12. တစ်ဖန်ဇိလပသည်ယာကုပ်နှင့်သား တစ်ယောက်ရပြန်သော်၊-
13. လေအာက``ငါ၌မင်္ဂလာရှိ၏။ အခြားသော မိန်းမတို့ကငါ့အားမင်္ဂလာရှိသူဟုခေါ်ကြ လိမ့်မည်'' ဟုဆိုလျက်ထိုသားကိုအာရှာ နာမည်ဖြင့်မှည့်လေသည်။
14. ဂျုံစပါးရိတ်သိမ်းချိန်၌ရုဗင်သည်လယ်ထဲသို့ သွားရာ၌ အနုဆေးသီးကိုတွေ့သဖြင့်မိခင် လေအာထံသို့ယူခဲ့သည်။ ရာခေလကလေအာ အား``သင့်သားယူခဲ့သောအနုဆေးသီးအချို့ ကိုပေးပါ'' ဟုတောင်းလေ၏။
15. လေအာက``သင်သည်ငါ၏လင်ယောကျာ်းကိုယူရုံ ဖြင့်အားမရဘဲ ယခုငါ့သား၏အနုဆေးသီး ကိုယူချင်ပြန်ပြီလော'' ဟုဆိုလေ၏။ရာခေလက``သင့်သား၏အနုဆေးပင်များကို ပေးလျှင် သင်သည်ယနေ့ညယာကုပ်နှင့်အတူ အိပ်နိုင်သည်'' ဟုပြန်ပြောလေ၏။