ကမ္ဘာ​ဦး 30:2-16 Common Language Bible (BCL)

2. ထို​အ​ခါ​ယာ​ကုပ်​သည်​အ​မျက်​ထွက်​၍``ငါ သည်​ဘု​ရား​လော။ ဘု​ရား​က​သာ​သင့်​အား သား​ဖွား​ခွင့်​ကို​ပေး​တော်​မူ​နိုင်​သည်​မ​ဟုတ် လော'' ဟု​ပြန်​ဖြေ​လေ​သည်။

3. ရာ​ခေ​လ​က``ကျွန်​မ​အ​တွက်​က​လေး​ရ​စေ​ရန် ကျွန်​မ​၏​ကျွန်​ဗိ​လ​ဟာ​နှင့်​အိပ်​ပါ​လော့။ သူ့ အား​ဖြင့်​က​လေး​ရ​လျှင်​ကျွန်​မ​သည်​အ​မေ တစ်​ယောက်​ဖြစ်​လာ​နိုင်​ပါ​မည်'' ဟု​ဆို​လေ​၏။-

4. သူ​သည်​ဗိ​လ​ဟာ​ကို​ယာ​ကုပ်​အား​ပေး​အပ်​၍ ယာ​ကုပ်​သည်​ဗိ​လ​ဟာ​နှင့်​အိပ်​သ​ဖြင့်၊-

5. ဗိ​လ​ဟာ​သည်​ကိုယ်​ဝန်​ဆောင်​၍​သား​တစ်​ယောက် ကို​ဖွား​မြင်​လေ​သည်။-

6. ရာ​ခေ​လ​က``ဘု​ရား​သ​ခင်​သည်​ငါ့​ဘက်​၌ တ​ရား​စီ​ရင်​တော်​မူ​ပြီ။ ငါ​၏​ဆု​တောင်း​ပတ္ထ​နာ ကို​နား​ညောင်း​၍​ငါ့​အား​သား​ကို​ပေး​သ​နား တော်​မူ​ပြီ'' ဟု​ဆို​လျက်​ထို​သား​ကို​ဒန်​ဟူ​၍ နာ​မည်​မှည့်​လေ​၏။-

7. တစ်​ဖန်​ဗိ​လ​ဟာ​သည်​ယာ​ကုပ်​နှင့်​ဒု​တိ​ယ​သား ကို​ရ​လေ​သည်။-

8. ထို​အ​ခါ​ရာ​ခေ​လ​က``ငါ​သည်​ငါ​၏​အစ်​မ နှင့်​အ​ပြင်း​အ​ထန်​ဆိုင်​ပြိုင်​ခဲ့​ရာ​အ​နိုင်​ရ​လေ ပြီ'' ဟု​ဆို​လျက်​ထို​သား​ကို​န​ဿ​လိ​ဟူ​၍ နာ​မည်​မှည့်​လေ​၏။

9. လေ​အာ​သည်​လည်း​မိ​မိ​၌​သား​ဖွား​ခြင်း​ရပ်​ဆိုင်း သွား​ကြောင်း​သိ​မြင်​ရ​သော​အ​ခါ သူ​၏​ကျွန်​မ ဇိ​လ​ပ​ကို​ယာ​ကုပ်​အား​မ​ယား​အ​ဖြစ်​ပေး အပ်​လေ​သည်။-

10. သို့​ဖြစ်​၍​ဇိ​လ​ပ​သည်​ယာ​ကုပ်​နှင့်​သား​တစ် ယောက်​ကို​ရ​လေ​၏။-

11. ထို​နောက်​လေ​အာ​က``ငါ​၌​ကောင်း​ကျိုး​ဆိုက် ရောက်​လာ​ပြီ'' ဟု​ဆို​လျက်​ထို​သား​ကို​ဂဒ် နာ​မည်​ဖြင့်​မှည့်​လေ​၏။-

12. တစ်​ဖန်​ဇိ​လ​ပ​သည်​ယာ​ကုပ်​နှင့်​သား တစ်​ယောက်​ရ​ပြန်​သော်၊-

13. လေ​အာ​က``ငါ​၌​မင်္ဂ​လာ​ရှိ​၏။ အ​ခြား​သော မိန်း​မ​တို့​က​ငါ့​အား​မင်္ဂလာ​ရှိ​သူ​ဟု​ခေါ်​ကြ လိမ့်​မည်'' ဟု​ဆို​လျက်​ထို​သား​ကို​အာ​ရှာ နာ​မည်​ဖြင့်​မှည့်​လေ​သည်။

14. ဂျုံ​စ​ပါး​ရိတ်​သိမ်း​ချိန်​၌​ရုဗင်​သည်​လယ်​ထဲ​သို့ သွား​ရာ​၌ အ​နု​ဆေး​သီး​ကို​တွေ့​သ​ဖြင့်​မိ​ခင် လေ​အာ​ထံ​သို့​ယူ​ခဲ့​သည်။ ရာ​ခေ​လ​က​လေ​အာ အား``သင့်​သား​ယူ​ခဲ့​သော​အ​နု​ဆေး​သီး​အ​ချို့ ကို​ပေး​ပါ'' ဟု​တောင်း​လေ​၏။

15. လေ​အာ​က``သင်​သည်​ငါ​၏​လင်​ယောကျာ်း​ကို​ယူ​ရုံ ဖြင့်​အား​မ​ရ​ဘဲ ယ​ခု​ငါ့​သား​၏​အ​နု​ဆေး​သီး ကို​ယူ​ချင်​ပြန်​ပြီ​လော'' ဟု​ဆို​လေ​၏။ရာ​ခေ​လ​က``သင့်​သား​၏​အ​နု​ဆေး​ပင်​များ​ကို ပေး​လျှင် သင်​သည်​ယ​နေ့​ည​ယာ​ကုပ်​နှင့်​အ​တူ အိပ်​နိုင်​သည်'' ဟု​ပြန်​ပြော​လေ​၏။

16. ည​နေ​ခင်း​၌​ယာ​ကုပ်​လယ်​ထဲ​မှ​ပြန်​လာ​သော အ​ခါ လေ​အာ​သည်​ဆီး​ကြို​၍``ကျွန်​မ​၏​သား​ရ ခဲ့​သော​အ​နု​ဆေး​သီး​ကို​ရာ​ခေ​လ​အား​ပေး သ​ဖြင့် ရှင်​ကျွန်​မ​နှင့်​အ​တူ​ယ​နေ့​ည​အိပ်​ရ​မည်'' ဟု​ပြော​ရာ​ထို​ည​၌​ယာ​ကုပ်​သည်​လေ​အာ​နှင့် အိပ်​လေ​၏။

ကမ္ဘာ​ဦး 30