ကမ္ဘာ​ဦး 29:23-35 Common Language Bible (BCL)

23. ထို​နေ့​ည​၌​လာဗန်​သည်​ရာ​ခေ​လ​အ​စား​လေ​အာ ကို ယာ​ကုပ်​ထံ​သို့​ပို့​သ​ဖြင့်​သူ​သည်​လေ​အာ​နှင့် အိပ်​လေ​၏။-

24. (လာ​ဗန်​သည်​မိ​မိ​၏​ကျွန်​မ​ဇိ​လ​ပ​ကို​လေ​အာ ၏​အ​ထိန်း​အ​ဖြစ်​ပေး​အပ်​လိုက်​၏။-)

25. မိုး​လင်း​ချိန်​ရောက်​မှ​ယာကုပ်​သည်​မိ​မိ​၏​မယား​မှာ လေ​အာ​ဖြစ်​ကြောင်း​သိ​ရ​လေ​သည်။ သူ​သည်​လာ​ဗန် ထံ​သို့​သွား​၍``အ​ဘယ်​ကြောင့်​ထို​သို့​ပြု​လုပ်​ရ​ပါ သ​နည်း။ ကျွန်ုပ်​သည်​ရာ​ခေ​လ​ကို​ရ​ရန်​အ​တွက် အ​လုပ်​လုပ်​ခဲ့​ပါ​သည်။ ကျွန်ုပ်​ကို​အ​ဘယ်​ကြောင့် လှည့်​စား​ပါ​သ​နည်း'' ဟု​မေး​လေ​၏။

26. ထို​အ​ခါ​လာ​ဗန်​က``ဤ​အ​ရပ်​ဒေ​သ​တွင်​သ​မီး အ​ကြီး​ကို​အိမ်​ထောင်​မ​ချ​မီ သ​မီး​အ​ငယ်​ကို အိမ်​ထောင်​ချ​သည့်​ထုံး​စံ​ဋ္ဌ​လေ့​မ​ရှိ​ပါ။-

27. သင်​သည်​ငါ့​ထံ​၌​နောက်​ထပ်​ခုနစ်​နှစ်​အ​လုပ် လုပ်​ဦး​မည်​ဆို​လျှင် မင်္ဂ​လာ​ပွဲ​ရက်​သတ္တ​တစ်ပတ် ကုန်​သော​အ​ခါ​သင့်​အား​ရာ​ခေ​လ​နှင့်​ပေး စား​ပါ​မည်'' ဟု​ဆို​လေ​သည်။

28. ယာ​ကုပ်​သည် သ​ဘော​တူ​လက်​ခံ​လေ​၏။ မင်္ဂ​လာ​ပွဲ ရက်​သတ္တ​ပတ်​ကုန်​ဆုံး​သော​အ​ခါ လာ​ဗန်​သည် သ​မီး​ရာ​ခေ​လ​ကို ယာ​ကုပ်​နှင့်​ပေး​စား​၏။-

29. (လာ​ဗန်​သည် မိ​မိ​၏​ကျွန်​မ​ဗိ​လ​ဟာ​ကို ရာ​ခေ​လ​၏​အ​ထိန်း​အ​ဖြစ်​ပေး​အပ်​လိုက်​၏။-)

30. ထို့​ကြောင့်​ယာ​ကုပ်​သည်​ရာ​ခေ​လ​နှင့်​လည်း အိပ်​လေ​သည်။ သူ​သည်​ရာ​ခေ​လ​ကို​လေ​အာ ထက်​ပို​၍​ချစ်​၏။ ထို​နောက်​သူ​သည်​လာ​ဗန် ထံ​၌ နောက်​ထပ်​ခု​နစ်​နှစ်​အ​စေ​ခံ​လေ​သည်။

31. ယာ​ကုပ်​သည်​လေ​အာ​ကို​မ​ချစ်​ကြောင်း ထာ​ဝ​ရ​ဘု​ရား​သိ​မြင်​တော်​မူ​သ​ဖြင့် လေ​အာ​ကို​သား​သ​မီး​ထွန်း​ကား​စေ​၏။ ရာ ခေ​လ​မူ​ကား​သား​သ​မီး​မ​ထွန်း​ကား​ချေ။-

32. မ​ကြာ​မီ​လေ​အာ​သည်​ကိုယ်​ဝန်​ဆောင်​၍​သား တစ်​ယောက်​ကို​ဖွား​မြင်​သော်​သူ​က``ထာ​ဝ​ရ ဘု​ရား​သည်​ငါ​၏​ဒုက္ခ​ကို​မြင်​တော်​မူ​ပြီ။ ယ​ခု ငါ​၏​လင်​ယောကျာ်း​သည်​ငါ့​အား​ချစ်​လိမ့်​မည်'' ဟု​ဆို​၍​ထို​သား​ကို​ရု​ဗင်​ဟု​နာ​မည်​မှည့် လေ​၏။-

33. လေ​အာ​သည်​တစ်​ဖန်​ကိုယ်​ဝန်​ဆောင်​၍​သား​တစ် ယောက်​ကို​ဖွား​မြင်​ပြန်​သော​အ​ခါ​သူ​က``ငါ ၏​လင်​ယောကျာ်း​သည်​ငါ့​အား​မ​ချစ်​ကြောင်း ကို​ထာ​ဝ​ရ​ဘု​ရား​ကြား​သိ​တော်​မူ​သ​ဖြင့် ဤ​သား​ကို​လည်း​ပေး​သ​နား​တော်​မူ​ပြီ'' ဟု ဆို​၍​ထို​သား​ကို​ရှိ​မောင်​ဟု​နာ​မည်​မှည့်​လေ​၏။-

34. ထို​နောက်​သူ​သည်​တစ်​ဖန်​ကိုယ်​ဝန်​ဆောင်​၍ သား​တစ်​ယောက်​ကို​ဖွား​မြင်​ပြန်​သည်​ရှိ​သော် သူ​က``ငါ​၏​လင်​ယောကျာ်း​အား​သား​သုံး ယောက်​ကို​ဖွား​မြင်​ပေး​ပြီ​ဖြစ်​ရာ​သူ​သည် ငါ့​အား​ယ​ခင်​က​ထက်​ပို​၍​ခင်​တွယ်​မှု​ရှိ မည်'' ဟု​ဆို​လျက်​တ​တိ​ယ​သား​ကို​လေ​ဝိ ဟူ​၍​နာ​မည်​မှည့်​လေ​သည်။-

35. သူ​သည်​နောက်​တစ်​ဖန်​ကိုယ်​ဝန်​ဆောင်​၍​သား တစ်​ယောက်​ကို​ဖွား​မြင်​ပြန်​လျှင်​သူ​က``ဤ တစ်​ကြိမ်​တွင်​ငါ​သည်​ထာ​ဝ​ရ​ဘု​ရား​၏ ဂုဏ်​တော်​ကို​ချီး​မွမ်း​မည်'' ဟု​ဆို​လျက်​စ​တုတ္ထ သား​ကို​ယုဒ​ဟူ​၍​နာ​မည်​မှည့်​လေ​သည်။ ထို နောက်​သူ​၌​သား​ဖွား​ခြင်း​ရပ်​စဲ​သွား​လေ​၏။

ကမ္ဘာ​ဦး 29