25. မိုးလင်းချိန်ရောက်မှယာကုပ်သည်မိမိ၏မယားမှာ လေအာဖြစ်ကြောင်းသိရလေသည်။ သူသည်လာဗန် ထံသို့သွား၍``အဘယ်ကြောင့်ထိုသို့ပြုလုပ်ရပါ သနည်း။ ကျွန်ုပ်သည်ရာခေလကိုရရန်အတွက် အလုပ်လုပ်ခဲ့ပါသည်။ ကျွန်ုပ်ကိုအဘယ်ကြောင့် လှည့်စားပါသနည်း'' ဟုမေးလေ၏။
26. ထိုအခါလာဗန်က``ဤအရပ်ဒေသတွင်သမီး အကြီးကိုအိမ်ထောင်မချမီ သမီးအငယ်ကို အိမ်ထောင်ချသည့်ထုံးစံဋ္ဌလေ့မရှိပါ။-
27. သင်သည်ငါ့ထံ၌နောက်ထပ်ခုနစ်နှစ်အလုပ် လုပ်ဦးမည်ဆိုလျှင် မင်္ဂလာပွဲရက်သတ္တတစ်ပတ် ကုန်သောအခါသင့်အားရာခေလနှင့်ပေး စားပါမည်'' ဟုဆိုလေသည်။
28. ယာကုပ်သည် သဘောတူလက်ခံလေ၏။ မင်္ဂလာပွဲ ရက်သတ္တပတ်ကုန်ဆုံးသောအခါ လာဗန်သည် သမီးရာခေလကို ယာကုပ်နှင့်ပေးစား၏။-
29. (လာဗန်သည် မိမိ၏ကျွန်မဗိလဟာကို ရာခေလ၏အထိန်းအဖြစ်ပေးအပ်လိုက်၏။-)
30. ထို့ကြောင့်ယာကုပ်သည်ရာခေလနှင့်လည်း အိပ်လေသည်။ သူသည်ရာခေလကိုလေအာ ထက်ပို၍ချစ်၏။ ထိုနောက်သူသည်လာဗန် ထံ၌ နောက်ထပ်ခုနစ်နှစ်အစေခံလေသည်။
31. ယာကုပ်သည်လေအာကိုမချစ်ကြောင်း ထာဝရဘုရားသိမြင်တော်မူသဖြင့် လေအာကိုသားသမီးထွန်းကားစေ၏။ ရာ ခေလမူကားသားသမီးမထွန်းကားချေ။-
32. မကြာမီလေအာသည်ကိုယ်ဝန်ဆောင်၍သား တစ်ယောက်ကိုဖွားမြင်သော်သူက``ထာဝရ ဘုရားသည်ငါ၏ဒုက္ခကိုမြင်တော်မူပြီ။ ယခု ငါ၏လင်ယောကျာ်းသည်ငါ့အားချစ်လိမ့်မည်'' ဟုဆို၍ထိုသားကိုရုဗင်ဟုနာမည်မှည့် လေ၏။-
33. လေအာသည်တစ်ဖန်ကိုယ်ဝန်ဆောင်၍သားတစ် ယောက်ကိုဖွားမြင်ပြန်သောအခါသူက``ငါ ၏လင်ယောကျာ်းသည်ငါ့အားမချစ်ကြောင်း ကိုထာဝရဘုရားကြားသိတော်မူသဖြင့် ဤသားကိုလည်းပေးသနားတော်မူပြီ'' ဟု ဆို၍ထိုသားကိုရှိမောင်ဟုနာမည်မှည့်လေ၏။-
34. ထိုနောက်သူသည်တစ်ဖန်ကိုယ်ဝန်ဆောင်၍ သားတစ်ယောက်ကိုဖွားမြင်ပြန်သည်ရှိသော် သူက``ငါ၏လင်ယောကျာ်းအားသားသုံး ယောက်ကိုဖွားမြင်ပေးပြီဖြစ်ရာသူသည် ငါ့အားယခင်ကထက်ပို၍ခင်တွယ်မှုရှိ မည်'' ဟုဆိုလျက်တတိယသားကိုလေဝိ ဟူ၍နာမည်မှည့်လေသည်။-
35. သူသည်နောက်တစ်ဖန်ကိုယ်ဝန်ဆောင်၍သား တစ်ယောက်ကိုဖွားမြင်ပြန်လျှင်သူက``ဤ တစ်ကြိမ်တွင်ငါသည်ထာဝရဘုရား၏ ဂုဏ်တော်ကိုချီးမွမ်းမည်'' ဟုဆိုလျက်စတုတ္ထ သားကိုယုဒဟူ၍နာမည်မှည့်လေသည်။ ထို နောက်သူ၌သားဖွားခြင်းရပ်စဲသွားလေ၏။