17. လေအာသည်မျက်လုံးမျက်ဖန်လှ၏။ ရာခေလ မူကားကိုယ်လုံးကိုယ်ပေါက်လှ၍ရှုချင်ဖွယ် ကောင်း၏။
18. ယာကုပ်သည်ရာခေလကိုချစ်သဖြင့်``ရာခေလ နှင့်ထိမ်းမြားပေးမည်ဆိုလျှင်ဦးရီးထံ၌ခုနစ် နှစ်အလုပ်လုပ်ပေးပါမည်'' ဟုပြောလေ၏။
19. လာဗန်က``ရာခေလအားအခြားသူတစ်ယောက် နှင့်ပေးစားရသည်ထက် သင်နှင့်ပေးစားရသည် ကပို၍သင့်မြတ်ပါမည်။ ငါနှင့်အတူနေလော့'' ဟုဖြေကြားလေသည်။-
20. ယာကုပ်သည်ရာခေလကိုထိမ်းမြားနိုင်ရန်ခုနစ် နှစ်အလုပ်လုပ်၏။ သူသည်ရာခေလကိုချစ်သော ကြောင့်ထိုမျှသောကာလကိုတိုတောင်းသော အချိန်ဟူ၍ထင်မှတ်လေသည်။
21. ယာကုပ်က``အချိန်စေ့ပါပြီ။ ဦးရီး၏သမီး နှင့်လက်ထပ်ခွင့်ပေးပါ'' ဟုလာဗန်အားပြော လေ၏။-