ကမ္ဘာ​ဦး 29:17-26 Common Language Bible (BCL)

17. လေ​အာ​သည်​မျက်​လုံး​မျက်​ဖန်​လှ​၏။ ရာ​ခေ​လ မူ​ကား​ကိုယ်​လုံး​ကိုယ်​ပေါက်​လှ​၍​ရှု​ချင်​ဖွယ် ကောင်း​၏။

18. ယာ​ကုပ်​သည်​ရာ​ခေ​လ​ကို​ချစ်​သ​ဖြင့်``ရာ​ခေ​လ နှင့်​ထိမ်း​မြား​ပေး​မည်​ဆို​လျှင်​ဦး​ရီး​ထံ​၌​ခု​နစ် နှစ်​အ​လုပ်​လုပ်​ပေး​ပါ​မည်'' ဟု​ပြော​လေ​၏။

19. လာ​ဗန်​က``ရာ​ခေ​လ​အား​အ​ခြား​သူ​တစ်​ယောက် နှင့်​ပေး​စား​ရ​သည်​ထက် သင်​နှင့်​ပေး​စား​ရ​သည် က​ပို​၍​သင့်​မြတ်​ပါ​မည်။ ငါ​နှင့်​အ​တူ​နေ​လော့'' ဟု​ဖြေ​ကြား​လေ​သည်။-

20. ယာ​ကုပ်​သည်​ရာ​ခေ​လ​ကို​ထိမ်း​မြား​နိုင်​ရန်​ခု​နစ် နှစ်​အ​လုပ်​လုပ်​၏။ သူ​သည်​ရာ​ခေ​လ​ကို​ချစ်​သော ကြောင့်​ထို​မျှ​သော​ကာ​လ​ကို​တို​တောင်း​သော အ​ချိန်​ဟူ​၍​ထင်​မှတ်​လေ​သည်။

21. ယာ​ကုပ်​က``အ​ချိန်​စေ့​ပါ​ပြီ။ ဦး​ရီး​၏​သ​မီး နှင့်​လက်​ထပ်​ခွင့်​ပေး​ပါ'' ဟု​လာ​ဗန်​အား​ပြော လေ​၏။-

22. ထို့​ကြောင့်​လာ​ဗန်​သည်​လက်​ထပ်​မင်္ဂလာ​ဧည့်​ခံ​ပွဲ ကို​ကျင်း​ပ​၍ ထို​ပွဲ​သို့​လူ​တိုင်း​အား​ဖိတ်​ကြား လေ​သည်။-

23. ထို​နေ့​ည​၌​လာဗန်​သည်​ရာ​ခေ​လ​အ​စား​လေ​အာ ကို ယာ​ကုပ်​ထံ​သို့​ပို့​သ​ဖြင့်​သူ​သည်​လေ​အာ​နှင့် အိပ်​လေ​၏။-

24. (လာ​ဗန်​သည်​မိ​မိ​၏​ကျွန်​မ​ဇိ​လ​ပ​ကို​လေ​အာ ၏​အ​ထိန်း​အ​ဖြစ်​ပေး​အပ်​လိုက်​၏။-)

25. မိုး​လင်း​ချိန်​ရောက်​မှ​ယာကုပ်​သည်​မိ​မိ​၏​မယား​မှာ လေ​အာ​ဖြစ်​ကြောင်း​သိ​ရ​လေ​သည်။ သူ​သည်​လာ​ဗန် ထံ​သို့​သွား​၍``အ​ဘယ်​ကြောင့်​ထို​သို့​ပြု​လုပ်​ရ​ပါ သ​နည်း။ ကျွန်ုပ်​သည်​ရာ​ခေ​လ​ကို​ရ​ရန်​အ​တွက် အ​လုပ်​လုပ်​ခဲ့​ပါ​သည်။ ကျွန်ုပ်​ကို​အ​ဘယ်​ကြောင့် လှည့်​စား​ပါ​သ​နည်း'' ဟု​မေး​လေ​၏။

26. ထို​အ​ခါ​လာ​ဗန်​က``ဤ​အ​ရပ်​ဒေ​သ​တွင်​သ​မီး အ​ကြီး​ကို​အိမ်​ထောင်​မ​ချ​မီ သ​မီး​အ​ငယ်​ကို အိမ်​ထောင်​ချ​သည့်​ထုံး​စံ​ဋ္ဌ​လေ့​မ​ရှိ​ပါ။-

ကမ္ဘာ​ဦး 29