1. ရာခေလသည်ယာကုပ်နှင့်သားသမီးမထွန်း ကားသဖြင့် အစ်မကိုမနာလိုဖြစ်ပြီးလျှင် ယာကုပ်အား``ကျွန်မတွင်သားသမီးမရ ပါကသေရပါတော့မည်'' ဟုပြောလေ၏။
2. ထိုအခါယာကုပ်သည်အမျက်ထွက်၍``ငါ သည်ဘုရားလော။ ဘုရားကသာသင့်အား သားဖွားခွင့်ကိုပေးတော်မူနိုင်သည်မဟုတ် လော'' ဟုပြန်ဖြေလေသည်။
3. ရာခေလက``ကျွန်မအတွက်ကလေးရစေရန် ကျွန်မ၏ကျွန်ဗိလဟာနှင့်အိပ်ပါလော့။ သူ့ အားဖြင့်ကလေးရလျှင်ကျွန်မသည်အမေ တစ်ယောက်ဖြစ်လာနိုင်ပါမည်'' ဟုဆိုလေ၏။-
4. သူသည်ဗိလဟာကိုယာကုပ်အားပေးအပ်၍ ယာကုပ်သည်ဗိလဟာနှင့်အိပ်သဖြင့်၊-
5. ဗိလဟာသည်ကိုယ်ဝန်ဆောင်၍သားတစ်ယောက် ကိုဖွားမြင်လေသည်။-
6. ရာခေလက``ဘုရားသခင်သည်ငါ့ဘက်၌ တရားစီရင်တော်မူပြီ။ ငါ၏ဆုတောင်းပတ္ထနာ ကိုနားညောင်း၍ငါ့အားသားကိုပေးသနား တော်မူပြီ'' ဟုဆိုလျက်ထိုသားကိုဒန်ဟူ၍ နာမည်မှည့်လေ၏။-
7. တစ်ဖန်ဗိလဟာသည်ယာကုပ်နှင့်ဒုတိယသား ကိုရလေသည်။-