12. လူကလည်း``ကျွန်တော်အားကိုယ်တော်ပေး အပ်တော်မူသောမိန်းမက အသီးကိုပေး သဖြင့်ကျွန်တော်စားမိပါသည်'' ဟူ၍ပြန် လည်လျှောက်ထား၏။
13. ထာဝရအရှင်ဘုရားသခင်ကမိန်းမအား``သင် သည်အဘယ်ကြောင့်ထိုသို့ပြုရသနည်း'' ဟု မေးတော်မူလျှင် ``မြွေကကျွန်မကိုလှည့်စား သဖြင့်စားမိပါသည်'' ဟုပြန်လည်လျှောက် လေ၏။
14. ထိုအခါထာဝရအရှင်ဘုရားသခင်က မြွေအား``သင်သည် ဤသို့ပြုလုပ်သည့်အတွက် ဒဏ်ခံရမည်။ တိရစ္ဆာန်အပေါင်းတို့တွင်သင်သာ လျှင် ဤကျိန်စာသင့်မည်။ ယခုမှစ၍သင် သည်ဝမ်းဗိုက်ဖြင့်တွားသွားလျက် မြေမှုန့်ကို တစ်သက်လုံးစားရမည်။-
15. သင်နှင့်မိန်းမသည်တစ်ဦးကိုတစ်ဦးမုန်းလိမ့်မည်။ သင်၏အမျိုးအနွယ်နှင့်မိန်းမ၏အမျိုးအနွယ် သည် ရန်ငြိုးဖွဲ့လိမ့်မည်။ လူသည်သင်၏ဦးခေါင်း ကိုချေလိမ့်မည်။ သင်သည်လည်း သူ၏ဖနောင့်ကို ပေါက်လိမ့်မည်'' ဟုမိန့်တော်မူ၏။