2. ထိုပြည်သို့ရောက်သောအခါလယ်ကွင်းထဲ၌သိုး စုသုံးစုဝိုင်းရံလျက်ရှိသောရေတွင်းတစ်တွင်းကို မြင်ရလေသည်။ ထိုသို့ဝိုင်းရံရခြင်းမှာသိုးစုများ ကိုထိုရေတွင်းမှရေတိုက်ရခြင်းကြောင့်ဖြစ်၏။ ရေ တွင်းအဝကိုကျောက်တုံးကြီးဖြင့်ပိတ်ထားသည်။-
3. သိုးစုများရေတွင်းအနားသို့ရောက်ရှိလာကြ သောအခါမှသာ သိုးထိန်းတို့သည်ထိုကျောက် တုံးကိုရွှေ့၍သိုးများကိုရေတိုက်လေ့ရှိကြ၏။ ထိုနောက်သူတို့သည် ကျောက်တုံးကိုရေတွင်းဝ ပေါ်သို့ပြန်တင်ထားလေ့ရှိကြ၏။
4. ယာကုပ်ကသိုးထိန်းတို့အား``အဆွေတို့၊ သင် တို့အဘယ်အရပ်ကလာကြသနည်း'' ဟုမေး သော်၊``ခါရန်မြို့ကလာကြပါသည်'' ဟုဖြေကြ၏။
5. တစ်ဖန်ယာကုပ်က``နာခေါ်၏သားလာဗန်ဆို သူကိုသိပါသလော'' ဟုမေး၏။``သိပါသည်'' ဟုပြန်ဖြေကြ၏။
6. နောက်တစ်ဖန်ယာကုပ်က``သူကျန်းမာပါ သလော'' ဟုမေး၏။သူတို့က``ကျန်းမာပါ၏။ ယခုပင်သူ၏သမီး ရာခေလသည်သိုးအုပ်နှင့်အတူလာနေပြီ'' ဟုဆိုကြ၏။
7. ယာကုပ်က``ယခုနေမြင့်သေးသဖြင့်သိုးအုပ် များကိုသိမ်းသွင်းရန်အချိန်မရောက်သေး။ သင် တို့သည်သိုးများကိုရေတိုက်ပြီးလျှင် စား ကျက်သို့ပြန်၍ပို့ဦးလော့'' ဟုပြောလေ၏။
8. ထိုအခါသူတို့က``ကျွန်ုပ်တို့ထိုသို့မပြု လုပ်နိုင်ပါ။ သိုးအုပ်အားလုံးဤအရပ်သို့ ရောက်ရှိ၍ကျောက်တုံးကိုရွှေ့ပြီးမှသိုးတို့ ကိုရေတိုက်ရပါသည်'' ဟုပြန်ဖြေကြ၏။
9. ယာကုပ်သည်သိုးကျောင်းသားတို့နှင့်စကား ပြောဆိုနေစဉ်ဖခင်၏သိုးတို့ကိုထိန်းကျောင်း ရသောရာခေလသည်သိုးအုပ်နှင့်အတူလာ နေ၏။-
10. ယာကုပ်သည်သူ၏ဦးရီးလာဗန်သိုးအုပ် နှင့်အတူရာခေလရောက်ရှိလာသောအခါ ရေတွင်းသို့သွား၍ကျောက်တုံးကိုရွှေ့ဖယ်ပြီး လျှင်လာဗန်၏သိုးတို့ကိုရေတိုက်လေ၏။-
11. ထိုနောက်သူသည်ရာခေလကိုနမ်း၍ ဝမ်း သာသောကြောင့်ငိုကြွေးလေ၏။-
12. သူက``ငါသည်ရေဗက္က၏သား၊ သင့်ဖခင်၏ ဆွေမျိုးရင်းချာဖြစ်သည်'' ဟုရာခေလအား ပြောလေ၏။ရာခေလသည်ပြေး၍ဖခင်အားထိုအကြောင်း ကိုပြောပြလေ၏။-