ကမ္ဘာ​ဦး 3:13-24 Common Language Bible (BCL)

13. ထာ​ဝ​ရ​အ​ရှင်​ဘု​ရား​သခင်​က​မိန်း​မ​အား``သင် သည်​အ​ဘယ်​ကြောင့်​ထို​သို့​ပြု​ရ​သ​နည်း'' ဟု မေး​တော်​မူ​လျှင် ``မြွေ​က​ကျွန်​မ​ကို​လှည့်​စား သ​ဖြင့်​စား​မိ​ပါ​သည်'' ဟု​ပြန်​လည်​လျှောက် လေ​၏။

14. ထို​အ​ခါ​ထာ​ဝ​ရ​အ​ရှင်​ဘု​ရား​သ​ခင်​က မြွေ​အား``သင်​သည် ဤ​သို့​ပြု​လုပ်​သည့်​အ​တွက် ဒဏ်​ခံ​ရ​မည်။ တိရစ္ဆာန်​အ​ပေါင်း​တို့​တွင်​သင်​သာ လျှင် ဤ​ကျိန်​စာ​သင့်​မည်။ ယ​ခု​မှ​စ​၍​သင် သည်​ဝမ်း​ဗိုက်​ဖြင့်​တွား​သွား​လျက် မြေ​မှုန့်​ကို တစ်​သက်​လုံး​စား​ရ​မည်။-

15. သင်​နှင့်​မိန်း​မ​သည်​တစ်​ဦး​ကို​တစ်​ဦး​မုန်း​လိမ့်​မည်။ သင်​၏​အ​မျိုး​အ​နွယ်​နှင့်​မိန်းမ​၏​အ​မျိုး​အ​နွယ် သည် ရန်​ငြိုး​ဖွဲ့​လိမ့်​မည်။ လူ​သည်​သင်​၏​ဦး​ခေါင်း ကို​ချေ​လိမ့်​မည်။ သင်​သည်​လည်း သူ​၏​ဖ​နောင့်​ကို ပေါက်​လိမ့်​မည်'' ဟု​မိန့်​တော်​မူ​၏။

16. မိန်း​မ​အား​လည်း``သင်​သည်​ကိုယ်​ဝန်​ဆောင်​ခြင်း ဖြင့်​ဒုက္ခ​ပို​များ​လာ​မည်။ သား​ဖွား​ခြင်း​ဝေ​ဒ​နာ ကို​ခံ​ရ​မည်။ သို့​သော်​လည်း​သင်​သည် မိ​မိ​ခင်​ပွန်း ကို​စုံ​မက်​နေ​လိမ့်​မည်။ သင့်​အ​ပေါ်​မှာ​သူ​၏ သြ​ဇာ​ညောင်း​ရ​လိမ့်​မည်'' ဟု​မိန့်​တော်​မူ​၏။

17. ယောကျာ်း​အား​လည်း``ထို​အ​ပင်​၏​အ​သီး​ကို မ​စား​ရ​ဟု ငါ​ပ​ညတ်​ထား​သော်​လည်း သင် ၏​မယား​၏​စ​ကား​ကို​နား​ထောင်​၍​စား​လေ ပြီ။ သင်​ထို​သို့​ပြု​ခြင်း​ကြောင့်​မြေ​သည်​ကျိန် စာ​သင့်​ရ​၏။ သင်​သည်​မိ​မိ​ဝမ်း​စာ​အ​တွက် မြေ​မှ​သီး​နှံ​ထွက်​စေ​ရန် တစ်​သက်​လုံး​ပင်​ပန်း စွာ​လုပ်​ကိုင်​ရ​မည်။-

18. မြေ​မှ​ဆူး​ချုံ​နှင့်​ပေါင်း​ပင်​များ​ပေါက်​လိမ့်​မည်။ သင်​သည်​အ​ရိုင်း​ပေါက်​သော​အ​ပင်​တို့​ကို​စား ရ​မည်။-

19. သင်​သည်​မြေ​မှ​ဖြစ်​လာ​၍​မြေ​သို့​ပြန်​သွား ရ​သည်​တိုင်​အောင် မြေ​မှ​သီး​နှံ​ထွက်​စေ​ရန်​ချွေး ထွက်​လျက်​ပင်​ပန်း​စွာ​လုပ်​ကိုင်​ရ​မည်။ သင်​သည် မြေ​မှ​ဖြစ်​လာ​၍ မြေ​သို့​ပြန်​သွား​ရ​မည်'' ဟု မိန့်​တော်​မူ​၏။

20. အာ​ဒံ သည်​မိ​မိ​၏​မယား​အား​ဧဝ​ဟု​မှည့်​ခေါ်​လေ ၏။ အ​ဘယ်​ကြောင့်​ဆို​သော်​သူ​သည် လူ​သတ္တဝါ အ​ပေါင်း​တို့​၏​မိ​ခင်​ဖြစ်​သော​ကြောင့်​တည်း။-

21. ထာ​ဝ​ရ​အ​ရှင်​ဘု​ရား​သ​ခင်​သည်​အာ​ဒံ နှင့်​ဧ​ဝ​တို့​အ​တွက် သား​ရေ​ဝတ်​လုံ​များ​ပြု လုပ်​၍​သူ​တို့​အား​ဝတ်​ဆင်​ပေး​တော်​မူ​၏။

22. ထို​နောက်​ထာ​ဝ​ရ​အ​ရှင်​ဘု​ရား​သ​ခင်​က``လူ သည်​ငါ​တို့​ကဲ့​သို့​ဖြစ်​လာ​၍ အ​ကောင်း​နှင့်​အ ဆိုး​ကို​သိ​မြင်​လာ​လေ​ပြီ။ အ​မြဲ​အ​သက် ရှင်​စေ​သော​အ​ပင်​မှ​အ​သီး​ကို​ဆွတ်​စား​၍ အ​မြဲ​အ​သက်​ရှင်​ခွင့်​မ​ပြု​ရ'' ဟု​မိန့်​တော် မူ​၏။-

23. ထို့​ကြောင့်​ထာ​ဝ​ရ​အ​ရှင်​ဘု​ရား​သ​ခင်​သည် လူ​ကို​ဧ​ဒင်​ဥ​ယျာဉ်​ထဲ​မှ​နှင်​ထုတ်​၍ မြေ​မှ ဖြစ်​သော​လူ​အား​မြေ​ကို​ထွန်​ယက်​စိုက်​ပျိုး စေ​တော်​မူ​၏။-

24. ထို​နောက်​အ​သက်​ရှင်​စေ​သော​အ​ပင်​အ​နီး သို့​မည်​သူ​မျှ​မ​ချဉ်း​ကပ်​နိုင်​စေ​ရန် လည်​ပတ် လျက်​ရှိ​သော​ဋ္ဌား​မီး​စက်​လက်​နက်​နှင့်​တ​ကွ ခေ​ရု​ဗိမ် တို့​ကို​ဥယျာဉ်​အ​ရှေ့​ဘက်​တွင်​အ​စောင့်​ချ ထား​တော်​မူ​၏။

ကမ္ဘာ​ဦး 3