိ မြင်​လာ​ရ​ပြီ။-

28. သင်​အ​လို​ရှိ​သော​အ​ခ​ကို​ပြော​ပါ။ ထို​အ​ခ ကို​ငါ​ပေး​မည်'' ဟု​ဆို​လေ​၏။

29. ယာ​ကုပ်​က``ကျွန်ုပ်​သည်​ဦး​ရီး​အ​တွက်​မည်​ကဲ့ သို့​လုပ်​ကိုင်​ပေး​ခဲ့​ကြောင်း​ကို​လည်း​ကောင်း၊ ကျွန်ုပ် ၏​ထိန်း​ကျောင်း​မှု​ကြောင့်​ဦး​ရီး​၏​တိ​ရစ္ဆာန်​များ မည်​မျှ​တိုး​ပွား​လာ​ကြောင်း​ကို​လည်း​ကောင်း ဦး​ရီး​သိ​မြင်​ရ​ပါ​ပြီ။-

30. ကျွန်ုပ်​မ​ရောက်​မီ​က​ဦး​ရီး​၌​တိ​ရစ္ဆာန်​အ​နည်း ငယ်​မျှ​သာ​ရှိ​၍ ယ​ခု​မြောက်​မြား​စွာ​တိုး​ပွား လျက်​ရှိ​ပါ​သည်။ ကျွန်ုပ်​ကြောင့်​ထာ​ဝ​ရ​ဘု​ရား သည်​ဦး​ရီး​အား​ကောင်း​ချီး​ပေး​တော်​မူ​ပြီ။ ယ​ခု​ကျွန်ုပ်​သည်​ကိုယ့်​စီး​ပွား​ကို​ရှာ​ရ​မည့် အ​ချိန်​ရောက်​ပါ​ပြီ'' ဟု​ဆို​လေ​၏။

31. ထို​အ​ခါ​လာ​ဗန်​က``သင့်​အ​တွက်​အ​ခ​မည် မျှ​ပေး​ရ​မည်​နည်း'' ဟု​မေး​၏။ယာ​ကုပ်​က``အ​ခ​မ​ယူ​လို​ပါ။ ဦး​ရီး​က ကျွန်ုပ်​၏​အ​ကြံ​ပေး​ချက်​ကို​လက်​ခံ​လျှင် ကျွန်ုပ်​သည်​ဦး​ရီး​၏​တိရစ္ဆာန်​များ​ကို​ဆက် လက်​ထိန်း​ကျောင်း​ပါ​မည်။-

32. ယ​နေ့​ကျွန်ုပ်​သည်​တိ​ရစ္ဆာန်​အုပ်​တို့​ကို​လှည့်​လည် ၍​ကြည့်​ရှု​ပါ​မည်။ ၎င်း​တို့​အ​ထဲ​တွင်​တွေ့​ရှိ​ရ သော​သိုး​အ​နက်​နှင့်​အ​ပြောက်​အ​ကျား​ဆိတ် များ​ကို​ကျွန်ုပ်​ယူ​ပါ​မည်။ ထို​တိ​ရစ္ဆာန်​တို့​သည် ကျွန်ုပ်​အ​တွက်​အ​ခ​ဖြစ်​ပါ​စေ။-

33. နောင်​အ​ခါ​ကျွန်ုပ်​၌​ရိုး​သား​မှု​ရှိ​မ​ရှိ​ကို​ဦး ရီး​လွယ်​ကူ​စွာ​သိ​ရှိ​နိုင်​ပါ​မည်။ ဦး​ရီး​က ကျွန်ုပ်​အား​အ​ခ​အ​ဖြစ်​နှင့်​ပေး​သော​သိုး​ဆိတ် များ​ကို​စစ်​ဆေး​ကြည့်​ရှု​သော​အ​ခါ​၌ အ​ကွက် အ​ပြောက်​ပါ​သော​ဆိတ်​နှင့်​မည်း​နက်​သော​သိုး များ​က​လွဲ​၍ အ​ခြား​သိုး​ဆိတ်​များ​ကို​တွေ့ ရှိ​ပါ​က​၎င်း​တို့​ကို​ခိုး​ယူ​ကြောင်း​သိ​နိုင် ပါ​လိမ့်​မည်'' ဟု​ဆို​လေ​၏။

34. လာ​ဗန်​က``သ​ဘော​တူ​ပါ​သည်။ သင်​၏​အ​ကြံ ပေး​ချက်​အ​တိုင်း​လိုက်​နာ​ကြ​စို့'' ဟု​ပြော​လေ​၏။-

35. ထို​နေ့​၌​ပင်​လာ​ဗန်​သည်​အ​ပြောက်​အ​ကျား ဆိတ်​ထီး၊ အ​ကွက်​အ​ပြောက်​သို့​မ​ဟုတ်​အ​ဖြူ ပြောက်​ပါ​ရှိ​သော​ဆိတ်​မ​ရှိ​သ​မျှ​တို့​ကို​လည်း ကောင်း၊ သိုး​အ​နက်​အား​လုံး​တို့​ကို​လည်း​ကောင်း ရွေး​ထုတ်​ပြီး​လျှင်​မိ​မိ​၏​သား​တို့​လက်​သို့ ပေး​အပ်​လေ​၏။-

ကမ္ဘာ​ဦး 30