6. နောက်တစ်ဖန်ယာကုပ်က``သူကျန်းမာပါ သလော'' ဟုမေး၏။သူတို့က``ကျန်းမာပါ၏။ ယခုပင်သူ၏သမီး ရာခေလသည်သိုးအုပ်နှင့်အတူလာနေပြီ'' ဟုဆိုကြ၏။
7. ယာကုပ်က``ယခုနေမြင့်သေးသဖြင့်သိုးအုပ် များကိုသိမ်းသွင်းရန်အချိန်မရောက်သေး။ သင် တို့သည်သိုးများကိုရေတိုက်ပြီးလျှင် စား ကျက်သို့ပြန်၍ပို့ဦးလော့'' ဟုပြောလေ၏။
8. ထိုအခါသူတို့က``ကျွန်ုပ်တို့ထိုသို့မပြု လုပ်နိုင်ပါ။ သိုးအုပ်အားလုံးဤအရပ်သို့ ရောက်ရှိ၍ကျောက်တုံးကိုရွှေ့ပြီးမှသိုးတို့ ကိုရေတိုက်ရပါသည်'' ဟုပြန်ဖြေကြ၏။
9. ယာကုပ်သည်သိုးကျောင်းသားတို့နှင့်စကား ပြောဆိုနေစဉ်ဖခင်၏သိုးတို့ကိုထိန်းကျောင်း ရသောရာခေလသည်သိုးအုပ်နှင့်အတူလာ နေ၏။-
10. ယာကုပ်သည်သူ၏ဦးရီးလာဗန်သိုးအုပ် နှင့်အတူရာခေလရောက်ရှိလာသောအခါ ရေတွင်းသို့သွား၍ကျောက်တုံးကိုရွှေ့ဖယ်ပြီး လျှင်လာဗန်၏သိုးတို့ကိုရေတိုက်လေ၏။-
11. ထိုနောက်သူသည်ရာခေလကိုနမ်း၍ ဝမ်း သာသောကြောင့်ငိုကြွေးလေ၏။-
12. သူက``ငါသည်ရေဗက္က၏သား၊ သင့်ဖခင်၏ ဆွေမျိုးရင်းချာဖြစ်သည်'' ဟုရာခေလအား ပြောလေ၏။ရာခေလသည်ပြေး၍ဖခင်အားထိုအကြောင်း ကိုပြောပြလေ၏။-
13. လာဗန်သည်သူ၏တူယာကုပ်၏သတင်းကို ကြားရလျှင်ပြေး၍ သူ့အားဆီးကြိုဖက်ယမ်း နမ်းရှုပ်ပြီးလျှင်နေအိမ်သို့ခေါ်ဆောင်ခဲ့လေ သည်။ ယာကုပ်ကဖြစ်ခဲ့သမျှအကြောင်းကို အကုန်အစင်ပြောပြသောအခါ၊-
14. လာဗန်က``သင်သည်ငါ၏သွေးရင်းသားရင်း ပင်ဖြစ်ပါသည်တကား'' ဟုဆိုလေ၏။ ယာကုပ် သည်လည်းဦးရီးအိမ်တွင်တစ်လကြာမျှနေ ထိုင်လေသည်။
15. လာဗန်ကယာကုပ်အား``သင်သည်ငါ၏ဆွေမျိုး ဖြစ်သောကြောင့် ငါ့အတွက်အခမဲ့လုပ်ကိုင်မ ပေးသင့်။ သင်လိုချင်သည့်အခကိုတောင်းလော့'' ဟုဆိုလေ၏။-
16. လာဗန်တွင်သမီးနှစ်ယောက်ရှိ၏။ သမီး အကြီး၏နာမည်သည်လေအာဖြစ်၍ သမီးအငယ်၏နာမည်မှာရာခေလဖြစ်၏။-
17. လေအာသည်မျက်လုံးမျက်ဖန်လှ၏။ ရာခေလ မူကားကိုယ်လုံးကိုယ်ပေါက်လှ၍ရှုချင်ဖွယ် ကောင်း၏။